Monday, December 9, 2013

လမ်းပြောင်းပြန်မောင်းသည့် ကားတိုက်မှုတွင် မိုးဟေကို၏မောင်ဖြစ်သူသေဆုံး

ရန်ကုန်- ရန်ကုန်ဆေးရုံကြီး အရေးပေါ် ဌာနအနီးရှိ မီးပွိုင့်တွင် လမ်းပြောင်းပြန်မောင်း လာသည့် ကားတစ် စီးနှင့် ၀က်သားတင်ဒိုင်နာ တိုက်မိ ၍ သေဆုံးသူနှစ်ဦးအနက် တစ်ဦးမှာ သရုပ်ဆောင် မိုးဟေကို၏ မောင်ဖြစ်ကြောင်း သတင်းရ ရှိသည်။
ဒီဇင်ဘာ ၆ ရက် နံနက် ၃ နာရီခွဲက ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း လသာ အမှတ် (၂)အထက် တန်းကျောင်း ဘက်မှ လမ်းပြောင်းပြန်မောင်းလာသည့် မတ်ခ်တူး အမျိုး အစားကားတစ်စီးသည် လမ်းမတော် လမ်းနှင့် မြို့မကျောင်းလမ်းမီးပွိုင့်အရောက်၌

မြို့မကျောင်းလမ်းဘက်မှ လမ်းမတော် ဘက်သို့မောင်း လာသည့် ၀က်သားခြမ်း များတင်လာသည့် ဒိုင်နာတစ်စီးနှင့်တိုက်မိခဲ့ခြင်းဖြစ်သည်။
“လမ်းပြောင်းပြန်မောင်းလာတဲ့ မတ်ခ်တူးကားပေါ်မှာ နာမည်ကြီးမင်းသမီးတစ်ယောက် ရဲ့အစ်ကို နဲ့ သူငယ် ချင်းတွေ ပါတယ်ပြော တယ်။ ဒဏ်ရာရထားတဲ့သူတွေကို အရေးပေါ်က လက်တွန်း လှည်းတွေနဲ့ လာသယ် ကြ တယ်။ ၀က်သားခြမ်းတွေသံဈေးလာပို့တဲ့ကားပေါ်ကဒရိုင်ဘာနဲ့  နောက် တစ်ယောက်တော့ ပွဲချင်း ပြီးသေ သွားတယ်”ဟု ယာဉ်တိုက်မှုဖြစ်ပွားသည့် နေရာအနီး တွင် နေ ထိုင်သူ အမျိုး သားကြီး တစ်ဦး ကပြော သည်။မိုးဟေကိုတွင် မောင်နှမသုံးဦးရှိပြီး အ ဆိုတော် လင်းယံနှင့် ယခုသေဆုံးသွားသည့် ကိုဖုန်းတို့ဖြစ်သည်။
မတ်ခ်တူး ကားပေါ်မှ ဒဏ်ရာရသူသုံးဦးမှာ ရန်ကုန်ဆေးရုံကြီးတွင် ဆေးဝါးကုသနေပြီး ၀က်တင်ဒိုင် နာပေါ်ပါ ၀က်ဒိုင်လုပ်သားနှစ်ဦး၊ ရေစက်မောင်းသူတို့မှာ ဒဏ်ရာအနည်းငယ်စီသာ ရရှိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုနှင့်ပတ်သက်၍ မတ်ခ်တူးယာဉ်မောင်းအား ယာဉ်ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၄ (က) /၃၃၈/ ၃၃၇/၂၇၄တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။
Photo- fb.com/linneain.thit

No comments:

Post a Comment