Thursday, January 22, 2015

ငြိမ်းချမ်းရေး လိုချင်ရဲ့လားဟု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို တပ်ချုပ်မေးခွန်းထုတ်

တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးစာချုပ်ဆိုင် ရာ ညှိ နှိုင်းမှုများ နှောင့်နှေးနေခြင်း မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပေါ် တွင် သာ မူတည်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားလိုက်ပြီး အမှန် တ ကယ် ငြိမ်းချမ်းရေးလိုချင်ရဲ့လား ဟု လည်း မေးခွန်းထုတ်လိုက် သည်။
စင်ကာပူ သတင်းဌာန စီ အင်န်အေနှင့် သီးသန့် အင်တာဗျူး ၌ တပ်မတော်ကာ ကွယ်ရေးဦးစီး ချုပ်က ယင်းကဲ့သို့ ဖြေကြား လိုက် ခြင်း ဖြစ်သည်။
‘‘ဒါက လက်နက်ကိုင်တိုင်း ရင်းသားအဖွဲ့တွေအပေါ် မူတည် ပါတယ်။ သူတို့တကယ် ငြိမ်းချမ်း ရေး

လိုချင်သလား။ သူတို့တကယ်ငြိမ်းချမ်းရေးလိုချင်ရင်၊ မရစရာ ဘာအကြောင်းမှ မရှိဘူး။ ဒီမို က ရေစီ လမ်းစဉ်အတိုင်း သူတို့သွား ချင်ရင် သူတို့ဒေသမှာ စည်းလုံး မှုနဲ့ ဖွံ့ဖြိုးတိုး တက် မှု ဖြစ်ပေါ် အောင် သူတို့ဆန္ဒရှိရင် ဒီလမ်းစဉ်ကို သူတို့ရွေးချယ်နိုင်တယ်။ ကျွန် တော် တို့ ငြင်းခုံ မနေနိုင်ဘူး။ အ ငြင်းပွားမှုတွေက တိုင်းပြည်ရဲ့ ဖွံ့ ဖြိုးတိုးတက်မှု ကို နှောင့်နှေးစေ ပါတယ်’’ ဟု ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောကြားသည်။
တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များသည် ပြည်တွင်းစစ် အဆုံးသတ်ရန် ဆန္ဒအပြည့်အ၀မရှိနိုင် ဟု တပ်မတော်က ယူ ဆထားကြောင်း စီအင်န်အေက ဖော်ပြသည်။ တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အချို့အနေဖြင့် စည်းမျဉ်းစည်းကမ်းများကို ဆန့်ကျင် ချိုးဖောက်ကြောင်း၊ ထို့ကြောင့် ပင် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်စေကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က ပြောသည်။
တစ်ဖက်တွင်လည်း NCCT အဖွဲ့ဝင်လည်း ဖြစ်၊ ချင်းအမျိုး သားတပ်ဦး (CNF)၏ အဓိပတိ
ကောင်စီဝင်လည်းဖြစ်၊ တိုင်းရင်း သားလူမျိုးများ ကောင်စီ (ENC) ဥက္ကဋ္ဌလည်းဖြစ် သည့် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ‘‘ငြိမ်းချမ်းရေးအတွက် ကျွန်တော် တို့ အမှန် တကယ် ဆန္ဒရှိကြတယ်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲ ရေး သဘောတူညီချက်အတွက် ကျွန်တော် တို့ တကယ့်ကိုအမှန်ကိုဆန္ဒရှိကြတယ်။ ကြည့်စမ်းပါဦး ဗျာ၊ ကျွန်တော်တို့က ဒီတစ်နိုင်ငံ လုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲရေးစာချုပ်ကို အဆိုပြုခဲ့ပြီး ရေးဆွဲခဲ့တဲ့သူတွေပါ။ သမ္မတ ဦးသိန်းစိန်အာဏာရတာနဲ့ ကျွန် တော်တို့ ကြေညာချက်တစ်စောင် ထုတ်ခဲ့တယ်။ တွေ့ဆုံဆွေးနွေး ပွဲလုပ်ဖို့ တောင်းဆိုခဲ့တယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်အတွက် တောင်းဆိုခဲ့တယ်’’ ဟု စီအင်န်အေအား ပြောကြားသည်။
လာမည့် ဖေဖော်ဝါရီ ၁၂ ရက်(ပြည်ထောင်စုနေ့)တွင် တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ကို လက်မှတ်ရေးထိုးရေး အစိုးရထံအဆိုပြုခဲ့ကြောင်း NCCTဘက်က ပြီးခဲ့သည့် ဒီဇင်ဘာအ စည်းအဝေးတွင် သတင်းထောက် များအား ပြောခဲ့သည်။ ယင်းနောက် ဇန်န၀ါရီ ၄ ရက် (လွတ်လပ်ရေးနေ့) ဗိုလ်ရှုခံ အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန်ကပါ ပြည်ထောင်စုနေ့ ၌ NCA ရေးထိုးရန် အသားပေးတိုက်တွန်းပြောကြားခဲ့ပြန်သည်။
သို့သော် ကချင်ပြည်နယ်တွင် လောလောဆယ် ပြန်လည်ဖြစ်ပွားနေသောတပ်မတော်နှင့် ကေအိုင်
အေကြားတိုက်ပွဲများ က မြန်မာ့ငြိမ်းချမ်းရေး၏ ထိလွယ် ရှလွယ် အခြေအနေကို ဖော်ပြ သည့် လက္ခဏာတစ်ရပ်အဖြစ် ပေါ်ထွက်လာသည်။
၂၀၁၄ စက်တင်ဘာက ပြုလုပ်ခဲ့ သည့် UPWC နှင့် NCCT နှစ်ဖက် ကြား တရားဝင် ခြောက်ကြိမ် မြောက် ဆွေးနွေးပွဲနောက်ပိုင်း တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ရှေ့ မတိုး သာသည့် အခြေအနေ ဖြစ်သွားပြီဟူသည့် ဝေဖန်သံများ ထွက်ပေါ်ခဲ့သည်။ ယင်းနောက်တွင် နှစ်ဖက်အလုပ်အဖွဲ့များ ငါးကြိမ် တွေ့ဆုံခဲ့ကြသည်။ NCA ပါ အ ချက်ပေါင်း (၁၁၂)ချက်အနက် စာ ချုပ်ချုပ်ဆိုနိုင်ရန် ထပ်မံညှိနှိုင်းရ မည့် အချက်မှာ ဒီဇင်ဘာဆွေးနွေး ပွဲအပြီး တွင် သုံးချက်သာ ကျန်ရှိ တော့၍ ယင်းတို့မှာ ကြားကာလ တပ်နေရာချထားရေးဆိုင်ရာနှင့် ဆက် စပ်သည့် အချက်များ ဖြစ်နေသည်။

No comments:

Post a Comment