Tuesday, September 24, 2013

အကြမ်းဖက်ခဲ့မှုများတောင်းပန်ရန်ကြေငြာချက်ကို နောက်ပြန်လှည့်ကြည့်ဖို့မလိုဟု ဦးရဲထွဋ်ပြော

ရွေဝါရောင်တော်လှန်ရေး အကြမ်းဖက်မှုကို လက်ရှိအစိုးရမှ တရားဝင် ၀န်ချတောင်း ပန်ရန် နိုင်ငံလုံးဆိုင်ရာ ရွေဝါရောင်တော်
လှန်ရေး ခြောက်နှစ်ပြည့်အခမ်းအနား ကျင်းပရေးကော်မတီ ၏ သဘော ထား ထုတ်ပြန်ချက်ကို ပြောစရာ ဘာမှမ ရှိကြောင်းနှင့်အသွင် ကူးပြောင်းရေး ကာလ၌ ရှေ့ကိုဆက် သွားနိုင်အောင်
ကြိုးစားနေပြီး နောက်ပြန် လှည့်ကြည့်ဖို့မလို အပ်ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် ကပြောသည်။ သဘောထားထုတ်ပြန်ချက်ကိုယခုလ ၁၈ ရက်ကထုတ်ပြန်ခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာနဒုတိယ၀န် ကြီး လည်းဖြစ်သူ ဦးရဲထွဋ်ကယခုလ ၂၀ ရက်က နေပြည်တော်၌သတင်းမီဒီယာသမားများနှင့်တွေ့ ဆုံ စဉ် ယခုကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။ ၎င်းမှဆက်လက်၍“တစ်ချိန်ချိန် မှာတော့ ဒါတွေကိုပြန်စဉ်းစားရင် စဉ်းစားမှာပေါ့ သို့သော် ဒီအချိန် မှာတော့ကျွန်တော့်တို့ ခိုင်မာတဲ့ အခြေခံပေါ်မှာ သွားနိုင်အောင်လုပ်နေတယ်”ဟုအစိုးရ အဖွဲ့၏ သဘောထားကိုရှင်းပြသည်။
.. www.MyanmarExpress.net

No comments:

Post a Comment