Wednesday, December 4, 2013

မူးယစ်ဆေးဝါး သုံးတာနဲ့ ပတ်သက်ပြီး န၀ရတ် ဘာပြောသလဲ

လတ်တလောမှာ အင်တာနက်ပေါ်မှာတက်နေတဲ့ န၀ရတ်ရဲ့ သတင်းအချို့နဲ့ပတ် သတ် ပြီး သူမကို အားပေးနေတဲ့ ပရိသတ်တွေ စိုးရိမ်နေကြမှာ အမှန်ပါပဲ။ အဲဒီသတင်းဟာ လွန်ခဲ့တဲ့၅နှစ်ခန့်က စစ်ဆေး ထားတဲ့ စစ်ချက်ဖြစ်နေတာကြောင့် စိုးရိမ်စရာဘာမှ မရှိဘူး လို့ သိရပေမယ့် သူမကို သွားရောက် တွေ့ဆုံပြီး မေးမြန်းကြည့်တဲ့အခါ ဒါဟာဘာမှမဟုတ်တဲ့အကြောင်း၊ အချိန်ကြာနေပြီဖြစ်တဲ့ အတွက် အားပေး နေတဲ့ ပရိသတ်တွေ သူမအတွက် မစိုးရိမ်ကြဖို့နဲ့ သူမဟာ ခု နေအိမ်မှာပဲရှိနေပြီး ပရိ သတ်တွေအတွက် အနုပညာ အလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတဲ့ အကြောင်း၊ အကယ်ဒ မီပွဲအတွက် ရင်ခုန်နေပြီဖြစ်တဲ့အကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

န၀ရတ်ဟာ မကြာခင်မှာကျရောက်တော့မယ့် အကယ်ဒမီပေးပွဲနဲ့ ပတ်သတ်ပြီး ၂၀၁၂ ထဲမှာ ကားပြိုင်နှစ် ကားနဲ့ ပရိသတ်တွေကြား ပွဲဆူနေသူမို့ မေးမြန်းကြည့်တဲ့အခါ ‘အကယ်ဒမီကတော့ တိမ်မင်းသမီး လဲရင်ခုန် တာပဲ။ မွေခံထိုက်သူလဲ ရင်ခုန်တာပဲ။ တိမ်မင်းသမီးကတော့ ပိုပြီးတော့ရစေချင်တာပေါ့နော်။ လူအများကြီးလဲထည့်ထားတယ်။ ဇာတ်ကားတစ်ကားလုံးမှာလဲ ပရိသတ်ကြည့်ရတာအားရတဲ့ ကားတစ် ကားပေါ့။ ဒီကားလေးထဲမှာ ရခဲ့တယ်ဆိုရင် အစ်မ ရိုက်ရကျိုးနပ်တယ်ပေါ့။ ဒါပြည်သူတွေကို ပင်ပင်ပန်း ပန်းနဲ့ ကြိုးစားပြီး ရိုက်ထားတဲ့ ကားတစ်ကားဖြစ်တဲ့အတွက် ပြသမှုအပိုင်းနဲ့ပတ်သတ်ပြီးတော့လဲ ကျေနပ် တယ်။ ရုံတင်တဲ့အခါမှာလဲ န၀ရတ်နဲ့ထပ်တူခံစားပေးတဲ့အတွက် အရမ်းဝမ်းသာတယ်။အကယ်ဒမီရရ၊ မရရ၊ အမြတ်ရရမရရအသာထား ဇာတ်ကားတစ်ကားအနေနဲ့ ဒရမ်မာကားကိုအားပေးတဲ့အတွက်၊ လက်ခံ တဲ့အတွက် ကိုယ့်ရဲ့စိတ်ကူးက သူတို့နဲ့ စိတ်တူကိုယ်တူဖြစ်တဲ့အတွက် နောက်ပိုင်းမှာ ဖန်တီးမှု အပိုင်းနဲ့ ပတ်သတ်ပြီးတော့လဲ ပိုပြီးတော့ အားရှိတယ်။ ဒီကားကို မရိုက်ခင်တုန်းက အရမ်းစဥ်းစားရတယ်။ ဇာတ်က လဲ မင်းသမီးဇာတ်ဖြစ်တဲ့အတွက် ကိုယ်တိုင်မှပဲရမှာ။ ကိုယ်တိုင်ရိုက်ဖို့အတွက် အရင်ဆုံးပိုက်ဆံစုတယ်။ ပြီးတော့ ပါမဲ့သူတွေကို လျာ၊ လျာပြီးတော့မှအားလုံးကွက်တိပဲရွေးထားတဲ့သူတွေက အားလုံးလဲ အဆင်ပြေတယ်။ အားလုံးအထစ်အငေါ့မရှိဘဲ အဆင်ပြေတယ်။’လို့ ပြောပါတယ်။

