Saturday, December 14, 2013

ဂုဏ်ယူဝင့် ကြွားမြန်မာပြည်သားဟုဖော်ပြနိုင်ခဲ့သည့်ဆီးဂိမ်းဖွင့်ပွဲ

ခမ်းနားလှပါတယ်။ ဂုဏ်ယူ ဖွယ်ကောင်းလှတယ်။ ဒါငါတို့လုပ် ခဲ့တယ်လို့ ကမ္ဘာကိုပြနိုင်ခဲ့သလို
မြန်မာ့ အလှ၊ မြန်မာ့စိတ်ထား၊ မြန်မာ့ရိုးရာယဉ်ကျေးမှု လွှမ်းခြုံ သင်းပျံ့တဲ့(၂၇)ကြိမ်မြောက် ဆီး ဂိမ်း ဖွင့်ပွဲဟာ ဟေ့ ဒါမြန်မာကွလို့ ဂုဏ်ယူဝင့်ကြွားနိုင်ခဲ့တာသက်သေ ပြခဲ့ပါပြီ။
ကြည့်စမ်းပါ။ ဒီဆီးဂိမ်းဖွင့်ပွဲ ကြီးကတင်ဆက်မှုတွေဟာအတိတ် သမိုင်းကြောင်းကို သတိရစေခဲ့ သလိုအခုပစ္စုပ္ပန်နဲ့အနာဂတ်အတွက် လည်း အားဖြစ်စေခဲ့ပြီ။ စောင်း၊ ပတ္တလား မြန်မာ့တူရိယာအစုံ အလင် ပုဂံခေတ်၊ အင်းဝခေတ် ဟန်ပန်တွေထုံမွမ်းထားတဲ့ ဒီဖွင့်ပွဲ က သမိုင်းကြောင်းတစ်လျှောက် ယဉ်ကျေးမှုဘယ်လောက် ထွန်း တောက်ခဲ့တယ်ဆိုတာ ပြောမပြ တတ်အောင် ဂုဏ်ယူခဲ့ပါပြီ။
ပရိသတ်များအတွက် ထိုင်ခုံ ၃ဝဝဝဝပါဝင်တဲ့နိုင်ငံတကာအဆင့် အတန်းမီ ဝဏ္ဏသိဒ္ဓိအားကစား ကွင်းထဲက ဒီဖွင့်ပွဲမှာ အဓိကပါဝင် တင်ဆက်ခဲ့တဲ့လူငယ်၈၅ဝဝကျော် ရဲ့ ညီညာတက်ကြွတဲ့ ဖျော်ဖြေ တင်ဆက်မှုတွေက မြန်မာ့အလှ တရားကို ပိုပြီးအသက်ဝင်စေခဲ့ သလို ကြီးမားတဲ့ရောင်စုံ LED မီးတွေ၊ ဆန်းပြားလှပတဲ့ မီးရှူး မီးပန်းတွေကလည်း ကြည့်ရှုသူ ရဲ့ အသည်းဘဝင်ကို စွဲငင်နိုင်ခဲ့ ပါတယ်။
''ဒီဖွင့်ပွဲကို ကြည့်ချင်လို့ မော်လမြိုင်ကနေလာခဲ့တာ။ ပွဲမစ မီကတည်းက ရင်တွေခုန်နေတာ၊ အခုတော့ ဘယ်လိုပြောရမှန်းမသိ ဘူး။ ဝမ်းသာလွန်းလို့ ငိုတောင် ငိုမိတယ်''လို့ အသက်(၃၈)နှစ် အရွယ်မသင်ဇာလွင်ကပြောပါတယ်။

