Saturday, December 14, 2013

ဆင်ဖြူမျက်နှာ ဆင်မဲ မကြည့်ဝံ့ရော့သလား

၁၁ ရက်နေ့ ညနေမှာ ဆီးဂိမ်းဖွင့်ပွဲ ကို စောင့်မျှော်ရတဲ့ ၀ဋ်က ကျွတ်တော့ မယ်။ဒီပွဲကို ကျွန်တော် တို့ ကြည့်ခွင့်ရဖို့အတွက် သက်ဆိုင် ရာ အဖွဲ့အစည်းတွေ ကျောင်း
သူကျောင်းသားတွေ အားကစား သမားတွေ ဟာ ရက်ပေါင်းများ စွာ လေ့ကျင့်ထားကြတယ်လို့လဲ သိထားရတော့ ၄၄ နှစ်ကြာမှ ကျင်းပခွင့်ရတဲ့ မြန်မာ့ ဆီးဂိမ်း ဖွင့်ပွဲဟာ ဘယ်သို့ ဘယ်ပုံထွက်လာလေမလဲ လို့ ရင်ခုန်မိတာ အမှန်ပါ။ဝန်ကြီး တစ်ယောက်က အင်ဒိုနီးရှားထက်သာစေရမယ့်ကတိပေးတာဖတ်ရတော့ကိုယ့်စိတ်ထဲမှာတော့“ဟုတ်ပါ့မလား   မောင်ကာဠု ရယ်”လို့ တောင် ခနဲ့မိတယ်။ဒါကြောင့်လက်တွေ့ပြေးကြည့်ချင်စိတ်က တားမ ရပေါ့။
ဒါကြောင့်ညနေစောစောကတည်းကဆီးဂိမ်းဖွင့်ပွဲဝဏ္ဏသိဒ္ဓိအားကစားကွင်းထဲကို စောစော   ရောက်အောင် သွားဖို့ ပြင်ဆင်ရတယ်။ကွင်းထဲတော့ ရောက်ပါပီ။ အခမ်းအနားပြင် ဆင်ပုံလေးတွေ နဲ့ မိသားစု အလိုက်လဲ အမှတ်တရ ဓာတ်ပုံလေးဘာလေးရိုက်ပေါ့။ ဖွင့်ချိန်က နည်းနည်းလိုသေးတာကိုး။ ဒီလိုပွဲမျိုးဆို တာ မြန်မာ က ၄၄ နှစ်ကြာမှ လုပ်ရတဲ့ ပွဲဆိုတော့ အမှတ်တ ရလေးပေါ့။တဖြည်းဖြည်း အချိန်တွေက ရွေ့လာတာနဲ့ အမျှ ဖွင့်ပွဲ အချိန်ကို ရောက်လာပါပြီ။သက်ဆိုင်ရာ သတ်မှတ်ထားတဲ့ presenter တွေကတင်ဆက်မယ့် programm ကိုကြေငြာပြီး တင်ဆက်နေတာ သတိတောင် မထားမိပါဘူး။မျက်စိထဲ ကိုယ်တွေ့ချင်တာ ကို အသည်းအသန် ရှာနေမိတယ်။ ကျွန်တော်တွေ့ ချင်တာတော့ ထူးထူးခြားခြား မဟုတ်ပါဘူး ကြီးသုံးကြီး ကို အတူတွဲတွေ့ချင်တာ အမှန်ပါပဲ ။ ခင်ဗျား စဉ်းစားကြည့်လေ အခုလို နိုင်ငံဂုဏ်ဆောင် ပွဲတစ်ခုမှာ ကိုယ့်နိုင်ငံ က ကဏ္ဍအသီးသီး က ခေါင်းဆောင် ပါဆိုတဲ့ သူတွေကို ကျွန်တော် အတူတွဲ တွေ့ချင်မိတာ အမှန်ပါပဲ ။ သူတို့ ဘာသာ သူတို့ အယူအဆ မတူလို့ မတူကွဲပြားနေကြ ပေမယ့် နိုင်ငံ ဂုဏ်ဆောင် တဲ့ ပွဲမျိုးမှာ တော့ တစ်စိတ်ထဲ တစ်သဘောတည်း ရှိသင့်တယ်မဟုတ်လား။

