လျှပ်စစ်မီးရရှိဖို့ခက်ခဲတဲ့ မွန်ပြည်နယ်သ၀ါးတော
 ကျေးရွာ၊ ပဲခူးတိုင်း 
ထုံးတောင်ကျေးရွာတွေမှာ ရှိတဲ့ အိမ်ထောင်စုပေါင်း ၂၃၀ အတွက် 
နေရောင်ခြည် နည်းပညာသုံး မီးပေးစနစ်နဲ့ လျှပ်စစ်မီးပေးတော့မှာ 
ဖြစ်
တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံမှာ နေရောင် ခြည်စွမ်းအင်သုံး ဆိုလာ နည်းစနစ်နဲ့ လျှပ်စစ်မီး 
ဖြန့် ဝေခြင်းဟာ ပထမဦးဆုံး အကြိမ်ဖြစ်ပါတယ်။ ဒီနည်းပညာကို အသုံးပြုနိုင်ဖို့
 သ၀ါးတောကျေးရွာနဲ့ ထုံးတောင်ကျေးရွာ မှာနေထိုင် တဲ့ အသက် ၄၀ကျော်အရွယ် 
ပညာအရည်အချင်း အတန်အသင့် သာရှိတဲ့ အမျိုးသမီးကြီး ၆ ဦးကို အိန္ဒိယ နိုင်ငံ 
Barefoot ကောလိပ်မှာ ၆လကြာ 
သွားရောက်သင်ကြားခိုင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ပညာအတန်အသင့်သာရှိပြီး ဘာသာစကားမတတ်ကျွမ်းတဲ့ အတွက် သင်တန်းကာလမှာ အခက်အခဲ 
တွေ၇ှိခဲ့သလို ကိုယ်ဟန်လက် ဟန်ပြဘာသာရပ်နဲ့ သင်ကြားတတ်မြောက် 
ခဲ့တာဖြစ်တယ်လို့ အသက်၅၇ နှစ် အရွယ် ဒေါ်နော်အေးစိန်က ပြောပါတယ်။
“ပညာသင်တာ အခက်အခဲရှိတာ စကားမှနားမလည်တာ။ စကားနားမလည်တော့ သူများကြည့်တယ်။ 
သူများလုပ်တဲ့ အမူအရာတွေပဲ လိုက်လုပ်ရတယ်ပေါ့။ နောက်ပိုင်းကျတော့ 
အင်္ဂလိပ်လို ရေးထားတဲ့ စာအုပ်ကြီး တစ်အုပ်ရှိတယ်။ ၃ 
ရက်လောက်ပဲ၇ှိသေးတယ်ပေးထားတာ။ အဲ့စာအုပ်ကြီးကြည့်ပြီးတော့ နည်းနည်း ပါးပါး 
နားလည်တဲ့ သားသမီးတွေ မေးမှာပေါ့။”
ဒီအမျိုးသမီးကြီး ၆ ယောက်ကို နေစွမ်းအင် အင်ဂျင်နီယာအဖြစ်နဲ့ ခန့်အပ်မှာ 
ဖြစ်ကြောင်း၊ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဖြန့်ဝေခြင်းအတွက် 
လျှပ်စစ်မီး အသုံးပြုခကို သတ်မှတ်ကောက်ခံသွားမှာ ဖြစ်ပြီး ရရှိလာတဲ့ 
ငွေကြေးကနေ ဆိုလာစက်များရဲ့ ပြုပြင်စရိတ်၊ ဘတ္တရီအစားထိုးစရိတ် နဲ့ 
နေစွမ်းအင် အင်ဂျင် နီယာ အမျိုးသမီးကြီး ၆ ဦး ကို လစာငွေအဖြစ်ပေးအပ်သွားမှာ
 ဖြစ်တယ်လို့ မွေးမြူရေး၊ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး 
ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
Barefoot ကောလိပ်မှာ နေစွမ်းအင် အင်ဂျင်နီယာ အမျိုးသမီး ကြီး ၆ 
ဦးပြုလုပ်ခဲ့တဲ့ နေရောင်ခြည်စွမ်း အင်သုံး စက်နဲ့ အပို ပစ္စည်းတွေကို 
အိန္ဒိယနိုင်ငံကနေ သဘောင်္နဲ့ ပို့ဆောင်နေပြီဖြစ်ပြီး ၊ နေစွမ်းအင် 
အင်ဂျင်နီယာ အမျိုးသမီးကြီး ၆ ဦးကတော့ စက်တင်ဘာ ၁၆ရက်နေ့က အိန္ဒိယ 
နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ အကြောင်း ရေဒီယို 
သြစတြေးလျသတင်းထောက် ဆုဝေက သတင်းပေးပို့ ထားပါတယ်။
ABC Radio Australia

 
No comments:
Post a Comment