Tuesday, December 17, 2013

ဓမ္မစေတီခေါင်းလောင်းရှာဖွေမှုစတင်

4.12.2013
ရှေးဟောင်းသမိုင်းဝင်ဓမ္မစေတီ
 ခေါင်းလောင်းရှာဖွေမှုကို 
ယ မန်နေ့ က စတင်ဆောင်ရွက်နေ  ပြီဖြစ်ကြောင်း သိရသည်။ဓမ္မစေ တီခေါင်းလောင်းတော်ကြီး ကို ကျိုက်ထီးဆောင်း ဆရာတော် ဦးပညာဒီပ၏ သြဝါဒ နှင့် အညီ ပြန်လည်ဆယ်ယူရေး အခြေစိုက်စခန်းကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသာကေတ ကမ်းလွန် အခြေစိုက် စခန်းဝင်းအရှေ့ မြောက်ထောင့် ရှိ မြေ ကွက် လပ် ပေ ၂ဝဝx၂ဝဝတွင်ခြံစည်းရိုးခတ်ကာ ဆရာတော်ကြီး ၏တပည့်ကိုယ် စား လှယ် ဦးကျော်ဆန်းဦး ဦးဆောင်ပြီး ရှာဖွေရေးကိရိ ယာ များဖြင့်စမ်းသပ် ရှာဖွေလျက်ရှိကြောင်း ရန်ကုန် တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရ သည်။
ဆယ်ယူရေးလုပ်ငန်း ဆောင်ရွက်ရန် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ ဖွဲ့စည်းခွင့်ပြုရေး အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုတင်ပြခဲ့ပြီး အစိုးရ အဖွဲ့က တောင်ပိုင်း ခရိုင် ထွေ/ အုပ်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရေ အရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာန ၊ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကမ်းလွန်ရေနံရှာဖွေရေးလုပ်ငန်း (မြန်မာ့ရေ နံ)၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကိုယ်စားလှယ်တစ်ဦးစီပါဝင်သော အထောက် အ ကူပြုအဖွဲ့ကို ဖွဲ့စည်း ခွင့်ပြုခဲ့ကြောင်းသိရသည်။ ရန်ကုန် မြစ်နှင့် ပဲခူးမြစ်ဆုံရာ ပုဇွန်တောင် ချောင်းအတွင်း လွန်ခဲ့သောနှစ်ပေါင်း များစွာကတည်းကနစ်မြုပ်နေသော ဓမ္မစေ တီခေါင်းလောင်းကြီးဆယ်ယူ ပြီးပါက ရွှေတိဂုံစေတီတော်ပေါ် သို့ပြန်လည်ပို့ဆောင်မည်ဟု ဆရာ တော်ကြီး က မိန့်ကြားထားသည်။ ဆရာတော်ကြီး၏ တပည့်ဒါယကာ တစ်ဦးဖြစ်သူ ဇေကမ္ဘာ ကုမ္ပဏီမှ ဦးဇေသီဟက ''ကျိုက်ထီးဆောင်း ဆရာတော်ကြီးအနေနဲ့ ဒီခေါင်းလောင်း တော်ကြီးကို ဘယ်အချိန်ကတည်း က ပြန်လည်ဖော်ယူဖို့ ပြင်ဆင်ခဲ့ သလဲဆိုတာ သေချာမသိပေမယ့် အတော် ကြာ ပြီလို့တော့ ကျွန်တော့် ကိုယ်ပိုင်ယူဆချက်အရ ထင်မိပါ တယ်။ ဒါပေမယ့် ကျွန်တော့်ကို ဆရာတော်ကြီးကိုယ်တိုင်စပြောတာ ကတော့ ပြီးခဲ့တဲ့ မေလလောက်က ဖြစ်မယ်။ ဒီလိုခေါင်းလောင်းတော် ကြီး ပြန်လည်ဖော်ထုတ်ဖို့ဆိုတာ လွယ်လွယ်နဲ့တော့ မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့်လဲ တူးဖော်ရေးမှာ ပါဝင်တဲ့ တပည့်သာဝကပေါင်း များစွာကို အထပ်ထပ် အကြိမ် ကြိမ် ခေါ်ယူ သြဝါဒပေးစည်းဝေးလျက် ရှိပါတယ်။ စည်းကမ်းတွေချမှတ်၊ ကျင့်ဝတ်တွေ၊ စီမံတာ ဝန်တွေ ခွဲဝေ ပေးရင်း အခိုင်အမာဖွဲ့စည်းလျက်ရှိ ပါတယ်။ခေါင်းလောင်းတော်ကြီးဖော်ယူရာ မှာ ကျိုက်ထီးဆောင်း ဆရာတော်ကြီးရဲ့တပည့်သာဝကတွေရဲ့ငွေကြေးအင်အား၊လူအင်အား သာမက တိုင်းဒေသကြီးအစိုးရအဖွဲ့ နဲ့ရေတပ်အင်အားမှအကူအညီများ ကိုပါအသုံးပြုသွားမှာပါ။ နိုင်ငံခြား အကူအညီများကို လက်ခံဖို့အတွက် တော့ ဆရာတော်ကြီးရဲ့ဆုံးဖြတ် ချက်ပေါ်မှာပဲ မူတည်ပါတယ်။ အချုပ်ပြောရရင်တော့ ဝိဇ္ဇာနှင့်သိပ္ပံ နည်းလမ်း နှစ်သွယ်ကို ဆရာတော် ကြီး အလိုအတိုင်းသာ အ သုံးပြုပြီး ထိမိအောင်မြင်စွာဖော်ထုတ်သွားမှာ ဖြစ်ပါတယ်''ဟု ၄င်း၏ဖေ့စ်ဘုတ် တွင်ဖော်ပြ ထား သည်။

The Union Daily

No comments:

Post a Comment