Monday, December 16, 2013

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊စည်းပွါးရေးပြုပြင်ပြောင်းလဲမှုများအား ဂျပန်နိုင်ငံ အပြည့်အ၀ထောက်ခံ

From: EMG
ဂျပန်ရင်းနှီးမြှုပ်နှံသူများအတွက်
ပိုမိုခိုင်မာသော ကာကွယ်မှုများနှင့်
တည်ငြိမ်သောဥပဒေစောင့်ရှောက်
မှု ရရှိရန် အချက်များ ပါဝင်သည့်
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူ
စာချုပ် တစ်ရပ်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ ဒီဇင်ဘာ ၁၅ ရက်တွင် တိုကျိုမြို့၌

လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။
တိုကျိုမြို့ နိုင်ငံတော်ဧည့်ရိပ်သာတွင် ဒီဇင်ဘာ ၁၄ ရက်က ဂျပန်-အာဆီယံ ဆက်ဆံမှု နှစ် (၄၀) ပြည့် အထိမ်းအမှတ် ထိပ်သီးဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး မြန်မာ-ဂျပန် ထိပ်သီးအစည်း အဝေး ကို ဒီဇင်ဘာ ၁၅ ရက်၌ ကျင်းပခဲ့ရာတွင် ယခုသဘောတူညီချက်ကို လက်မှတ်ရေး ထိုးခဲ့ ကြခြင်း ဖြစ်သည်။
နိုင်ငံတကာ စည်းမျည်းစည်းကမ်းများနှင့်အညီ အခြားနိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ ကဲ့သို့ပင် ဂျပန်ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ကာကွယ်မှုများ ရရှိရန်အပြင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် လိုအပ်သည့် အရာများအတွက် ပစ္စည်းတင်ပို့မှု၊ နည်းပညာ လွှဲပြောင်းမှုနှင့် အခြားလိုအပ်ချက် များ အပေါ် အခွန်စည်းကြပ်မှု မလုပ်ဆောင်ရန် သဘောတူစာချုပ်တွင် ဖော်ပြထားကြောင်း သိ ရသည်။
ထို့ပြင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများအတွက် ပွင့်လင်းမြင်သာမှု ပိုမိုဖြစ်စေရေးကိုလည်း အဆို ပါ စာချုပ်တွင် ဖော်ပြထားသည်။
ဂျပန်သည် မြန်မာနိုင်ငံ၏ အကြီးဆုံး အလှူရှင်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံတွင် တင်ရှိနေသည့် ကြွေး မြီ ဒေါ် လာ ၅ ဒသမ ၃၂ ဘီလျံ ပယ်ဖျက်ခဲ့ကာ ချေးငွေများကို ထပ်မံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဂျပန်ဝန်ကြီးချုပ် အာဘေးက မိမိတို့အနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင် ရာ ပြုပြင်ပြောင်းလဲမှုတို့တွင် ပုဂ္ဂလိက ကဏ္ဍနှင့် အများပြည်သူ ကဏ္ဍတို့မှ အကူအညီ ပေးသွား မည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ဂျပန်နိုင်ငံ၏ စီးပွားရေးများကို အထောက်အပံ့ဖြစ်စေမည့် အခြေခံ အဆောက်အအုံ ကဏ္ဍနှင့် အဓိက ဖွံ့ဖြိုးရေး အစီအစဉ်များအတွက် ချေးငွေများ ထပ်မံပေး သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၁၉၈၈ ခုနှစ် စစ်အာဏာမသိမ်းမီ ကာလက ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား နီးကပ်သော ဆက်ဆံမှုများ ရှိခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် အမေရိကန်နှင့် အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ရာတွင် ဂျပန်နိုင်ငံက ပါဝင်ခဲ့ခြင်း မရှိသော်လည်း စီးပွားရေးအရ ဆက်ဆံမှု အများအပြားကို ရပ်ဆိုင်းခဲ့ပြီး အစိုးရ အကူအညီများကို ဖြတ်တောက်ခဲ့သည်။
ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုသည် လက်ရှိအချိန်တွင် တရုတ်၊ အိန္ဒိယနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးနေသေးပြီး Mitsubishi Corp.၊ Marubeni Corp. နှင့် Sumitomo Corp. တို့သည် အကျယ်အ၀န်း ဧက ၅၉၀၀ ရှိသော သီလ၀ါ အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

No comments:

Post a Comment