Thursday, December 5, 2013

အနုပညာရှင်တွေနဲ့ ဆေးသုံးစွဲမှုသတင်း အွန်လိုင်းပေါ် မည်သို့မည်ပုံရောက်ရှိလာ

အွန်လိုင်းပေါ်မှာ လတ်တလော 
သတင်းကြီးနေတဲ့ အနုပညာရှင်တွေ
 နဲ့ မူးယစ် ဆေးဝါးဆက်နွှယ်မှု
ကို ပြသတဲ့ စာရွက်စာတမ်းအထောက်

အထားတွေဟာ မှန်သည်ဖြစ်စေ၊ မှား
သည်ဖြစ်စေ အနုပညာအသိုင်း အ၀ိုင်း 
နဲ့ သူတို့တွေကို ချစ်တဲ့ပရိသတ်တွေ
အပေါ် တဒင်္ဂတော့ တုန်လှုပ်စေခဲ့တာ 
အမှန်ပါပဲ။
ယခုဒီဇင်ဘာလဆန်းပိုင်းမှာ ၀က်ဘ်ဆိုက်

တစ်ခုပေါ်ကနေ မင်းသမီးနှစ်ဦး ဖြစ်တဲ့ စိုးမြတ်သူဇာနဲ့န၀ရတ်တို့ရဲ့ ရဲထံ အစစ်ခံချက်တွေ လို့ ထင် ရ  တဲ့ စာရွက်စာတမ်းတွေထဲမှာ နာမည်ကြီး ရုပ်ရှင်မင်းသား၊ မင်းသမီး၊ဒါရိုက်တာနဲ့အဆိုတော်တွေ ရဲ့ အမည်တစ်ဒါဇင် လောက်ကိုပါ ထည့်သွင်းဖော်ပြထားတာကြောင့် အစွပ်စွဲခံအနုပညာ ရှင်တွေ နဲ့ သူတို့ ရဲ့အသိုင်းအ၀ိုင်းကို အရှက်တကွဲအကျိုးနည်းဖြစ်စေတယ်လို့ ထို အမည်စာရင်းတွေထဲမှာပါ တဲ့ အနုပညာရှင်တွေက ဆိုကြပါတယ်။
“ဒီသတင်းက မှန်ချင်မှန်မယ်၊ မှားချင်မှားမယ်။ အဲဒါက အရေးမကြီးပါဘူး။ စစ်အစိုးရအပေါ်မကျေ နပ်မှုကို အနုပညာရှင်တွေကို ခုတုံးလုပ်ပြီး အဲဒီ အွန်လိုင်းစာမျက်နှာနာမည်ကြီးအောင်အသုံးချ တာဟာ အင်မတန်ရိုင်းစိုင်းတဲ့လုပ်ရပ်တစ်ခုပါ”လို့ ဒါရိုက်တာ မောင်မျိုးမင်းကမြန်မာ တိုင်း (မ်) ကို ပြောပါတယ်။
မူးယစ်ဆေးဝါးသုံးစွဲသူအဖြစ် စွပ်စွဲ ဖော်ပြခံရသူစာရင်းထဲမှာ မောင်မျိုးမင်းဟာလည်း တစ်ဦး
အပါ  အ၀င်ဖြစ်ပါတယ်။
နောက်ထပ်ဖော်ပြခံရသူတွေ ထဲမှာ လူမင်း၊ မင်းမော်ကွန်း၊ လွင်မိုး၊ Rဇာနည်၊ ဒါရိုက်တာ မိုက်တီးနဲ့
ကိုဇော် (အရုဏ်ဦး)၊ စိုးမြတ်သူဇာ၊ န၀ရတ်၊ မြတ်ကေသီအောင်၊ ဂန္ထ၀င်၊ ပြည့်ဖူးခိုင် စသူတွေလည်း
ပါဝင်ကြပါတယ်။
ဒီ သတင်းတွေကို Moe Zay Nyein ဆိုတဲ့အမည်နဲ့ ပြုလုပ်ထားတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာရေး သားဖော်ပြခဲ့တာဖြစ်ပြီး တခြားဝက်ဘ်ဆိုက်တွေကလည်း ကူးယူဖော်ပြခဲ့တာဖြစ်ပါတယ်။
