Monday, December 9, 2013

အတွေးအခေါ်မှန်ကန်စွာ ပြည်သူ့အကျိုးသယ်ပိုးကြပါ

နေပြည်တော်လူထု ဆန္ဒခံ ယူပွဲ တွင်  ဒေါ်စုကြည်ကိုယ်တိုင်
 အခြေ ခံ ဥပဒေပြုပြင် ပြောင်း လဲရေးကို လွှတ်တော်က ထိရောက်
စွာ မဆောင်ရွက်နိုင်ပါက ဆက် လက်ဆောင်ရွက်သွားမည့် အစီ အစဉ်များရှိကြောင်း၊ လူထု အင် အားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ တစ်ချိန်တည်း မှာပင်
လွှတ်တော် အတွင်းမှာလည်း ပုဒ်မ(၁၈)ဖျက်သိမ်းရေးကို တွန်းအားပေး ဆောင်ရွက်နေတာကို ကြည့်ခြင်းဖြင့်၊ ပုဒ်(၁၈)သည် အခြေခံ ဥပဒေပြင်ဆင်ရေးနှင့် တိုက်ရိုက်အချိုးကျနေပါသည်။ ပုဒ်မ(၁၈) ဖျက်သိမ်းလိုက်ပါက နိုင်ငံအတွက် မတွေးဝံ့ပါ။ ကျွန်တော်တို့ လူမျိုးသည် သွေးဆူလွယ် သည့်လူမျိုး၊ ပုဂ္ဂိုလ်စွဲအပေါ် ခင်မင်တွယ်တာသည့်လူမျိုး ဖြစ်ပါသည်။ ထိုအချက်များကို နိုင်ငံရေးသမားများက အသုံး ချ၍ လူထုအား လမ်းမပေါ်သို့ တွန်းတင်လိုက်ပါက တည်ငြိမ်နေသော နိုင်ငံသည် ဆူပူဆန္ဒပြမှုများနှင့် ပြည့်နှက်နေမည်ဖြစ်ပါသည်။ ဒါ့ကြောင့်လည်း သမ္မတကြီးမှ မင်းသားကြီးမလုပ်ရ ပတ်မကြီးထိုးဖောက်ချင်သည့် အောက်တန်းကျသောစိတ်ဓာတ် များ ပြုပြင်ဖို့လိုပြီဖြစ်ကြောင်း ပြောကြားသွားတာ တွေ့ရ ပါသည်။
ကျွန်တော်တို့လူထုမှာ နိုင်ငံရေးအသိ အားနည်းသည့်အပြင် ဒီမိုကရေစီ အလေ့အထများ နှင့် လည်း မရင့်ကျက်သေးသောအချိန်တွင် နိုင်ငံရေး ခေါင်းဆောင်များအနေနဲ့ ၎င်းတို့ အကျိုးစီးပွား အတွက် လူထုကို အသုံးမချသင့်သည့်အပြင် မလျော်သြဇာကိုလည်း အသုံးမချသင့်ပေ၊ လက် ရှိ မြန် မာ့နိုင်ငံရေးအနေအထားသည် ဖွံ့ဖြိုးတိုးတက်ရန် အခြေအနေကောင်းများကို ပိုင် ဆိုင်နေပြီဖြစ် ပါသည်။ ထိုသို့ အခြေအနေကို ရောက်ရှိနေပါလျက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးခေါင်း ဆောင်များ၊ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များသည် ဘာကြောင့်များ မစည်းလုံးနိုင်၊ မညီ ညွတ်နိုင်၊ ပူးပေါင်း၍ မဆောင်ရွက်နိုင်ဖြစ်နေရသလဲ၊ ကိုယ်ကျိုးစီးပွားများကို ဘေးချိတ်ပြီး နိုင်ငံအကျိုး အတွက် စည်းစည်းလုံးလုံးဖြင့် ၀ိုင်းဝန်း အကောင်အထည်ဖော်ပါက လူထုသည်ဆင်းရဲတွင်းမှ လွတ်ကင်း လာမည်မှာ မလွဲဧကန်ဖြစ်ပေ သည်။ လူထုလိုချင်သည်မှာလည်း ဆင်းရဲတွင်းကလွတ်ပြီး လူတန်းစေ့ နေထိုင်စားသောက် ပညာသင်ကြားနိုင်ရေးပင် ဖြစ်ပါသည်။ ဆရာဝန်တစ်ယောက် ဆေးကုသမှုမှားပါက တစ်ယောက် ဘဲ သေစေနိုင်ပြီး နိုင်ငံရေးခေါင်းဆောင်တစ်ဦး၊ အတွေးအခေါ်အယူအဆ မှားယွင်းပြီး ဆုံးဖြတ် ချက် ချခဲ့ပါက လူသန်းပေါင်းများစွာ ဒုက္ခရောက်ရမည်ဖြစ်သဖြင့် နိုင်ငံရေးခေါင်းဆောင်များ အနေဖြင့် မိမိအကျိုးစီးပွားနှင့် ဆန္ဒများကို ချိုးနှိမ်ပြီး အများအကျိုးဆောင်ရွက်နိုင်ရေး၊ မှန် ကန်သော ဆုံးဖြတ်ချက်များ ပူးပေါင်းဆောင်ရွက်မှုများဖြင့် လူထုကို အကျိုးပြုနိုင်ကြ ပါစေကြောင်း ရေးသားလိုက် ရပါသည်။

ကိုဇော်ကြီး

 .. www.MyanmarExpress.net

No comments:

Post a Comment