Friday, January 16, 2015

လက်တို့ပြီးတော့ ပြောရအုံးမယ်

ခင်ဗျားတို့သိအောင်ပြောပြရဦးမယ်။
စစ်သားတွေက မိုက်ရိုင်းတယ်။
စစ်ဗိုလ်တွေက စာမတတ်ဘူး။
ရဲတွေက သူတောင်းစားတွေ။
စည်ပင်တွေက သူခိုးတွေ။
ကျောင်းဆရာမတွေက ငွေမက်တယ်။စာမသင်တတ်ဘူး။
တရားသူကြီးတွေ အဂတိလိုက်စားတယ်။
မီးသတ်တွေ သောက်လုပ်မလုပ်ဘူး။
အစိုးရဆေးရုံက နာစ်မတွေကလည်း ဟောက်စားတွေ၊ လူနာတွေဆီက ငွေညှစ်တဲ့ မိန်းမယုတ်ကြီးတွေလေ။
ဘွဲ့ရပညာတတ်တွေက ဆိုက်ကားနင်း ၊ရေစည်တွန်းနေရတယ်။
ဒါကြောင့် ဘွားဘွားစုက ကျောင်းသားတွေ နိုင်ငံရေး လုပ်ပါ၊လမ်းပေါ်ထွက်ကြပါလို့ ဆုံးမတာ။
အရှင်ဝီရသူလို ၉၆၉တို့၊အမျိုးဘာသာ သာသနာတို့လုပ်တဲ့၊မျိုးစောင့်ဥပဒေလုပ်တဲ့ဘုန်းကြီးတွေက သံဃာအတုအယောင်တွေ။
ကုလသမဂ္ဂမှာ ဘာသာပေါင်းစုံညီလာ ခံတိုင်း ထေရဝါဒဗုဒ္ဓဘာသာကိုယ်စားလှယ်အဖြစ် အမြဲတမ်းမိန့်ခွန်းတွေတတ်ပြောနေရတဲ့ ဗုဒ္ဓတက္ကသိုလ်တွေဖွင့်တဲ့ သီတဂူဆရာတော်ကြီးကို ဆဲကြဆိုကြတာကလည်း ဒီမိုကရေစီအတွက် တိုက်ပွဲဝင်တာပဲပေါ့ဗျာ။
ကုလားကို ကုလားလို့ခေါ်တာက မိမဆုံးမ ဖမဆုံးမတွေပဲ။တကယ္က အစၥလာမ္ဘာသာ
ဆိုတာ မေတ္တာတရားကိုအခြေခံထားလို့အရမ်းအေးချမ်းတဲ့ဘာသာ။ဗုဒ္ဓဘာသာအစွန်းရောက်တွေက သက်သက်ရန်ရှာနေတာ။
မိုင်းကျလို့ KIAဗိုလ်သင်တန်းကျောင်းကသူပုန်ပေါက်စလေးတွေက သူရဲကောင်းတွေလေ၊ အာဇာနည်ကုန်းမှာ သဂြုင်္ိလ်ပေးရမှာ။ဗိုလ်ချုပ်ဂွမ်မော်ကြီးကလည်း မြန်မာပြည်သူတွေကို အရမ်းချစ် လို့ ငြိမ်းချမ်းရေးအတွက် ဗမာစစ်တပ်လေးကို မတိုက်ပဲထားထားတာလေ၊ သနားလို့တဲ့။သူသာတိုက်ချင်ရင် ငှက်ပျော်သီးအခွံနွာသလောက်မခက်ပါဘူးတဲ့။
ပြီးတော့ တပ်မှာ မီတာပုံးတွေ ခိုးရောင်းလို့ထောင်ကျပြီးထွက်လာတဲ့ ဗိုလ်ကြီးဟောင်း တစ်ယောက်လေ။ကိုနေမျိုးဇင်ဆိုတာ။သူကမှတကယ့်ပြည်သူ့တပ်မတော်သားကြီးဗျာ။ ကျွန်တော်အရမ်းလေးစားတာ။ကျန်တာတွေကတော့ အလကားစစ်ခွေးတွေရယ်ပါ။
သြော် မေ့လို့ ထောင်ကျတာကလည်း ဂုဏ်ယူစရာကြီးပဲဗျာ၊တခြားလူတွေအားကျရင် လေ့လာ ဖို့ ထောင်ထွက်တွေရဲ့ ထောင်တွင်းနေ့ရက်များအမှတ်တရစာအုပ်တွေထွက်နေ တယ် ဝယ်ဖတ်သင့်တယ်နော့်။
ဒါနဲ့ဟိုတနေ့က မိန်းမကြီးတစ်ယောက် ရဲကို တုတ်နဲ့ပြေးရိုက်တာလည်းလေ အဲဒါဒီမိုကရေစီ
အရေးလှုပ်ရှားမှုတစ်ခုပဲပေါ့ဗျ။

