Thursday, September 19, 2013

e-Visa စနစ် သုံးလအတွင်း စတင်မည်ဟုဆို

မြန်မာနိုင်ငံသို့ လာရောက်မည့် 
ရင်းနှီး မြှုပ်နှံသူများနှင့် ကမ္ဘာ
လှည့်ခရီးသွားများ အတွက် အွန်
လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်သော 
e-Visa စနစ်ကို သုံးလအတွင်း 
စတင်မည် ဖြစ်ကြောင်း လူဝင်မှု
ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား
ဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီးဦးခင်ရီက ပြောကြားသည်။
e-Visa စနစ်တွင် အသုံးပြုမည့် မာစတာ၊ ဗီဇာစသည့် အွန်လိုင်းငွေပေး ချေကတ်များကို စစ်ဆေးနိုင် မည့် စနစ်နှင့် အခြေခံအဆောက်အဦ လိုအပ်ချက်များ အတွက် ကုမ္ပဏီများနှင့် ညှိနှိုင်းနေကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။
"တစ်လ၊ နှစ်လအတွင်း အပြီးမဟုတ်တောင် သိသာထင်ရှားတဲ့ အနေအထားတော့ ရောက်မယ်" ဟု ဦးခင်ရီကဆိုသည်။အွန်လိုင်းဗီဇာစနစ် အကောင်အထည် ဖော်ရာ တွင် ပြည်ပနိုင်ငံအသီးသီးရှိ ခရီးသွားများထံမှ ကောက်ယူမည့်ဗီဇာကြေးကိုလက်ခံမည့်ဘဏ်များ၊ ငွေလွှဲစနစ်များအတွက်  ပြင် ဆင်နေကြောင်း ၄င်းကရှင်းပြသည်။
e-Visa စနစ်ကို ၂၀၁၂ ခုနှစ် အတွင်းစတင်မည်ဟု ကြေညာခဲ့သော်လည်း လက်တွေ့တွင် စ တင်နိုင်ခြင်း မရှိကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး စီးပွားရေးပြောင်းလဲ လာပြီဖြစ်၍ ခရီးသွား လုပ်ငန်းနှင့် ရင်းနှီး မြှုပ်နှံမှုကို များစွာ အထောက်အကူ ဖြစ်နိုင်မည့် e-Visa စနစ်ကို အမြန်ဆုံး အကောင် အထည်ဖော်သင့်ကြောင်း ခရီးသွားလုပ်ငန်း ရှင်များက အကြံပြုထားသည်။
အာဆီယံဒေသတွင်း နိုင်ငံများမှ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများ ဗီဇာလျှောက်ထားရန် မလိုဘဲ သွားရောက်နိုင်ရန် ဒီဇင်ဘာလမတိုင်မီ ဆောင်ရွက်မည်ြ ဖစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး  ဦးခင်ရီက ဆိုသည်။
၂၀၁၁ ခုနှစ်မှစတင်ကာ နိုင်ငံ ၅၁ နိုင်ငံမှ ခရီးသွားများကို မြန်မာနိုင်ငံသို့ လာရောက်လိုသူများ အတွက် ဆိုက်ရောက်ဗီဇာ ထုတ်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

No comments:

Post a Comment