Thursday, December 5, 2013

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်ကြောကျပ်တည်းမှု ဆက်လက်ဖြစ်ပေါ် နေပါက ခုံးကျော်တံတားများ တည်ဆောက်ရန် အစိုးရအဖွဲ့က လျာထားပြီး ဂျပန်နိုင်ငံနှင့် ဆွေးနွေး

Photo:  တွေ့ရစဉ်ရန်ကုန်တိုင်းအတွင်း ယာဉ်ကြောကျပ်တည်းမှု ဆက်လက်ဖြစ်ပေါ် နေပါက ခုံးကျော်တံတားများ တည်ဆောက်ရန် အစိုးရ အဖွဲ့က လျာထားပြီး ဂျပန်နိုင်ငံနှင့် ဆွေးနွေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က ဒီဇင်ဘာ ၂ ရက်တွင်  ပြောကြားသည်။လက်ရှိအချိန် တွင် လှည်းတန်း၊ ဘုရင့်နောင်၊ ရွှေဂုံတိုင် ခုံးကျော်တံတားများမှာ သတ်မှတ်ချိန်အတွင်း ပြီးစီးခဲ့ပြီး ဖြစ်သည့်အတွက်ယာဉ်ကြောကျပ်တည်းမှုကိုအတန်အသင့် လျှော့ချနိုင်ရန်အစိုးရအဖွဲ့မှ မျှော်မှန်း ထားကြောင်း သိရသည်။
သို့သော် ရန်ကုန်တိုင်းရှိ မြို့နယ်များအတွင်း ယာဉ်ကြောကျပ်တည်းမှုမှာ လျော့ကျသွားခြင်း မရှိ သည့်အပြင် ခုံးကျော်တံတား တည်ဆောက်ပြီးစီးခဲ့သည့် နေရာများဖြစ်သော လှည်းတန်း၊ ဘုရင့်နောင်၊ ရွှေဂုံတိုင်နယ်မြေတစ်ဝိုက်တွင်ယာဉ်ကြောပိတ်မှုမှာဆက်လက်ဖြစ်ပေါ်ဆဲဖြစ်ကြောင်း  ရန် ကုန်မြို့အတွင်း နေထိုင်သူများထံမှ သိရသည်။
အောက်တိုဘာလ အတွင်းက ရထားပို့ဆောင်ရေး ပြည်ထောင်စုဝန်ကြီး၏ ရန်ကုန်ဘူတာကြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားချက်တွင်လည်း ခုံးကျော်တံတားများ တည်ဆောက် မှုမှာ ယာဉ်ကြောပိတ်ဆို့မှုကို အလုံးစုံ လျော့ကျနိုင်ခြင်း ဖြစ်ပေါ်လာဖွယ် မရှိကြောင်း သိရသည်။

"ရန်ကုန်တိုင်း အတွင်းမှာရှိတဲ့ ခုံးကျော်တံတားတွေ အားလုံးအသုံးပြုလို့ ရပြီ။ ဒါပေမဲ့ ယာဉ်ကြော ကျပ် တည်းမှုတွေ ဆက်လက်ဖြစ်ပေါ် နေမယ်ဆိုရင် နောက်ဆက်တွဲတွေ စဉ်စားထားတယ်။ ဘာတွေလဲဆိုတော့ ခုံးကျော်တံတားတွေ ဆက်ပြီးဆောက် လုပ်နိုင်ဖို့အတွက် ဖြစ်တယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားသည်။

ယာဉ်ကြောကျပ်တည်းမှု လျော့ကျခြင်း မရှိပါက ထပ်မံတည်ဆောက်မည့် ခုံးကျော်တံတားများ အတွက် ဂျပန်နိုင်ငံနှင့် အဓိကထား ဆွေးနွေးနေကြောင်း ၀န်ကြီးဦးအောင်ခင်က ဆက် လက်ပြော ကြားသည်။

မည်သည့်နေရာတွင် ဦးစားပေး တည်ဆောက်ရန်နှင့် ဘတ်ဂျက်မည်မျှ လျာထားသည်ကိုမူ လက်ရှိအချိန်တွင် လေ့လာသုံးသပ်မှုများ ပြုလုပ်နေဆဲ အဆင့်တွင် ရှိနေကြောင်း သိရသည်။

ယခင်က ခုံးကျော်တံတားများ ဆောက်လုပ်ရန် အသိပေးခဲ့စဉ်က မြေနီကုန်း လမ်းဆုံနှင့် တာမွေခုံးကျော် တံတားများလည်း ပါဝင်ခဲ့သော်လည်း တည်ဆောက်ရာတွင် ကုန်ကျမည့် ဘတ်ဂျက်အခြေအနေများကြောင့် လက်လျှော့ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတည်ဆောက် ပြီးစီးခဲ့သော ခုံးကျော်တံတားများ အတွက်မူ စုစုပေါင်းငွေ ၄၉ ဒသမ ၃၀၆ ဘီလျံ သုံးစွဲခဲ့ပြီး လှည်းတန်းခုံးကျော် တံတားအတွက် ၁၄ ဒသမ ၄၈၇ ဘီလျံ၊ ရွှေဂုံတိုင် ခုံးကျော်တံတားအတွက် ၁၃ ဒသမ ၃၈၀ ဘီလျံနှင့် ဘုရင့်နောင် ခုံးကျော်တံတား နှစ်စင်း (ဘုရင့်နောင်လမ်းနှင့် သမိုင်းဘူတာရုံ လမ်းပေါ်တို့တွင် တစ်စင်းစီ ထိုးမည်ဖြစ်ပါသည်) အတွက် ၂၁ ဒသမ ၇၄၇ ဘီလျံတို့ကို သုံးစွဲခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ထုတ်ပြန်ထားသည်။

No comments:

Post a Comment