Monday, December 16, 2013

၂၀၁၅ မှာ သမ္မတဖြစ်ရေး ဒေါ်အောင်ဆန်းစုကြည် ကြိုးစားနေသော်လည်း လက်ရှိသမ္မတ ဦးသိန်းစိန်သာ သမ္မတဆက်ဖြစ်မည်ဖြစ်ကြောင်း လောင်းကြေးထပ်ရဲဟုဆို

 ၂၀၁၅ မှာ သမ္မတဖြစ်ရေး ဒေါ်အောင်ဆန်းစုကြည်
 ကြိုးစားနေသော်လည်း လက်ရှိသမ္မတ ဦးသိန်းစိန်သာ သမ္မတဆက်ဖြစ်မည်ဖြစ်ကြောင်း လောင်းကြေးထပ်ရဲ
တယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူ ဘာတီးလင့်တနာ
က ဆိုလိုက်ပါတယ်။
“သမ္မတဦးသိန်းစိန်ပဲ ဒုတိယသက်တမ်းကို တာဝန် ယူမှာပါ""လောင်းကြေးထပ်ရဲတယ်”လို့ မြန်မာ့အရေး ကျွမ်းကျင်သူ ဘာတီးလင့်တနာ ကMessengerကို ပြော သွားပါတယ်။ ဘာပြုလို့လဲဆိုတော့သမ္မတဦးသိန်းစိန်ကတခြားသူတွေ
လိုသမ္မတအရည် အသွေးနဲ့ပတ်သက်ပြီးအငြင်းပွားစရာ
အကြောင်းမရှိဘူး။ ဦးသိန်းစိန်က နိုင်ငံတကာမှာတောင်နာမည်ကျော်ြ ပီး ပေါက်ရောက် ကြီးကျယ်ပြည့်စုံတဲ့ မြန်မာသံတ မန်တစ်ဦးပါလို့ သူကဆိုပါတယ်။ သမ္မတဦးသိန်စိန် က ပြည်တွင်းမှာလည်း ကြီးကျယ်တဲ့ဝေဖန် မှုတွေဖြစ်စေ တဲ့ကိစ္စဘာမှလုပ် ဆောင်ထားခြင်း
မရှိပါဘူးလို့ဘာတီးလင့်တနာက ပြောပါတယ်။
 ဘာတီးလင့်တနာပြောသလို သမ္မတဦးသိန်းစိန်က နောက်တစ်ဆက် သမ္မတရာထူးကို ဆက် လက် ထမ်းဆောင်ဖို့ ပြည်သူတွေအကြားမှာ လိုလားမှုတွေ ရှိနေပေမဲ့  သမ္မတ ကိုယ်တိုင်ကရောနောက် တစ်ဆက်အတွက် မည်သည့်စကားမျှ ထုတ်ဖော်ပြောကြားထားခြင်းမရှိသေးပါဘူး။
သမ္မတဦးသိန်းစိန် ကနောက်တစ်ဆက်ရာထူးအတွက် ဘာမှမပြောသေးသော်လည်းအတိုက် အ ခံ ပါတီ ခေါင်းဆောင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ၂၀၁၅ မှာ သမ္မတဖြစ် ချင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း သမ္မတဖြစ် ချင်ကြောင်း အတိအလင်း ပြောဆိုခဲ့သလို သမ္မတဖြစ်ရေးအဓိက အတားအဆီး ဖြစ်နေတဲ့အခြေ ခံ ဥပဒေပါ ၅၉(စ) ကိုလည်း ပြင်ဆင်နိုင်ဖို့ ပြည်သူများကြား အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ် သက် လို့ ဆန္ဒခံယူပွဲများကျင်းပခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်လို ၂၀၁၅ မှာ သမ္မတဖြစ်ချင်တယ်လို့ ၀န်ခံထားတဲ့ အခြားသူများလည်း ရှိနေခဲ့ပေမဲ့လည်းမြန်မာ့အရေး ကျွမ်းကျင်သူ ဘာတီးလင့်တနာက ဒုတိယသက်တမ်းအတွက် လက် ရှိ သမ္မတ ဦးသိန်းစိန်ကသာ ဆက်လက်တာဝန်ယူမှာ ဖြစ်တယ်လို့ ခန့်မှန်း ပြောဆိုခဲ့ခြင်းဖြစ်ပါ တယ်။

No comments:

Post a Comment