“အနုပညာရှင်တွေဟာ နိုင်ငံရေးကို စိတ်မ၀င်စားပါဘူး။ ကာယကံရှင်တွေကလည်း မဟုတ်ဘူးလို့
ငြင်းခဲ့ပြီးပြီ။ ဒါဟာလည်း အတိတ်က အဟောင်းတွေပါ။ အဲဒီထဲက အနုပညာရှင်တချို့ ကွယ်လွန်
သွားပြီ။ အရေးကြီးတာက အခုလက်ရှိမှာ ကျွန်တော်တို့ဘာလုပ်နေသလဲဆိုတာပဲ အရေးကြီးပါ
တယ်” လို့လည်း မောင်မျိုးမင်းက ပြောပါတယ်။
အနုပညာရှင်တွေကို ရဲက စစ်ဆေးထားတဲ့ အစစ်ခံချက်တွေဟာ လျှို့ ၀ှက်ထားရမယ့် စစ်ချက်တွေ
ဖြစ်ပြီး ပြင်ပကို ပေါက်ကြားသွားစေတာဟာ မှတ်တမ်းသိမ်းဆည်းထားသူတွေရဲ့ အားနည်းချက်
တစ်ခုလည်းဖြစ်တယ်လို့ သူက ဆိုလိုက်ပါတယ်။
“အဲဒီအနုပညာရှင်တွေမှာ မိဘတွေ၊ သားသမီးတွေနဲ့ အသိုင်းအ၀ိုင်းတွေ ရှိတယ်။ အဲဒီလို
သတင်းတွေဖြန့်တာဟာ ဦးမျိုးရဲ့ သားသမီး၊ ဆွေမျိုးနဲ့ မိတ်ဆွေတွေ ထိခိုက်နစ်နာရပါတယ်။
နောက်ပြီး ဒီမှတ်တမ်းတွေဟာ ဘာကြောင့် ပျံ့နှံ့ရသလဲ။ မှတ်တမ်းသိမ်း ဆည်းထားတဲ့လူတွေမှာ
တာဝန်ရှိပါတယ်”လို့ မောင်မျိုးမင်းက ပြောပါတယ်။
“ကျွန်တော် သေချာပြောရဲတာက အနုပညာရှင်တွေဟာ မူးယစ်ဆေးဝါးနဲ့ လွတ်ကင်းတယ်။သူတို့ ဟာ ဖြန့်တဲ့ လူတွေ မဟုတ်ဘူး။ ဖြန့်တဲ့လူကို မလိုက်ဘဲ အနုပညာရှင်တွေရဲ့ ဂုဏ်သိက္ခာကိုခုတုံး လုပ်တာဟာ ရိုင်းလွန်းအားကြီးပါတယ်။ ကိုယ်ပိုင်အရည်အချင်းမရှိလို့ အခုလိုလုပ်တာ
လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို အရမ်းထိခိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ မိသားစု၊ အသိုင်းအ၀ိုင်း
ကိုလည်း အရမ်းထိခိုက်ပါတယ်” လို့လည်း သူက ဆက်ပြောပါတယ်။
အဆိုတော်၊ မင်းသမီး ထွန်းအိန္ဒြာဗို ကလည်း “ဒါကတော့ တစ်ကိုယ်ရေ ကိစ္စပါ။ ဘေးကကြည့်
ရ တဲ့ လူတစ်ယောက်အနေနဲ့ ပြောရရင် အပြစ်ရှိတဲ့ လူကို အပြစ်ပေးရမှာမှန်ပေမယ့် သူများ
တစ်ကိုယ်ရေကိစ္စကို လူသိရှင်ကြား ဖွင့်ချတာဟာ မဖြစ်သင့်တဲ့ ကိစ္စပါ။ ဒါဟာ လူတစ်ဖက်သားကို
အရှက်တကွဲ အကျိုးနည်း ဖြစ်စေရုံသက်သက် လုပ်တယ်လို့ မြင်မိပါတယ်”လို့ ပြောပါတယ်။
