Monday, September 23, 2013

ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် မမှန်မကန်ရေးသားဖော်ပြသူ ကိုယ့်တာဝန် ကိုယ်ယူရမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ပြောပြီ

ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် မမှန်မ ကန်ရေး သားဖော်ပြသူက ကိုယ့်တာဝန် ကိုယ် ယူရမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း
Photo: က မီဒီယာသမားများအား
ယနေ့ တွင် Myanmar Peace Centre ၌ တွေ့ဆုံပြောဆိုလိုက်သည်။အပတ်စဉ်
ထုတ်ဂျာနယ်တစ်စောင်က နိုင်ငံခြား၌ငွေ စာရင်းဖွင့် ထား သည့် သတင်းထွက်ပေါ် ဟူသော သတင်းခေါင်းစဉ်ဖြင့် ၄င်း အမည်တပ်ရေးသားဖော်ပြမှု
အား  ထို သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။
“စာပေလွတ်လပ်ခွင့် က မှန်မှန်ကန် ကန်ရှိရမှာပေါ့ဗျာ။ မှန်ကန်တဲ့သတင်း ပဲပေးရမှာပေါ့။ ခုတော့ ဒီလိုမဟုတ်ဘဲ မမှန်ကန်တဲ့သတင်းဆိုတော့ ဒါဟာ လူ့အခွင့်အရေးကိုချိုးဖောက်တာပဲ”ဟု ၀န်ကြီး ဦးစိုးသိန်း ကပြောသည်။အကယ်၍ ဂျာနယ် က ဖော်ပြသည့်သတင်းမှန်ကန်ပါ ကသက်သေ အထောက် အထားနှင့်တကွ  ဖော်ြ  ပစေ လိုကြောင်းနှင့်ဟုတ်မှန်ပါက၄င်းကိုစစ်ဆေး၍ ထောင် ချနိုင်ကြောင်း ဦးစိုးသိန်းကထပ်လောင်း ဆိုခဲ့သည်။နိင်ငံတော်အစိုးရ၏ ပြည်ထောင်စုဝန်ကြီးများထဲ၌ ဦးအောင်မင်း၊ ဦးစိုးသိန်းတို့မှာ    ပြုပြင်ပြောင်း လဲမှုကဏ္ဍနှင့် နိုင်ငံတကာ ဆက်ဆံရေး ပြည် တွင်းငြိမ်းချမ်းရေးလုပ်ငန်းတို့၌လှုပ်ရှားပါဝင်မှုအများဆုံးဖြစ်သည့်အပြင်လူထုခေါင်းဆောင်   ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ၈၈ မျိုးဆက် နိုင်ငံရေးအင်အားစုတို့နှင့် တွေ့ထိမှု အများစုပြုလုပ်နိုင်ခဲ့ကြသူများဖြစ်သည်။
.. www.MyanmarExpress.net
 

No comments:

Post a Comment