Saturday, December 14, 2013

ဆီးဂိမ်းဖွင့်ပွဲ အခမ်းအနားအပေါ် ဒေသတွင်း နိုင်ငံများမှ ခေါင်းဆောင်များက ချီးကျူး

ဆီးဂိမ်းအားကစားပွဲတစ်ခုသို့ လာရောက်အားပေးနေသည့် ကလေးငယ်တစ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - ရဲနောင်(ဖယ်ခုံ)/ရန်ကုန်တိုင်းမ်
ရန်ကုန် ၊ ဒီဇင်ဘာ ၁၂
(၂၇) ကြိမ်မြောက် အရှေ့တောင် အာ ရှပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ပြိုင် ပွဲဝင်ဒေ သတွင်း နိုင်ငံများမှအ ဆင့်မြင့်အရာရှိကြီးများက မြန်မာ နိုင်ငံဖွင့်ပွဲအခမ်းအနား၏ ကြီး ကျယ် ခမ်းနား မှုအပေါ်ထုတ်ဖော် ချီးကျူးမှုများပြုလုပ်ခဲ့ကြကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ အဆင့် မြင့်  အရာ ရှိကြီး တစ်ဦးက ပြောသည်။ ''ဒီပွဲကို အင်ဒိုနီးရှားက သူ တို့ဆီးဂိမ်းဖွင့်ပွဲထက် ပိုကောင်း တယ်လို့ ချီးကျူး သွား တယ်။ စင် ကာပူ ကတော့ တော်တော်လေး သဘောကျသွား တယ်။ လာမယ့် သူတို့ ဆီးဂိမ်း အလှည့် ဖွင့် ပွဲမှာ ပို ကောင်းအောင် ဘယ်လိုစီမံရမလဲ ဆိုတာ စဉ်း စား ရတော့မယ်လို့ ပြော သွားတယ်''ဟု အဆိုပါ အဆင့်မြင့် အရာရှိကြီးက ရန်ကုန်တိုင်းမ်နေ့ စဉ်သ တင်းစာ သို့ ပြောသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီး၊ လာအိုနိုင်ငံ သမ္မတမစ္စတာ ကျူမာလီ ဆိုင်ည ဆွန်နှင့် ဇနီး၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ဇနီး၊ ပြည်ထောင်စုလွှတ်တော် နာ ယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌသူရ ဦးရွှေမန်း နှင့် ဇနီး၊ အမျိုးသားလွှတ် တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် ဇနီး၊ တရုတ်နိုင်ငံမှ ဒုတိယဝန်ကြီး ချုပ်၊ ထိုင်းနိုင်ငံမှ ဒုတိယဝန်ကြီး ချုပ်၊ ဘရူနိုင်းနိုင်ငံမှ အိမ်ရှေ့မင်း သား၊ တရုတ်နှင့် အာဆီယံနိုင်ငံများ မှ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  မြန်မာ နိုင်ငံ အစိုး ရ အဖွဲ့ဝင်ဝန်ကြီးများ နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြောင်း သိရသည်။

ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် ကြူက ''နိုင်ငံတော်သမ္မတကြီး ပြောသလို We can Do  ကို မိမိ တို့လဲလုပ်နိုင်တယ်ဆိုတာ ပြသ ထားတယ်''ဟု ဖြေကြားထားပြီး ဖွင့်ပွဲအခမ်းအနားကျင်းပနေစဉ် တွင် မြန်မာနိုင်ငံ က လုပ်ပြ ထား သည်ကို နိုင်ငံတကာမှ တအံ့တဩ ဖြစ်ခဲ့ရသည်။

(၂၇) ကြိမ်မြောက် အရှေ့တောင် အာ ရှပြိုင်ပွဲ ဆီးဂိမ်းဖွင့်ပွဲ အခမ်းအနားပြုလုပ်စဉ်။  
Photo by: Ye` Naung(Phe`Khon)/Yangon Times
ဖွင့်ပွဲအခမ်းအနားတွင် လူ အင်အား ၈ဝဝဝကျော်ကို နည်း ပညာဖန်တီးမှုများစွာဖြင့် တခမ်း တနားစီစဉ်နိုင်ခဲ့သဖြင့် တက်ရောက် လာကြသည့်  ဒေသတွင်းနိုင်ငံများ မှ အဆင့်မြင့်အရာရှိများ၊ နိုင်ငံ အတွင်းမှ သံတမန်များ၊ ဖွင့်ပွဲအ ခမ်း အနား ကြည့်ရန် နိုင်ငံတစ်ဝန်းမှ လာရောက်ကြ သည့် ပြည်သူ များ၊ ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ပေး နေသည်ကို ကြည့်ရှုအားပေးနေ သည့်ပြည် သူများ၊ ပြည်ပရောက် မြန်မာများက အွန်လိုင်းမှတစ်ဆင့် စောင့်ကြည့်အားပေးကာ ချီးကျူး မ ဆုံး ဖြစ် ခဲ့ ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဒေါ်စန္ဒာမင်းက သူ၏ ဖေ့စ်ဘွတ်ခ်တွင် ''အဲဒါ မြန်မာ ပါ။ ကျွန်မဂုဏ်ယူတယ်။ ဘယ်သူ အုပ်ချုပ်နေတဲ့အချိန်ဖြစ်ဖြစ် လုပ် ပြနိုင်ရမယ်။ ငါတို့တိုင်းပြည် မညံ့ ဘူးဆိုတာ''ဟု ရေးသားထားသည်။ ''ကျွန်တော် က လမ်းဘေး LED ဘေဘုတ်ကနေကြည့်နေ တာ။ အဲဒီမှာ အံ့ဩသွားတာက တိုင်းရင်းသားပေါင်းစုံနဲ့ မြန်မာ နိုင်ငံပုံကိုကြည့်လိုက်တာနဲ့ အံ့ဩ မှင်တက်သွားတယ်။ အဲဒီလောက် အထိ ခမ်းခမ်းနားနားလုပ်နိုင်မယ် လို့မထင်ခဲ့ ဘူး'' ဟု  ရန်ကုန်မြို့ နေ ဦးကျော်ဇေက ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံဆီး ဂိမ်းဖွင့်ပွဲအခမ်းအနားကို ပြည်ပရုပ် သံများက တိုက်ရိုက်ထုတ်လွှင့်မှုပြ သခဲ့ရာ နိုင်ငံတကာမှပြည်သူများ မြင်တွေ့ခဲ့ကြပြီး တအံ့တဩဖြစ် ခဲ့ရကာ ဒေသတွင်းနိုင်ငံများမှမီဒီ ယာများစာမျက်နှာတွင် ဖွင့်ပွဲအ ခမ်းအနားနှင့်ပတ်သက်၍ ချီးကျုး ရေးသားမှုများပြုလုပ်ခဲ့ကြသည်။ အဆိုပါဆီးဂိမ်းဖွင့်ပွဲအတွက် ငွေကျပ်သန်းပေါင်းများစွာ အသုံး ပြုခဲ့မှုအား ဝေဖန်မှုများလည်းရှိ နေကြောင်း သိရသည်။

No comments:

Post a Comment