ဂီတအစည်းအရုံးမှာ အတွင်းရေးမှူး တာဝန်ယူထားတဲ့ အဆိုတော် ဖြူဖြူ ကျော်သိန်းကလည်း
အွန်လိုင်းပေါ်တက်လာတဲ့ မူးယစ်ဆေးဝါးစစ်ဆေး ချက်သတင်းတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ
ဌာနတွေအနေနဲ့ စုံစမ်းစစ်ဆေးတာတွေကို သေသေချာချာ ပြုလုပ်ပြီးတော့ တာဝန်ယူပေးသင့်
တယ်လို့ ပြောပါတယ်။
“အင်တာနက်ပေါ်က ထွက်တဲ့သတင်းဖြစ်တာကြောင့် ဘယ်လောက် ထိမှန်တယ်ဆိုတာ ပြောလို့
မရ ဘူး။ သက်ဆိုင်ရာဌာနကနေ အပြင်ကို မပေါက်ကြားအပ်တာတွေ၊ အထူးလျှို့ဝှက်ချက်တွေ
ဖြစ်နေတယ်။ အပြင်ကို ထွက်လာတယ်ဆိုတာ အဓိပ္ပာယ်မရှိလှဘူး။ အမှန်ဖြစ်တယ်ဆိုရင်လည်း
ဘာကြောင့် ထွက်လာရတာလဲဆိုတာက ဘယ်သူ့မှာ တာဝန်ရှိလဲဆိုတာကိုပဲ စဉ်းစားစရာဖြစ်လာ
တယ်။ အဲဒီ စစ်ဆေးထားတဲ့အဖွဲ့မှာ တာဝန်ရှိတယ်လို့မြင်တယ်”လို့ ပြောပါတယ်။
စစ်ဆေးချက်ထဲမှာပါတဲ့ နာမည်တွေနဲ့ အုတ်အော်သောင်းတင်းဖြစ်နေမယ့်အစား သက်ဆိုင်ရာ
တာဝန်ရှိသူ တွေဘက်ကိုလည်း မေးမြန်းသင့်ပြီး အရေးယူ ဆောင်ရွက်သင့်တယ်လို့လည်း သူက
ထောက်ပြပါတယ်။
“အဲဒီစစ်ချက်မှာပါတဲ့ စစ်ဆေးသူအဖြစ် တာဝန်ခံထားတဲ့ သူတွေကို စုံစမ်းသင့်တယ်လို့ထင်တယ်။
ဒီလိုမျိုး မပေါက်ကြားသင့်တာ၊ လျှို့ဝှက်တာတွေဆိုရင် ရေငုံနှုတ်ပိတ်နေရတာပါပဲ။ ဒါကို အပြင်ကို
ထွက်လာတယ်ဆိုတာက သက်သက်မဲ့ တိုက်ခိုက်တာလည်း ဖြစ်နိုင်တယ်။ လူဆိုတာတော့အမှား ဘယ်ကင်းနိုင်မလဲ။ မစိုး နာမည်နဲ့ ထွက်လာခြင်းအားဖြင့် သူ့ကိုပဲ တိုက်ခိုက်ချင်တာလား၊သူနဲ့  နာ မည်ရှင် တွေကြားကိုပဲ တိုက်ခိုက်ချင်တာလား ဖြစ်ကုန်တာပေါ့” လို့လည်းဖြူဖြူကျော်သိန်း က ဆို ပါတယ်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ကတော့ ထွက်ပေါ်လာတဲ့ မူးယစ်ဆေးဝါးစစ်ဆေးချက်ကြောင့်
ဖြစ်ပေါ်လာတဲ့ အကြောင်းအရာတွေက သက်ဆိုင်ရာ အနုပညာရှင်တွေနဲ့တကွ မိသားစုတွေပါ
ဂုဏ်သိက္ခာ ညှိုးနွမ်းထိခိုက်ရတာကြောင့် အဲဒီလုပ်ရပ်တွေကို ရပ်တန့်ပေးဖို့အတွက် မေတ္တာရပ်ခံ
ချက်တစ်ခုကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။