စကားမစပ်ဗျာ..
အခု ဒီမိုကရေစီခေတ်ရောက်တော့ အရင်ကလို ဆင်ဆာတွေမဖြတ်တော့လို့လေ မြန်မာရုပ်ရှင်တွေ အဆင့်အတန်းအရမ်းမြင့်လာတယ်ဗျ။ဗီဒီယိုတွေရော၊မော်ဒယ်တွေရောပဲ။ဒီနှစ်အကယ်ဒမီပေးပွဲကြီးကလည်း တကယ်သိ တကယ်တတ်တဲ့အနုပညာရှင်တွေချည်းဦးစီးလုပ်ထားတော့ အရင်ကလို အစိုးရကဦးစီး လုပ်တာထက် ပိုပြီးကောင်းသွားတယ်လေ။
ဒါတွေထက် ပိုအရေးကြီးတဲ့အမှန်တရားတွေရှိသေးတယ်။အဲဒါတွေက_
၂၀၁၅မှာ ဒေါ်အောင်ဆန်းစုကြည်မှ သမ္မတမဖြစ်ရင် ဒီမိုကရေစီစစ်စစ်မဟုတ်ဘူးဗျ။
၄၃၆နဲ့၅၉(စ)ကို ပြင်ဖို့လက်မှတ်မထိုးရင် အရှက်နဲ့သိက္ခာမရှိတဲ့ တာဝန်မကျေသောပြည်သူတွေ ပဲဗျ။
တကယ်တော့ဗျာ စုနိုင်မှချမ်းသာမှာဗျ။သိလား။ဘိုးဘိုးအောင်တို့၊ဘိုးမင်းခေါင်တို့ထက် ဘွားဘွားစုက ပိုအစွမ်းထက်တယ်။တကယ်ပြောတာ။အဲဒါကြောင့် တခါတုန်းက အရှင်ဆန္ဒာဓိက တို့လို သံဃာတော်တွေနဲ့ယှဉ်ပြီးထိုင်တာပေါ့ဗျ။NLDက ပညာရှိကြီးတွေဆို သူ့ကိုထိုင်ရှိခိုးကြတာ။တချို့ ဒီမိုကြီးတွေကလည်း ဘုရားစင်မှာထားထားတယ်။ကျွန်တော်တောင် အခု အုန်း၊ငှက်ပျော်နဲ့ ကန်တော့်ပွဲတင်ဖို့ စဉ်းစားနေတယ်။
သေချာသိထားဖို့လိုတာကတော့ မီဒီယာသမားတွေ ဘာပြောပြော ပြောသမျှက ၏ သည် ၍ မလွဲ အားလုံးအမှန်တရားတွေချည်းပဲ။မယုံ မရှိနဲ့။တကယ်ကြီးရယ်။

