Tuesday, January 13, 2015

ဒီနှစ်ဆယ်တန်း မဖြေဖြစ်တော့ဘူးလို့ ဆိုလာတဲ့ ရွှေမှုန်ရတီက အိမ်ထောင်ပြုမယ်ဆိုတာ မဟုတ်ကြောင်း ဖွင့်ဟ

Sunday, January 11, 2015
မကြာသေးခင်ကမှ အိမ်ထောင်ပြုတော့

မယ်ဆိုတဲ့ သတင်းတွေနဲ့ ပရိသတ်တွေ 
ပါးစပ်ဖျားကြား ရေပန်းစားခဲ့တဲ့ မင်းသမီး
ကတော့ ရွှေမှုန်ရတီပါပဲ။ ဒီအကြောင်း
 မေးကြည့်လိုက်တော့ သူမက အိမ်ထောင်ပြုမယ်ဆိုတာ မဟုတ်ကြောင်းနဲ့ တစ်ယောက်တည်းပဲ ရှိသေးကြောင်း ခုလို
ဆိုပါတယ်။ “အဲ့ဒါက အမေ့ကိုနောက်ပြီး ပြောလိုက်တာကို သူတို့က ထည့်ရေးလိုက်တာပါ။ ဒါပေမဲ့ အဲ့ဒီဂျာနယ်ထဲမှာလဲ နောက်တာပါလို့ ပါပါတယ်။ ခေါင်းစဉ်သာ တပ်ထားတာပါ။ စိတ်လဲမဆိုးပါဘူး။ ကိုယ်နောက်လိုက်တဲ့အတွက် သူတို့ခေါင်းစဉ်တပ်လို့ ရသွားတာပေါ့။ ပရိသတ်တွေလဲ မစိုးရိမ်ပါနဲ့လို့။ ပရိသတ်တွေ ယူခိုင်းရင်တောင် မယူသေးပါဘူး”တဲ့။
လက်တလောမှာ သူမဟာ ဇေရဲထက်နဲ့အတူ ကျွန်တော်ကျွန်မယောင်္ကျားဗိုက်ကြီးသည် ဆိုတဲ့ ဇာတ်ကားရိုက်ကူးနေတယ်လို့ သိရပြီး ဖန်စီကားလေးပါလို့ ဆိုပါတယ်။ ဒါ့အပြင် သူမက ပညာရေးပိုင်းနဲ့ပတ်သက်ပြီးတော့လည်း “လောလောဆယ် ဒီနှစ်မှာ ရွှေမှုန် ၁၀တန်း ဖြေဖြစ်မှာ မဟုတ်တော့ပါဘူး။ အနုပညာအလုပ်တွေကိုပဲ ဆက်တိုက်လုပ်သွားပါမယ်”လို့ ဖွင့်ဟသွားပါတယ်။

ခင်ဆွေသက်
Trend Myanmar

No comments:

Post a Comment