Wednesday, December 4, 2013

ဒေါ်စု စကားရှေ့နောက် မညီကြောင်း ဦးရဲထွဋ် ထောက်ပြ

"ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကိုက
 မေလကုန်ခါနီးလောက်က လွှတ်တော်မှာ 
 မီဒီယာတွေနဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့
 တွေ့တဲ့အခါမှာ ဒေါ်အောင်ဆန်း စုကြည်
က ဘာပြောခဲ့လည်းဆိုတော့ ဖွဲ့စည်းပုံ
အခြေခံဥပဒေနဲ့ ပတ်သက်ပြီး သမ္မတကြီး
မှာ ပြောပိုင်ခွင့်မရှိဘူး လို့ ထင်တယ်... 
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ 
ပတ်သက်လို့ လွှတ်တော်နဲ့ ပဲဆိုင်တယ်.. 
လွှတ်တော်က ဆုံးဖြတ်ရင် ပိုကောင်း
မယ်ထင်တယ်.... လို့ ပြောခဲ့တယ်  
 ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကမ်းလှမ်း 
ချက်ကို နိုင်ငံတော်သမ္မတက ငြင်းပယ်
တာမဟုတ်ပါဘူး..."လို့ သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်မှ ထောက်ပြဝေ ဖန်လိုက်သည်။
အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံရန် ကမ်းလှမ်းချက်ကို

သမ္မတ ပြောရေးဆိုခွင့်ရှိသူက တွေ့ဆုံရန် မသင့်တော်ကြောင်း ပြောကြားခြင်းသည် ဒီမိုကရေစီ အရေးနှင့် ပြုပြင်ပြောင်းလဲရေးကို မလိုလားခြင်း ဖြစ်ကြောင်း NLD ပါတီက ဒီဇင်ဘာလ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာချက်ကို ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
“သမ္မတကြီးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ ငြင်းပယ်ခြင်း မဟုတ်ပါဘူး။ညှိနှိုင်း ဆွေးနွေး ဖို့ကို အလေးအနက် လက်ခံထားပြီးသားပါ။ လက်ရှိ အခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေး ဆောင် ရွက်နေမှုတွေကို ခြုံငုံ သုံးသပ်ပြီး ပြန်ကြားရခြင်းပဲ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
နိုင်ငံတော်သမ္မတအနေနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့်သီးသန့် တွေ့ဆုံလေ့ရှိပြီးအခြေခံဥပဒေ ပြင် ဆင်ရေး ကိစ္စသည် ဥပဒေပြုရေး မဏ္ဍိုင်၏ လုပ်ပိုင်ခွင့်ဖြစ်သော ပြည်ထောင်စုလွှတ်တော်မှ အဆိုတင်သွင်း အတည်ပြုချက် ရယူသင့်သောကြောင့် လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာကို စောင့်ဆိုင်းရန် ပြောကြားခြင်း ဖြစ်ကြောင်း ဦးရဲထွဋ်က ရှင်းလင်းပြောကြားသည်။
အခြေခံဥပဒေ ပြင်ဆင်ရေးတွင် အစိုးရက ပြောကြားချက်များသည် အချိန်ရွှေ့ဆိုင်းစေရန် ပြော ကြားခြင်း ဖြစ်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ အတွက် ပြုပြင်ပြောင်းလဲရေး ကို နှောင့်နှေးစေသောကြောင့် လက်မခံနိုင်ကြောင်း NLD ၏ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင် ငံတော် သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌများနှင့် တွေ့ဆုံရန်အတွက် နိုင်ငံတော် သမ္မတရုံး သို့ နိုဝင်ဘာ ၂၃ ရက်တွင် မေတ္တာရပ်ခံစာ ပေးပို့ထားသည်။

No comments:

Post a Comment