ပြီးတော့ မီဒီယာသမားဆိုတာ ရဲမှူးလောက်အဆင့်ကို ပါးရိုက်လို့ရတယ်ဗျာ။အဲဒါ မီဒီယာကျင့်ဝတ်ပဲ။နိုင်ငံတစ်နိုင်ငံမှာ စစ်တပ်မရှိလို့ဘာမှမဖြစ်ဘူး။မီဒီယာသမားတွေမရှိရင် တိုင်းပြည်ပျက်သွားလိမ့်မယ်။အဲဒါကြောင့် စစ်တပ်စက်ရုံကို ဓာတ်ပုံဝင်ရိုက်ပြီး ဂျာနယ်ထဲထည့်တာပေါ့။မီဒီယာသမားဆိုတာဘာမဆိုသိခွင့်ရှိတယ်၊ရေးခွင့်ရှိတယ်လေ။နိုင်ငံတော်လုံခြုံရေးတို့ တားမြစ်နယ်မြေတို့ဆိုတာ မီဒီယာသမားအတွက်မရှိဘူး။ကြိုက်တဲ့နေရာကို တံခါးမရှိ ဓားမရှိဝင်လို့ရတယ်။တကယ်လို့ သတင်းထူးလောက်မယ်ထင်ရင် ခင်ဗျားခြံထဲဝင် ခင်ဗျားတို့လင်မယားအိပ်ခန်းထဲအထိ ဓာတ်ပုံ/ဗီဒီယိုလိုက်ရိုက်လို့ရတယ်။မီဒီယာသမား
ဆိုတာ တခါတလေ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့တော့ အသင့်ရှိရတယ်။ဒါကြောင့် ကိုပါကြီးက M-16ကို အမြဲလွယ်ထားတာ။အခုတော့ စစ်ခွေးကိုက်လို့ သေရှာလေပြီပေါ့။သူ့ကိုလည်း ဒီမိုပီပီအလေးနီပြုပါတယ်ဗျာ။

ဟိုအရင်ကလည်း မင်းသမီးထက်ထက်မိုးဦးက မီဒီယာသမားမေးတာကို မဖြေပဲပါးရိုက်လွှတ်တာကို တိုင်တော့ တရားသူကြီးကဒဏ်ငွေ၁၀၀၀ကိုလျော်ကြေးပေးခိုင်းတယ်ဗျာ။ လူတိုင်းသိတဲ့အချက်ကတော့ မီဒီယာသမားတစ်ယောက်ဖြစ်ဖို့ မလွယ်ဘူးဆိုတာပေါ့ဗျာ။မီဒီယာသမားဆိုတာ တကယ့်ပညာရှင်ကြီးတွေမှ လုပ်လို့ရတဲ့ အလုပ်အကိုင်ဗျ။တော်ရုံတန်ရုံ နလပိန်းတုံးတွေလုပ်ချင်လို့မရဘူး။
ခင်ဗျားတို့ရော အဲဒါတွေကို သိရောသိကြရဲ့လား။မသိရင် မှတ်ထားကြပါဗျာ။ပြီးရင် သဘောပေါက်အောင်ကြိုးစားကြပါ။

ကျွန်တော်တောင် မနည်းကြိုးစားပြီး လေ့လာသင်ယူလိုက်တာ အခုမှအမှန်တရားတွေကိုသိလိုက်ရတယ်။
ကဲကဲ ညီညီညာညာ လိုက်ဆိုကြပါ။
ဘွားဘွားစု ဂုဏော အနန္တော
စုနိုင်မှ ချမ်းသာမယ်
ဘွားဘွားစု ဘွားဘွားစု
ဘွားဘွားစု သမ္မတဖြစ်ရေး တို့အရေး
ဘွားဘွားစု သေရင် နတ်ကွန်းဆောက်ပေးရေး တို့အရေး
ဘွားဘွားစု ဘွားဘွားစု ဘွားဘွားစုကိုချစ်တယ်
ကျန်တာတွေမသိဘူးကွာ ဘွားဘွားစုကိုပဲ ချစ်တယ်



သုတအောင်

No comments:

Post a Comment