Friday, January 23, 2015

ဦးဝီရသူကို ကန့်ကွက်ကြောင်း အာဏာပိုင်နှင့် ဘာသာရေးခေါင်းဆောင်များ ဆန္ဒထုတ်ဖော်ရန် ကုလတိုက်တွန်း

 ကုလသမဂ္ဂက ခန့်အပ် ထားသော လူ့အခွင့်အရေးကျွမ်း ကျင်သူ အထူးကိုယ်စားလှယ် တစ်ဦး အား ပြည့်တန်ဆာနှင့် ခိုင်း နှိုင်းသုံးစွဲခဲ့သည့် ဆရာတော်ဦးဝီ ရသူကို မြန်မာအစိုးရ အာဏာ ပိုင် နှင့် ဘာသာရေးခေါင်းဆောင်များ က ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒ ထုတ်ဖော်ပြသရန် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီး အကဲက မြန်မာအစိုးရအား တိုက် တွန်းပြောကြား လိုက်သည်။
ဂျီနီဗာအခြေစိုက် ကုလ သမဂ္ဂအဖွဲ့က ဇန်နဝါရီ ၂၁ ရက် တွင် ကြေညာချက်တစ်စောင် ထုတ်ပြန် ခဲ့ပြီး မြန်မာအစိုးရနှင့် ဘာသာရေး ခေါင်းဆောင်များ အားတိုက်တွန်းတောင်းဆို လိုက် ခြင်းဖြစ် သည်။
‘‘ကျွန်တော်တို့ရဲ့ လွတ်လပ် ပြီး အမှီအခိုကင်းစွာ ခန့်အပ်ထား တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့် အရေးကျွမ်းကျင်သူအရာရှိကို ဒီလိုလိင်ပိုင်းဆိုင်ရာစော်ကားတဲ့ အသုံးအနှုန်းပြောဆိုလိုက်တာကို လုံးဝဆန့်ကျင်ရှုတ်ချပါတယ်။ ဒီလိုပုံစံမျိုးနဲ့ ကျွန်တော်တို့အရာရှိ ဆက်ဆံခံရတာ လုံးဝသည်းမခံနိုင် စရာပါ။ ကျွန်တော့်အရာရှိကို ဒီလိုလူမြင်ကွင်းမှာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေပြုလုပ်ခံရတာ အပါ အဝင် မုန်းတီးမှုတွေဖြစ်အောင် သွေးထိုးလှုံ့ဆော်မှုတွေ အားလုံးကို ရှုတ်ချဖို့မြန်မာနိုင်ငံ က နိုင်ငံရေး နဲ့ ဘာသာရေးခေါင်းဆောင်တွေကို ပြတ်ပြတ်သား သားတိုက်တွန်းပါတယ်’’ဟု ကုလလူ့အခွင့်အရေးဆိုင်ရာ အကြီး အကဲမစ္စတာ Zeid Ra'ad Al Hussein က ပြောကြား ထားသည်။
ရန်ဟီးလီကို တိုက်ခိုက်နေမည့်အစား ၎င်းအနေဖြင့် မြန်မာနိုင်ငံခရီးစဉ်အတွင်း တွေ့မြင်ခဲ့ရသည့် စိုးရိမ်ပူပန်မှုများကို မြန်မာအစိုးရနှင့် ဘာသာရေး ခေါင်းဆောင်များက ကိုင်တွယ်ဆောင်ရွက် သင့်ကြောင်း ထပ်မံဖြည့်စွက်ပြောကြားသည်။
ကုလ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ မြန်မာအစိုးရအနေ ဖြင့် တစ်စုံတစ်ရာ တုံ့ပြန်ပြော ကြား ရန် မရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့အပြင် သာသနာရေးဦးစီး ဌာနကလည်း ဆရာတော်ဦးဝီရ သူကို တိုင်ကြားသူရှိမှသာ အရေး ယူနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သဖြင့် ပြည်တွင်းတွင်ဝေဖန်မှုများပေါ်ထွက်နေသည်။
ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စစ်ရန်ဟီးလီကို ဆန့် ကျင်ဆန္ဒဖော်ထုတ်ပွဲတွင် စင်ပေါ် မှနေ၍ ရန်ဟီးလီမှာ အမျိုး ကောင်းသမီးမဟုတ်ဘဲ မြန်မာ နိုင်ငံအတွက် ပြည့်တန်ဆာ ပင် ဖြစ်ကြောင်း ပြောကြားခဲ့မှုကြောင့် ပြည်တွင်း ပြည်ပဝေဖန်မှုများစွာ ကြုံနေသည်။
ဆရာတော် ဦးဝီရသူကမူ ၎င်းအနေဖြင့် မစ္စစ်ရန်ဟီးလီ၏ မျိုးစောင့် ဥပဒေများအပေါ် ဝင် ရောက် စွက်ဖက်ပြောဆိုခြင်း၊ ရခိုင်အရေးတွင် ရိုဟင်ဂျာများ၏ လူ့အခွင့်အရေး မြှင့်တင်မှုတို့ကို အသားပေးပြောဆိုခြင်း စသည့်လုပ်ရပ်များကြောင့် ပြည့်တန်ဆာ ထက် ရင့်သီးသည့်အသုံး အနှုန်း ရှိ ပါက ထပ်မံသုံးစွဲလိုကြောင်း 7 Day Daily အား ဖြေကြားခဲ့သည်။ ၎င်းအား ဝေဖန်မှုများအပေါ်တွင်လည်း ဦးဝီရသူက ဘာသာ သာသနာအတွက် ဆောင် ရွက်ခြင်းဖြစ် ပြီး လူဝတ်လဲရန်လည်းမလိုကြောင်း၊ မြတ်စွာ ဘုရားသခင်ရှိပါက ၎င်းကိုနားလည် ခွင့်လွှတ်မည်ဖြစ်ကြောင်း နောက်ရက်များ၌ ပြည်တွင်းမီဒီယာများအား ဖြေကြားခဲ့သည်။
ဇန်နဝါရီ ၂၂ ရက် သတင်း များအရ ဦးဝီရသူကို မန္တလေး တိုင်း သာသနာရေး ဦးစီးဌာနက ရုန့်ရင်းကြမ်းတမ်းသည့်စကားများ ပြောကြားမှုကြောင့် သာသနာတော်ညှိုးနွမ်းစေမှု ပုဒ်မဖြင့် အရေးယူရန် မန္တလေး မစိုးရိမ် ကျောင်းတိုက် ဆရာတော်ကြီးထံ လာရောက်လျှောက်ထားကြောင်း သတင်းများထွက်ပေါ်နေသည်။
‘‘အဲဒီသတင်းက မဟုတ်ပါ ဘူး။ တိုင်းသာသနာရေးဦးစီးဌာန က အရာရှိတွေ ကျောင်းကိုလာ တာ မှန်တယ်။ဒါကတပို့တွဲလ ပြည့်နေ့မှာလုပ်မယ့်မစိုးရိမ်တိုက်သစ်ညီလာခံအတွက်လာရောက်   လျှောက်ထားတာဖြစ်တယ်။ ဦးပဉ္စင်းကို တရားစွဲဖို့လာတာ မဟုတ်ပါဘူး’’ဟု ဦးဝီရသူက မိန့်ကြားသည်။

No comments:

Post a Comment