၄၄ နှစ်ကြာပြီးချိန်မှာ တတိယအကြိမ်အိမ်ရှင်အဖြစ် တာဝန်ယူနိုင် ခဲ့တဲ့ (၂၇)ကြိမ်မြောက်ဆီးဂိမ်းရဲ့အစီအစဉ်တစ်ခုစီတိုင်းမှာ ရှုမငြီးနိုင်တဲ့၊ အသက်ရှူခြင်းကို
ခေတ္တရပ်သွားလောက်တဲ့ ခမ်းနားလွန်းလှတဲ့ ရိုးရာ ယဉ်ကျေးမှုတွေကို ကွင်းအတွင်းက ၃ဝဝဝဝ နီးပါးသော ပရိသတ်ကို သာမက ကမ္ဘာအရပ်ရပ်က တိုက်ရိုက်ကြည့်ရှုသူအပေါင်းလည်း အံ့သြ မှင်တက်စေမိမှာ အမှန်ပါပဲ။ အစိုးရ၊ ပါတီတွေနဲ့ ပြည်သူကြားထဲမှာ နိုင်ငံရေးအရအမြင်ကွဲပြားမှု တွေရှိနေမယ်ဆိုရင်တောင် အခုကျင်းပတဲ့ဆီးဂိမ်းဟာ လက်ရှိအာဏာရ အစိုးရတစ်ခုတည်းကို ကိုယ်စားပြုတာမဟုတ်ဘဲ နိုင်ငံကိုကိုယ်စားပြုတဲ့ ပွဲဖြစ်တာမို့ ကျွန်တော်တို့ပြည်သူတွေအတွက် သိပ်ကိုဂုဏ်ယူစရာကောင်း လှပါတယ်။အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးမှာ ၁၁ နိုင်ငံက အားကစား သမား ၅ဝဝဝ ကျော်က ကစားနည်းပေါင်း ၃၃ မျိုးကို ယှဉ်ပြိုင်နေတာ ဖြစ်ပြီး ရွှေတံဆိပ် ၄၆ဝ ချီးမြှင့်မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မြန်မာ ကတော့ ဒီဇင်ဘာ ၁၁ရက်ပြီးဆုံးချိန်အထိ ရွှေ ၁၈ ခု၊ ငွေရှစ်ခု၊ကြေး၁ဝခု တို့ကိုရယူထားပြီး ပထမနေရာမှာရှိနေပါတယ်။ ခေတ်အဆက်ဆက် ကတည်းက ဘာသာယဉ်ကျေးမှုတွေ ဘယ်လောက်ထွန်းကားခဲ့သလဲ။ အနော်ရထာကစခဲ့တဲ့မြန်မာ၊ ဒါတွေကို တောတောင်သဘာဝသယံဇာတ အလှတွေနဲ့ ကိုယ့်ထီးကိုယ့်နန်းမှာ ဘာသာယဉ်ကျေးမှုခိုင်မာစွာနဲ့ နေလာ ခဲ့တာကို ပထမမြန်မာနိုင်ငံတော်ကစလို့ လှစ်ဟပြလိုက်တဲ့ ဒီဇင်ဘာ ၁၁ ရက်ညမှာကျင်းပခဲ့တဲ့ ဖွင့်ပွဲကြီးက ဂုဏ်ယူဖွယ်အောင်မြင်ခဲ့ပါပြီ။
၁၉၅၉ ခုနှစ်မှာစတင်ကျင်းပတဲ့ ယခင်ကျွန်းဆွယ်ပြိုင်ပွဲလို့ခေါ် တွင်ခဲ့တဲ့ အခု(၂၇)ကြိမ်မြောက်မှာတော့ မြန်မာအနေနဲ့ ဆုတံဆိပ်တွေ ဘယ်လောက်များထပ်မံရယူနိုင်ဦးမယ်၊ ပြီးတော့ ဖွင့်ပွဲထက် နောက် လာမယ့်ပိတ်ပွဲအခမ်းအနားကြီးက ဘယ်လောက်ထိခမ်းနားဆန်းပြားပြီး ဖွင့်ပွဲ အခမ်းအနားထက် ဘယ်လောက်ထိ သာလွန်သွားမလဲဆိုတာ ကတော့ ဒီဇင်ဘာ ၂၂ ရက်မှာ ရင်သပ်ရှုမောဖွယ် စောင့်မျှော်ကြည့်ရှု ရဦးမှာပါ။

No comments:

Post a Comment