ပါဝင်တဲ့သရုပ်ဆောင်တွေတစ်ဦးချင်းရဲ့ကြိုးစားအားထုတ်မှုအပိုင်းကိုလည်း သူမက ‘တိမ်မင်းသမီး တစ်ဖွဲ့လုံး ကောင်းလို့လဲ ဇာတ်ကားတစ်ကားလုံးကောင်းသွားတာပါ။ ပြီးတော့ ဒီဇာတ်လေးက အစ်မရဲ့ ပရိသတ်တစ်ယောက်က ပေးတဲ့ဇာတ်လေးပေါ့။ သူတို့ပြောလို့ ကိုယ်ကသိတာဆိုတော့ သူတို့ကိုလဲ ကျေးဇူးဆပ်ချင်ပါတယ်။ အကယ်လို့ရခဲ့တယ်ဆိုရင် အဲဒီပရိသတ်ကို အစ်မလိပ်စာအတိုင်း ဆက်သွယ်ပါ။ ကျေးဇူးဆပ်မယ်လို့ပြောထားပါတယ်။ အစ်မကိုယ်တိုင်ရိုက်ရတာကလဲ ဇာတ်ရုပ်၂ ရုပ်လုံးကကောင်းတယ်။ အစ်မလုပ်ရမလား။ ညီမလုပ်ရမလား ကြည့်တဲ့အချိန်မှာ ၂ ခုစလုံးကကောင်းနေတယ်။ စာရေးဆရာမကလဲ ဗီဒီယိုဆို မရောင်းဘူး။ ရှေ့မှာလဲ ၃ ဦးလောက်လာဝယ်သေးတယ်။ ရုပ်ရှင်ကားကြီးအနေနဲ့ပဲ မျှော်မှန်း ထားတယ်ပေါ့နော်။ အဲဒါနဲ့ပဲ ရုပ်ရှင်ကားကြီးအနေနဲ့ဝယ်ခဲ့တာပေါ့။ ရုံမှာကြည့်တဲ့သူတိုင်း သိပါတယ်။ လာကြည့်တဲ့သူတိုင်းပြန်ထွက်လာရင် မျက်လုံးလေးတွေမို့အစ်နေတာပဲ။ အဲဒါကြောင့် ဒီကားလေးဟာ ပရိသတ်အတွက် အစ်မရဲ့ အနုပညာတာဝန်ကျေတယ် လို့ပြောလို့ရတဲ့ကားလေး တစ်ကားပါ။ ပါတဲ့ဇာတ် ကားနှစ်ကားလုံးက ပင်ပန်းတယ်။ မွေခံထိုက်သူမှာဆိုလဲ ချိုင်းထောက် နဲ့အရမ်း ခက်ခဲပါတယ်။ သူတောင်း စားမအခန်းနဲ့ သားက ဆွမ်းခံကျွေးတဲ့ထမင်းကို ထိုင်စားတယ်။ တိမ်မင်းသမီးကျတော့လဲ လှလှပပ ဟန်ချက်ညီညီနဲ့ ဇာတ်အိမ်တစ်ခုလုံးက ဟာကွက်မရှိအောင်လုပ်ရတာဆိုတော့ တစ်ဖွဲ့လုံးကိုရစေချင် ပါတယ်။ တိမ်မင်းသမီးကိုလဲရစေချင်တယ်။ မွေခံထိုက်သူကိုလဲ ရစေချင်တယ်။ ဆေးစက်ကျရာ အရုပ်ထင် ချင်တယ်။ ကျော်ဟိန်းသမီးဆိုတော့ လောဘကြီးတယ်။ အားလုံးကိုရစေချင်ပါတယ်တဲ့။ အကယ်ဒမီပေးပွဲမှာ ၀တ်မဲ့ဝတ်စုံကိုတော့ တိမ်မင်းသမီးတစ်ကားလုံးကိုချုပ်လုပ်ပေးခဲ့တဲ့ ဒီဇိုင်နာမလတ်ကစီစဉ်ပေးမှာပါ။ မိတ်ကပ်လဲအဲလိုပါပဲ။ ဦးမာပဲပြင်ပေးမှာပါ။ ပိုးထည်ကတော့ မလတ်ကိုပဲစီစဉ်ခိုင်းမယ်ဆိုတော့ လေ။ အစ်မ၀ယ်လာတဲ့ဟာလေးတွေလဲရှိတော့ သူ့ဆီပို့ထားတယ်။ သူပဲစီစဉ်ပေးမှာပါ။’ လို့ပြောပြပေးခဲ့ပါ တယ။်

No comments:

Post a Comment