“ကျွန်တော့်အမြင်အရ ပြောရရင် ကျွန်တော်က ယောက်ျားလေးဆိုပေမယ့် အဲဒီမူးယစ်ဆေးဝါးကို
ငယ်ငယ်ကတည်းကနေ အခုအချိန်အထိ မစမ်းသပ်ခဲ့ဘူးဆိုတာ ကျွန်တော့်ပတ်ဝန်းကျင်နဲ့
ကျွန်တော့်မိတ်ဆွေတွေ အသိပါ။ တကယ်မသုံးစွဲခဲ့ဘူးဆိုတာလည်း ခိုင်ခိုင်မာမာ ပြောရဲပါတယ်။
ပြီးတော့ ဒီလိုမျိုး အွန်လိုင်းကနေတစ်ဆင့် စစ်ဆေးချက်စာရင်းတွေက အမှားတွေပါလို့ ပြောလို့မရ
သလို အမှန်တွေပါလို့လည်း တိတိကျကျ မပြောနိုင်ကြပါဘူး။
“ဒီလိုမျိုး အွန်လိုင်းကနေ ဘယ်သူတင်လိုက်မှန်းမသိတဲ့ စစ်ဆေးချက်စာရင်းထဲမှာ ကျွန်တော့်
နာမည်ပါလာလို့လည်း ကျွန်တော့်ရပ်တည်မှုအတွက် အပြောင်းအလဲ ဖြစ်လာနိုင်စရာ အကြောင်း
မရှိပါဘူး”လို့ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေပြီး မြန်မာနိုင်ငံမူးယစ်ဆေးဝါး
ဆန့်ကျင်ရေးအသင်းမှာလည်း သံတမန်တစ်ဦးအဖြစ် ဆောင်ရွက်နေတဲ့ သရုပ်ဆောင် လူမင်းက
ပြောပါတယ်။
ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ ဦးဇင်ဝိုင်းကတော့ သူ့ရဲ့သား ဖြစ်သူ သရုပ်ဆောင်
မင်းမော်ကွန်းကို အရင်က မူးယစ်ဆေးဝါးအမှုနဲ့ သက်ဆိုင်ရာက ခေါ်ယူတွေ့ဆုံမှုတွေ ရှိခဲ့သလို
တခြားအနုပညာရှင်တွေလည်း ခေါ်ယူဆွေးနွေးတာတွေ ကြုံခဲ့ရဖူးပေမယ့် အခု ပျံ့နှံ့နေတဲ့ သတင်း
ကိုတော့ မှန်မမှန်စိစစ်ဖို့ လိုတယ်လို့ ပြောလိုက်ပါတယ်။
“အခုဖြစ်တဲ့ အဖြစ်အပျက်အရဆိုရင် ၂၀၀၈ ၀န်းကျင်လောက်ကပါ။ အရင်ကဖြစ်တာကို အခုမှ
ပေါ်လာတယ်။ တော်တော်များများက သူတို့ ကိုယ်တိုင်သာမက သူတို့မိသားစု အသိုင်းအ၀ိုင်းတွေ
ပါ ဂုဏ်သိက္ခာညှိုး နွမ်းရတယ်။ ကျွန်တော် အရင်က အမြဲအရက်သောက်နေတဲ့ အရက်သမားပါ။
ဒါပေမဲ့ အခု ကျွန်တော်က လောကအတွက်၊ နိုင်ငံတော်အတွက် တတ်စွမ်းသလောက် လုပ်ဆောင်
နေတာပါပဲ။ ဒါကို ဒီလူအရင်က အရက်သမားဆိုပြီး ဒီလူလုပ်တာ အလကားပဲလို့ ယူဆလို့မရပါ
ဘူး။ ဒီစာရင်းထဲမှာပါတဲ့သူတွေအနေနဲ့က မူးယစ်ဆေးဝါးကို လုံးဝ မပတ်သက်တော့တဲ့သူတွေ
