Friday, January 23, 2015

လမ်းလျှောက် ကျောင်းသားများအတွက် အလှူငွေများ ပျောက်ဆုံးမှု ဖြစ်၊ ကျောင်းသားခေါင်းဆောင် အချင်း ချင်း ပြဿနာတက်

မန္တလေးမြို့မှ ရန်ကုန်မြို့သို့ လမ်းလျှောက် ချီတက်ဆန္ဒပြ
လျက်ရှိသော ကျောင်းသားများ
အတွက် ရန်ကုန်ရှိ NLD ပါတီ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ လူ့အခွင့်အရေးအဖွဲ့အစည်းမျာ
းက စုပေါင်း ပေးပို့သော အလှူငွေ အား သပိတ်မှောက် ကျောင်းသား များထွသို့ လျော့နည်းရောက်ရှိ
လာခဲ့ကြောင်း၊ ကျောင်းသားများ
 ငွေကြေးသုံးစွဲမှုအတွက် အချင်းများမှုများ ဖြစ်ပေါ် လာကြောင်း သတင်း ရရှိသည်။
“လမ်းတစ်လျှောက်မှာရှိတဲ့ NLD ပါတီဝင်တွေ၊ ၈၈ မျိုးဆက်တွေက လိုအပ်တာ ပံ့ပိုးကူညီဖို့
ရန်ကုန် က ညွှန်ကြားထားတယ် လို့ သိရှိရပါတယ်။ ကျောင်းသားတွေ လိုတာ သုံးဖို့ ရန်ကုန် က ငွေကျပ် သိန်းရှစ်ဆယ် ပို့လိုက်တယ် ပြောတယ်။ ဒါပေမယ့် ကျောင်းသားတွေ လက်ထဲ သိန်းရှစ်ဆယ် ရောက်မလာဘူး။ ရန်ကုန် ကနေ ကျောက်ဆည်အထိ ဒီကြားမှာ ဒီပိုက်ဆံတွေ ဘယ်ရောက်သွားသလဲ ဆိုတာ မေးကြရင်းနဲ့ စကားများ ကြတာပါ” ဟု သပိတ်မှောက် စစ်ကြောင်း မှ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းလွင် ဦးက ပြောသည်။

“ညဆိုရင် ကားခိုးစီးပြီး သွားဖို့ မင်းသွေးသစ်က ပြောတယ်။ ကျွန်တော်တို့က ကားခိုးစီးတာ ခွင့် မပြုစေချင်ဘူး။ လူထုကို လိမ်ညာသလို ဖြစ်သွားမယ်။ NLD ပါတီနဲ့ ၈၈ မျိုးဆက်တွေ ကတော့ ရောက်တဲ့နေရာတိုင်းမှာ ကူညီပေးနေပါတယ်။ သူတို့လည်း လူထုဆီက အလှူငွေတွေ ကောက်ခံပြီး ကျွန်တော်တို့ကို ထောက်ပံ့နေတာ သိရပါတယ်။ ဒီလို လူထုက ထောက်ပံ့တာတွေ ယူပြီး လိမ်ရင်တော့ ဘယ်ကောင်းမလဲ။ လမ်းမှာ မလျှောက်နိုင်တဲ့သူတွေ များလာတယ်။ ဖိနပ်ချွတ်ပြီး လျှောက်တယ်။ ခြေအိတ်တွေ စွပ်ပြီး လျှောက်တယ်။ ခြေဖ၀ါးမှာ အရည်ကြည်တွေ တက်ပြီး ကောင်းကောင်း မလျှောက် နိုင်တော့တာတွေ ရှိတယ်။ ဒဏ်ကြေလိမ်းဆေးတွေ လိုတယ်။ ဒါကို ရရှိထားတဲ့ အလှူငွေတွေနဲ့ ၀ယ်ဖို့ ပြောတော့ လက်မခံတဲ့အဖွဲ့တွေ ရှိတယ်။ ဒါကို ဆွေးနွေးကြရင်း တချို့လည်း ပြင်းပြင်းထန်ထန် ပြောတာ လေးတွေ ဖြစ်သွားတာပါ” ဟု သပိတ်မှောက်စစ်ကြောင်းမှ ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်းက ပြောသည်။

“သူတို့က ရန်ကုန် ဘာလာလုပ်မှာလဲ။ ရန်ကုန်မှာ သပိတ်စခန်းဖွင့်ရင်လည်း လူမများတဲ့ မြို့ပြင်လို နေရာမျိုးမှာ၊ ဘုန်းကြီးကျောင်းတွေမှာ ဖွင့်စေချင်တယ်။ ရန်ကုန်မှာ ယာဉ်ကြောပိတ်တာ ဆိုးလွန်းလို့ ဒီကျောင်းသားတွေ ရောက်လာရင် တစ်နေ့တစ်နေ့ ရုံးနဲ့ အိမ် တစ်ရက်ကြာသွားနိုင်တယ်။ သူတို့ ဆန္ဒပြတာလည်း ပြပါ။ ရန်ကုန်က ပြည်သူတွေကိုတော့ ဒုက္ခ မပေးစေချင်ဘူး” ဟု ရန်ကုန်မြို့နေ ကိုအောင်စိုးက ဆိုသည်။

“ကြည့်လိုက်ရင် NLD နဲ့ ၈၈ ပဲ။ သူတို့က ဒါတွေကိုပဲ မြှောက်ပင့်ပေးနေမှာပဲ။ မြအေးတို့ မင်းကိုနိုင်တို့ NLD ပါတီက ဦးအုန်းကြိုင်၊ ဦးဝင်းမြင့်နဲ့ ဦးသိန်းဆွေတို့ ဒီလူတွေက ဒါမျိုးတွေပဲ လုပ်ခဲ့တာ ဆိုတော့ ဒါပဲ တတ်မှာ ပေါ့ဗျာ။ ဒီဥပဒေ ဆန္ဒပြတာတွေ ဖြစ်လာတာလည်း NLD ပါတီက ဖွဲ့စည်းပေးတဲ့ ဒေါက်တာသိန်းလွင် ခေါင်း ဆောင်တဲ့ NNER က ဇာတ်လမ်းစတာ။ ရှင်းရှင်းလေး NLD ပါတီနဲ့ ၈၈ တွေက တစ်ဘက်လှည့်နဲ့ တိုင်းပြည် ဆူပူအုံကြွအောင် လုပ်နေကြတာ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့ ၅၉(စ) ပြင်လို့ မရတော့ဘူး ဆိုတာ သေချာရင် တိုင်းပြည်ကို ဆူပူအုံကြွအောင် လုပ်လာကြမှာပဲ။ ဒီလူတွေက ကိုယ် အာဏာရဖို့ပဲ သိကြတာ မဟုတ်လား။ ကျန်တာတွေ၊ ဘယ်လို လုပ်သင့်တယ် ဆိုတာတွေ ဘယ်သိမလဲ” ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာ ရန်မျိုးထွန်းက ပြောသည်။

NLD ပါတီနှင့် ၈၈ မျိုးဆက် ကျောင်းသားဟောင်းများသည် လွှတ်တော်အတွင်း အခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်နေမှုများ မအောင်မြင်ခဲ့လျှင် တိုင်းပြည်တစ်ဝှမ်း ဆူပူ အုံကြွမှုများ ဖြစ်ပေါ်လာစေရန် ပဋိပက္ခမီးပွားများ ဖန်တီးထားပြီး ဖြစ်ကြောင်း သိရှိရသည်။

PP™
ပြည်သူ့အာဏာ

No comments:

Post a Comment