လောင်းကစား ဒိုင်ချုပ်များကို အရေးယူမှု မပြုဘဲ
လက်ခွဲဒိုင်များကိုသာ ဖမ်းဆီးမှု များ ပြု လုပ်ပါက သက် ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့် ကို အရေးယူမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေ သကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုး က ပြော ကြား သည်။မန္တလေးတိုင်းဒေသကြီး အတွင်းတွင် အစိုးရသစ်တက်ပြီးစက လောင်းကစားမှုများ လျော့နည်း ကျဆင်း ခဲ့သော်လည်း လက်ရှိတွင် ပိုမိုများပြားလာကြောင်း မန္တလေးတိုင်းဒေသကြီး အမရပူ ရမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)ကိုယ်စားလှယ် ဦးမိုးနိုင်ကျော်က ယင်းလွှတ်တော်၌ မေးမြန်းရာ တွင် ဝန်ကြီးကအထက်ပါ အတိုင်း ပြန်လည် ဖြေကြားသည်။
မန္တလေးတိုင်းဒေသကြီး လွှတ်တော်၏ စက်တင်ဘာလ ၁၈ ရက်နေ့ ပြုလုပ်သော သတ္တမ ပုံမှန်အ စည်း အဝေးတွင် ဦးမိုးကျော်နိုင်က “ဆင်းရဲနွမ်းပါးမှုများ ဖြစ်ပေါ်လာနိုင်သော လောင်းကစား ပပျောက်ရန် သက်ဆိုင်ရာက မည်သို့ ညွှန်ကြား ဆောင်ရွက်ပေးမည်ကို သိရှိ လိုကြောင်း” မေး ခွန်းမေးမြန်းခဲ့သည်။
မန္တလေးတိုင်းဒေသကြီး အတွင်းတွင် နှစ်လုံး၊ သုံးလုံး၊ ဘောလုံး လောင်းကစားမှုများကို ဖမ်းဆီး အရေးယူ ခဲ့ရာ ၂၀၁၁ ခုနှစ်တွင် ၃၄၄ မှု၊ တရားခံပေါင်း ၇၄၂ ဦး သိမ်းဆည်းရငွေ ကျပ် ၃၁၄ သိန်းကျော်၊ ၂၀၁၂ ခုနှစ်တွင် ၅၂၂ မှု၊ တရားခံပေါင်း ၁၁၉၇ ဦး၊ သိမ်းဆည်းရငွေ ကျပ်သိန်း ၅၈၀ ကျော်နှင့် ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ၃၄၅ မှု၊ တရာခံပေါင်း ၆၉၇ ဦး၊ သိမ်ဆည်းရငွေ ၃၈၇ သိန်းကျော် ဖမ်းဆီ အရေးယူခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ဆက်လက်ပြောကြား သည်။
No comments:
Post a Comment