ဒါနဲ့ ကျွန်တော် စူးစူးစိုက်စိုက်ရှာပါတယ် ကျွန်တော် တွေ့တာ ကြီး နှစ်ကြီး ပဲ တွေ့တယ်။ဘာကြောင့် ကြီးတစ်ကြီး ပျောက်နေလဲဗျာ။ ကျွန်တော် အဖက်ဖက် က စဉ်းစားကြည့်တယ် ။ ဘာကြောင့် ဒီအခမ်းအနားကို မတက်သလဲ ။ သူ့အတွက် အရေးမကြီးလို့လား ဒါမှ မဟုတ် မဖိတ်လို့လား။ မဖိတ်လို့တော့မဖြစ်နိုင်ဘူး ။ လွှတ်တော် အမတ်တွေတောင် ကြည့်ဖို့ ကားတွေ စီစဉ်ပေးထားတယ်သိရ တယ်။ သူလို တရားဥပဒေစိုးမိုးရေး ကော်မတီ စိုးမိုးရေး ဥက္ကဌ တစ်ယောက် ဆိုရင်တော့ မဖိတ်စရာအကြောင်းမရှိပေါ့။ ဒါဆို ဘာလို့လဲ။ ပြည်သူ တွေနဲ့ တစ်သားတည်း မပျော်နိုင်လို့လား။ စဉ်းစား ရတာတော့ များသားလား။ဟိုတလော က သတင်းအရ သူ ကာတာ ရောက်နေမယ်ထင်တယ်။ဒါကြောင့် လား ဒါဆိုရင်လည်း မဖြစ်သင့်ဘူး ။နိုင်ငံအတွက် ဂုဏ်သိက္ခာ မြှင့်တင်တဲ့ပွဲ ၊ အာရှမှာ မြန်မာကွ လို့ ကျုံးဝါး ကြရမယ့် ပွဲမှာ သူတို့ နိုင်ငံတကာနဲ့ ဆက်ဆံရေး အဆင်ပြေတဲ့ သူတစ်ယောက်ပါ ပါနေရင် မြန်မာ ဘယ်လောက်တောင် ပြည့်စုံနေလိမ့်မလဲ ။သူ့ဘာသာ သူ့ခံယူချက်ကြောင့် အစိုးရကို အတိုက်အခံလုပ်တာ ကို အပြစ်မဆိုချင်ပေမယ့် နိုင်ငံပွဲကို အတိုက်အခံလုပ်ပြီး ကာတာ သွားတာတော့ မဖြစ်သင့်ဘူးလို့ ထင်မိတယ်။စဉ်းစားကြည့်လေ သူသွားတယ်ဆိုတာ ဟာ နိုင်ငံတော်က ၊ လွှတ်တော်က ပေးအပ်တဲ့ တာဝန် နဲ့ နိုင်ငံဆိုင်ရာ ကိစ္စတွေ နှစ်နိုင်ငံချစ်ကြည်ရေး ခရီးစဉ်တွေ သွားတာမျိုးမဟုတ်ဘူး။သူ့ ကိစ္စနဲ့ သူ ဆုသွား ယူတာ ဖြစ်တယ်။သူကြိုးစားမှုကြောင့် ရသည်ဖြစ်စေ အခြားအကြောင်းကြောင့်ရသည်ဖြစ်စေ အရင်ကလည်း ကိုယ်တိုင်သွားမယူခဲ့တာတွေ ရှိတယ်။ဘာကြောင့် အခုမှ တိကျချင်နေရသလဲ ။ ဆီးဂိမ်းကို တမင်ရှောင်ချင်လို့များလား။သို့လော သို့လော နဲ့ တွေးရတာ သိပ်စိတ်နာဖို့ကောင်းပါတယ်။မြန်မာနိုင်ငံ ကို တိုးတက်စေချင်တယ် အဆင့်မှီစေချင်တယ်လို့ ပြောတဲ့သူက အဆင့်မှီအောင်လုပ်တဲ့ပွဲမှာ မတက်ရောက် နိုင်တာ သူ့သဘော သူဆောင်တာပဲ လား မရှုစိမ့်နိုင်တာပဲလား တစ်ခုခုတော့ စဉ်းစားစရာပါပဲ။

နောက်တစ်ခု ကတော့သူဟာ တစ်သက်နဲ့တစ်ကိုး အစိုးရကို ဆန့်ကျင်လာလိုက်တာ ၂၅ နှစ်တောင် ကြာခဲ့ပြီ ။ဘာ အရွေ့တစ်ခုမှ မရှိလို့ပဲ အာစီယံ နိုင်ငံတွေကို မျက်နှာမပြ၀ံ့သလား။ဒါမှ မဟုတ် သူတစ်သက်လုံး ဘူးခံငြင်းလာတဲ့ Myanmar-Burmar ကိစ္စကြောင့်ပဲလား ။ စဉ်းစားကြည့်လေ သူ ဒီပွဲကို တက်လိုက်ရင် Myanmar ဆိုတဲ့ စကားလုံးကို အလိုလိုထောက်ခံလိုက်တာနဲ့ အတူတူပဲ မဟုတ်လား။ဒါ ကြောင့် ယုန်မလေး နှာစေးသလို နဲ့ ကာတာ ဆုယူ သွားလိုက်သလား ။ဒါဆိုရင်တော့ ပြည်သူတွေနဲ့ကျွန်မ တစ်သားတည်းပါ ဆိုတဲ့ စကားဟာ သောင်စပ်က မစင်တုံးလို လှိုင်းပုတ်ရာ မြောရတော့မယ့် ကိန်းဖြစ်နေပြီ။သိပ်ကို မိန်းမဆန်လွန်းပါတယ်။ ဒီလို စိတ်သဘောမျိုးနဲ့ ပြည်သူ ခေါင်းဆောင်လို့မပြောသင့် ဘူးထင်ပါရဲ့။ကဲပါလေ ဘယ်လိုပဲဖြစ်ဖြစ် ဒီဆီးဂိမ်း ဖွင့်ပွဲ အပြီးမှာတော့ နိုင်ငံကို တိုးတက်စေချင်တာ ဂုဏ် တက်စေချင်တာ ဘယ်သူက အမှန် ၊ ဘယ်သူက အသံ ဆိုတာ ကွဲပြားကြလောက်မယ်ထင်ပါတယ်။ ဒါကြောင့်မျက်နှာဖုံးဆိုတာ တစ်ခဏတာပဲ စွပ်လို့ရတာမို့.. ဆင်ဖြူမျက်နှာကို ဆင်မဲဟာ ဘယ်တော့မှ ကြည့်ဝံ့မယ်တော့ မထင်ပါဘူးဗျား ။

ဖိုးဘမောင်

No comments:

Post a Comment