Friday, January 16, 2015

ကချင်ပြည်နယ် မေခမြစ်အတွင်း တရားမဝင် ရွှေတူးဖော်နေသော ယာဉ်များ ဖမ်းမိ

ကချင်ပြည်နယ် မေခမြစ်အတွင်းရှိ ဂလုံကျွန်းတွင် တမံများ မြေဖို့၍ တရားမဝင် ရွှေတူးဖော်ရေး လုပ်ငန်း များ ဆောင်ရွက်နေသော အဖွဲ့က အသုံးပြုသည့် စက်ယန္တရားများကို ဇန်နဝါရီလ ဒုတိယပတ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တာဝန်ရှိသူများ က ပြော ကြားသည်။
ဇန်နဝါရီလ ဒုတိယပတ် အတွင်းတွင် တပ်မတော် နယ်မြေခံ တပ်မတော်တပ်ရင်းမှ ဝင်ရောက်ဖမ်း ဆီးရာတွင် ဘက်ဟိုးယာဉ် နှစ်စီး၊ လုပ်ဒါနှစ်စီး၊ မြေသယ်ယာဉ် ၁၀ ဘီးကား ခြောက်စီး၊ သံဖောင်ဇက် ရေယာဉ်တစ်စီး၊ ရွှေတူးဖော်သည့် စက်ဖောင်တစ်ခု၊ ဆီပီပါ အလုံး ၂၀ တို့ကို သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ထပ်လောင်းပြောကြားသည်။
“သတင်းရရချင်း လိုက်လံဖမ်းဆီးတယ်။ ဒါပေမဲ့ လူတွေကို မမိလိုက်ဘူး။ ပစ္စည်းတွေကို သိမ်း ဆည်း ရမိတယ်” ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော် အရာရှိတစ်ဦးက ပြော သည်။
သိမ်းဆည်းရမိသော စက်ယန္တရားများအား ကချင်ပြည်နယ် အစိုးရ အဖွဲ့အစည်းသို့ လွှဲပြောင်းပေး အပ်ရန် အတွက် ရွှေ့ပြောင်းနေစဉ် တိုက်ပွဲအချို့ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ထံမှ သိရှိရသည်။
ကချင်ပြည်နယ်တွင်း ဇန်နဝါရီလ ၂ ရက်နေ့မှ ၁၀ ရက်နေ့အထိ တရားမဝင် သစ်ခိုးထုတ်ရာတွင် အသုံးပြုသည့် ယာဉ်ယန္တရား ၄၈၃ စီး၊ သစ်လုံးရေ ၁၆၄၉ လုံး၊ တစ်ဖက်နိုင်ငံသား ကျား/မ စုစုပေါင်း ၁၅၁ စီး၊ စိတ်ကြွဆေးပြား (၈၆၈၀) ပြား၊ ဘိန်းမည်းခြောက်ထုတ်နှင့် ဘိန်းစိမ်း ၂၀ ကျပ်သားအား ဖမ်းဆီးရမိ ခဲ့သည်။

No comments:

Post a Comment