သမ္မတဦးသိန်းစိန်နဲ့ အမျိုးသားဒီမိုကရေစီ
 ဒီကနေ့ နေလည် ပိုင်း နေပြည်တော်မှာ
ရှိတဲ့ သမ္မတရဲ့ 
လယ်တောဆောင် မှာ တွေ့ဆုံခဲ့ တယ်လို့ သိရပါတယ်။ အရေးပေါ် 
တွေ့ဆုံ မှုတ ခုဖြစ်တယ်လို့စုံစမ်းကြားသိရပါတယ်။
 ဒေါ်အောင်ဆန်းစုကြည် ရဲ့ 
ပြောခွင့်ရ သူ လည်းဖြစ်၊ လွှတ်တော်ကို်ယ်စားလှယ်တဦး လည်းဖြစ်တဲ့ဦးဝင်းမြင့်ကတော့ခေါင်းဆောင်နှစ် 
 ဦး တွေ့ဆုံ မှုကို အတည်ပြုပေမယ့်လည်း ဘယ်လို
 ပုံစံနဲ့တွေ့ဆုံတယ်၊ ဘာကြောင့်   တွေ့ဆုံတယ် ဆို တဲ့  
ဆွေးနွေး ပွဲအသေးစိတ်ကိုတော့ ထုတ်ပြန်ဖို့မရှိဘူးလို့ ဗွီအိုအေကို 
ပြောပါတယ်။
"ဟုတ်ကဲ့ခင်ဗျ။ ဒီနေ့ နေ့လည် ၃ နာရီက တွေ့တယ်ခင်ဗျ။ လယ်ယာခြံထဲမှာရှိတဲ့ 
သမ္မတအိမ်တော် မှာလေ။ ခါတိုင်း တခြားနိုင်ငံရေး ပါတီတွေ ဘာတွေ တွေ့တဲ့ 
နေရာလေ။ အဲဒီမှာ- တွေ့တာတော့ သိတယ်။ နောက်တခါ ဆွေးနွေးချက်တွေကတော့ 
အသေးစိတ်ထုတ်ပြန်မှာ မဟုတ်ဘူး။ အဲဒါတော့ ကျနော်သိတယ်ဗျ။ သမ္မတနဲ့ ကျနော်တို့
 ဥက္ကဋ္ဌနဲ့ တွေ့တယ်-အဲဒါပဲ ကျနော်သိတယ်။"
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့အကြားမှာ သီးခြားတွေ့ဆုံမှုတွေ 
အရင်ကရှိ ခဲ့ပေ မယ့် အခုတခေါက် အခြေအနေကတော့ လွှတ်တော်နိုင်ငံရေးနဲ့ 
ဆက်စပ်မယ်လို့ ယူဆမှုတွေ အတော်များ များရှိပါတယ်။ အထူးသဖြင့်ကတော့ 
လွှတ်တော်နဲ့ အစိုးရအကြား ဥပဒေပြဌာန်းမှု ပိုင်းတွေမှာ အပြန်အလှန် 
တင်းတင်း မာမာ သဘောတွေရှိခဲ့သလို ပြီးခဲ့တဲ့ ပြည်ထောင်စု 
လွှတ်တော်နောက်ဆုံး ရက်မှာ လည်း ပြည်ထောင်   စုလွှတ်တော် နာယက သူရဦးရွှေမန်း ကနေ 
မြေသိမ်း ယာသိမ်းကိစ္စတွေ နဲ့ပတ်သက် လို့ အစိုးရကပိုင်းက အလျင်အမြန် 
တုံ့ပြန်ကိုင် တွယ်ပေးဖို့ သမ္မတဦးသိန်းစိန်ကို စာရေးသား   ပေးပို့ခဲ့ပါတယ်။ 
ဒေါ်အောင်ဆန်းစုကြည် ဟာ ပြည် သူ့လွှတ်တော်ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ 
တည်ငြိမ်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ်နဲ့ တာဝန်ယူထားပါ တယ်ရှင်။
From:Voa

No comments:
Post a Comment