Friday, January 16, 2015

ကေအိုင်အေ ခွင့်ပြုချက်ဖြင့်သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသားများကို ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးပုဒ်မဖြင့် တရားစွဲ



ကချင်ပြည်နယ်၊ ၀ိုင်း မော်မြို့နယ်အတွင်း ကေအိုင်အေခွင့်ပြုချက်ဖြင့်တရားမ၀င် သစ်မှောင်ခို}
လုပ်ငန်းလုပ်ကိုင်မှု ဖြင့် ဖမ်းဆီးထားသော မြန်မာနိုင်ငံ သားနှင့် တရုတ်နိုင်ငံသား စုစု ပေါင်း ၁၅၀ ခန့်ကို ပြည်သူပိုင် ပစ္စည်း ကာကွယ်စောင့်ရှောက် ရေးဥပဒေဖြင့် ၀ိုင်းမော်မြို့နယ် တရားရုံးတွင် တရားစွဲဆိုထား ကြောင်း ကချင်ပြည်နယ်အခြေ စိုက်အာဏာပိုင်များထံမှ သတင်း ရရှိသည်။
‘‘လောလောဆယ်တော့ ဒီ ပုဒ်မနဲ့ ဖွင့်ထားပါတယ်။ လ၀က ကလည်း သူတို့ဥပဒေနဲ့ အရေး ယူဖို့ ပြင်ဆင်နေပါတယ်။ မူးယစ် ဆေးဝါးရော၊ ငွေတွေပါ ဖမ်းမိ တော့ သက်ဆိုင်တဲ့သူတွေက ဒီဥပဒေနဲ့ တရားစွဲခံရဦးမှာပါ’’ဟု ၀ိုင်းမော်မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖမ်းဆီးရမိသူ မြန်မာနိုင်ငံ သားနှင့် တရုတ်နိုင်ငံသားများ သည် ယခုအခါ မြစ်ကြီးနား ထောင်သို့
ရောက်ရှိနေပြီး ကျန်တရုတ်နိုင်ငံသား ခုနစ်ဦးကို သက်ဆိုင်ရာ ၀န်ကြီးဌာနသို့ တပ်မတော်က ယနေ့အချိန်ထိ လွှဲပြောင်းအပ် နှံခြင်းမရှိသေးကြောင်း ဒေသအာ ဏာပိုင်များမှ သတင်းရရှိသည်။
ဖမ်းဆီးရမိသူများသည် တရားမ၀င် နေထိုင်မှုကြောင့် လ၀က ဥပဒေဖြင့်ပါ ပြစ်ဒဏ်ကျခံရမည် ဖြစ်သည်။ လက်ရှိတွင် တရုတ်နိုင်ငံသားများသည် လ၀က ဥပဒေနှင့် ငြိစွန်းသော်လည်း ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်ဟု သတင်းရရှိသည်။
တရုတ်နိုင်ငံသားနှင့် မြန်မာ နိုင်ငံသားများကို စွဲဆိုထားသော ဥပဒေသည် ရဲအရေးပိုင် အမှုဖြစ်ပြီး အာမခံ၍မရသည့်အမှု ဖြစ်ကာ ပြစ်ဒဏ်ခုနစ်နှစ်ကျခံနိုင် သည့် ပုဒ်မဖြစ်သည်ဟု ရှေ့နေ ဦးခင်ဇော်က ပြောသည်။
‘‘လက်ဝယ်ထားရှိ၊ ခိုးယူ တာ၊ အလွဲသုံးစား၊ ဖျက်ဆီးတာ မျိုးတွေဟာ ဒီပုဒ်မနဲ့ ငြိစွန်းပါ တယ်’’ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
ဖမ်းဆီးစဉ် မူးယစ်ဆေးဝါး များပါ ယှဉ်တွဲပါရှိသောကြောင့် သုံးစွဲထားပါက ပုဒ်မ ၁၅ ဖြင့် ထောင်ဒဏ် သုံးနှစ်မှ ငါးနှစ်ကျခံ ရမည်ဖြစ်ပြီး လက်ဝယ်ထားရှိသူ ဖြစ်ပါက ထောင်ဒဏ်အနည်းဆုံး ငါးနှစ်မှ ဆယ်နှစ်၊ တစ်သက်တစ် ကျွန်းနှင့် သေဒဏ်အထိ ချမှတ်နိုင်သည်ဟု သိရှိရသည်။

ဖမ်းဆီးရရှိသူများသည် မြန် မာပိုင်နက်နယ်မြေအတွင်း လူ အင်အားတစ်ရာကျော်ဖြင့် သယံ ဇာတခိုးယူနေ၍ မြန်မာနိုင်ငံအချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်သောကြောင့် ဂရုစိုက်ကိုင်တွယ်ဖြေရှင်းရမည်ဟု နိုင်ငံရေးစောင့်ကြည့်လေ့လာသူများက ဝေဖန် သုံးသပ်ကြသည်။
ကချင်ပြည်နယ်၌ ဇန်န၀ါရီ ပထမပတ်အတွင်း သစ်ခိုးထုတ်မှုဖြင့် ဖမ်းဆီးရရှိသူ တရုတ်နိုင်ငံ သားများကို မှန်မှန်ကန်ကန်နှင့် မျှ မျှတတ ကိုင်တွယ်ဆောင်ရွက်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန က မြန်မာနိုင်ငံထံ
တောင်းဆိုထား သည်ဟု သတင်းရရှိသည်။
‘‘တရုတ်ကို လွှဲပေးတာ မရှိ သေးပါဘူး။ အခု သူတို့ မြစ်ကြီး နားအကျဉ်းထောင်ကို ရောက်နေ ပြီ’’ဟု ၀ိုင်းမော်မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ သစ်မှောင်ခိုစခန်း တွင် မြန်မာနိုင်ငံ ၁၉ ဦးနှင့် တရုတ်နိုင်ငံသား ၁၂၅ ဦးအပြင် မူးယစ် ဆေးဝါးများ၊ တရုတ်ယွမ်ငွေနှင့် ယာဉ်ယန္တရား ၅၀၀ ကျော်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးရမိသူများသည် က ချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ ၀ါ ရှောင်၊ မံဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန်ယန်၊ ဆဒုံးဒေသတို့တွင် တပ်မတော်လေကြောင်းကင်း ထောက်မှုဖြင့် ဇန်န၀ါရီ ၂ ရက်မှ ၁၁ ရက်အထိ ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။

7  Days





No comments:

Post a Comment