လည်း ရှိပါတယ်။ သူတို့ကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိပါတယ်”လို့ ဆိုပါတယ်။
ခုလိုမျိုး မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဖြစ်ပျက်လာတဲ့ ကိစ္စအ၀၀ဟာလည်း နိုင်ငံတော်ကို
အုပ်ချုပ်ခဲ့တဲ့ အစဉ်အဆက်သော အစိုးရတွေမှာ တာဝန်ရှိတယ်လို့ တရားဝင် ပြောချင်ပါတယ်
လို့လည်း သူက ဆိုပါတယ်။
“ဒီလောကတင်မကပါဘူး။ ပြင်ပက လူငယ်တွေအတွက်ပါ မူးယစ်ဆေးဝါးက ကြီးမားတဲ့ အန္တရာယ်
ကြီးဖြစ်နေပါပြီ။ စွဲနေကြတဲ့ ကလေးတွေအပေါ်တရားခံလို သဘောထားပြီးတော့ ထောင်ဘယ်နှနှစ်
ချလိုက်မယ်ဆိုတဲ့အစား တကယ်ဖြန့်နေတဲ့၊ ရပ်ကွက်ထဲမှာ ဆိုက်ကားသမားကအစ သိတဲ့၊
မူးယစ်ဆေးဝါးကို လက်လီလက်ကား ဖြန့်ချိနေတဲ့ ပုဂ္ဂိုလ်တွေကို ထိထိရောက်ရောက် စုံစမ်း
ဖော်ထုတ်ပေးဖို့ကို ဖခင် တစ်ယောက်အနေနဲ့ရော၊ မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့ပါ
နိုင်ငံတော်သမ္မတကြီးနဲ့တကွ လွှတ်တော်က တာဝန်ရှိသူတွေကိုပါ တရားဝင် တောင်းဆိုပါတယ်”
လို့လည်း ဦးဇင်ဝိုင်းက ပြောပါတယ်။
လျှို့ဝှက်ထားရှိအပ်တဲ့ စာရွက်စာတမ်းတွေ အခုလို လူမှုကွန်ရက်တစ်ခု ဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်ပေါ်
ပျံ့နှံ့တာနဲ့ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “မူးယစ်ဆေးဝါးနဲ့
ပတ်သက်တဲ့ စစ်ဆေးချက်တွေကို မူးယစ်ဌာနက ထိန်းသိမ်းထားတယ်။ ရဲဌာနမှာရှိတဲ့ စာရွက်
စာတမ်းတွေ ဘယ်လောက်ပဲ နှစ်ကြာပါစေ၊ အပြင်ကို ရောင်းချတာမရှိဘူး။ ပြည်ထဲရေးဌာနမှာရှိတဲ့
စက္ကူစက်ရုံကို ပို့အပ်တယ်။ အဲဒီကလည်း စာရွက်စာတမ်းတွေကို ဖျက်ဆီးပြီးတော့ နောက်ထပ်
စာရွက်အသစ်တွေ အဆင့်ဆင့်ထပ် ထုတ်လိုက်တယ်။ တကယ်လို့ ဒီမှတ်တမ်းတွေတင်တဲ့သူကို
သက်ဆိုင်ရာက ဖမ်းမိခဲ့ရင် မြန်မာနိုင်ငံ လျှို့ဝှက်ချက် အက်ဥပဒေအရ အမှုဖွင့်အရေးယူလို့ရတယ်”
လို့ မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
ဇွန်ပန်းပွင့်နှင့် နန္ဒာအောင်

No comments:

Post a Comment