Tuesday, December 3, 2013

မိုးဇေငြိမ်းဘယ်သူလဲသိတဲ့ စိုးမြတ်သူဇာ ဖြေရှင်းချက်ထုတ်

From : ..SOEMYAT THUZAR
ပရိတ်သတ်များရှင်
ဒီရက်ပိုင်းအတွင်း FB စာမျက်နာပေါ်သို့ ရောက်လာသည့်
ကျမ နှင့် ပတ်သက်သော အကြောင်းအရာများနှင့် ပတ် သက်ပီးကျမ မိသားစု မိတ်ဆွေသူငယ်ချင်းများ အပါအဝင်
ကျမကို သံယောဇဉ် ရှိကြတဲ့ ပရိတ်သတ်များ အားလုံး
စိတ်အနှောက်အရှက် များစွာဖြစ်ရသလိုကာယကံရှင်  ကျမကိုယ်တိုင်လဲ အတိုင်းအဆမရှိ စိတ်ထဲမှာ ထိ ခိုက် နာကျင်ရပါတယ်
Moe Zay Nyein ကိုကျမ မသိပါဘယ်လိုရည်ရွယ် ချက် နဲ့ ဒီလိုလုပ်ရပ်ကို လုပ်ခဲ့လဲ ဆိုတာကိုလည်း ကျမ နားမလည် ပါသူတင်ပြထားတဲ့ အကြောင်းအရာများကို မှန်ကန်ပါတယ် လို့ တစ်ဦးတစ်ယောက်ကမှ မထောက်ခံထားသလို လုံးဝ အမှန်လို့လဲ မယူဆသင့်ပါ
အခြေအနေမှန်ကို သေချာမသိဘဲ ဝင်ရေးထားတဲ့ comment နှစ်ခုလောက်ကို မြင်ရတဲ့အခါ
ကျမ တော်တော် ကို စိတ်ပျက်မိပါတယ်
အနုပညာရှင်တွေဟာ စည်းကမ်းမရှိ အရှက်အကြောက်မရှိ ဥပဒေ ဘောင်တွင်း တကယ် နိုင်ငံတော် အစိုးရက ဒီတိုင်းကြည့်မနေဘဲ ထိထိရောက်ရောက်အပြစ်ပေးခဲ့တာ လူတိုင်းလဲ သိကြ ပါ တယ်
nobody perfect ဆိုပေမဲ့ perfect ဖြစ်တဲ့သူတွေလဲ အများကြီးရှိနိုင်ပါတယ်သေချာတာ က ကျမ ဟာ perfect မဟုတ်ဘူး ဆိုတာပါဘဲကျမ မှာ အားနဲချက် ချို့ယွင်းချက်တွေ အများကြီးရှိသလို အမှားမရှိ အပြစ်ကင်းတဲ့ လူမျိုးလဲ မဟုတ်ပါဘူး

ကျမ အသက် ၄၂ နှစ်ရှိပါပြီ လက်ရှိမိဘ တွေနဲ့ တူတူနေပြီးကျမ ကျွမ်းကျင် တဲ့ အသက်မွေး ဝမ်းကျောင်းပညာနဲ့ လူ့ပါတ်ဝန်းကျင် အသိုင်းအဝိုင်း မှာ ရိုးသားစွာ နေထိုင်ပြီး တင့်တယ်အောင် ရပ် တည်နေပါတယ် အခုကိစ္စမှာ ကျမကို မရည်ရွယ်လဲကျမ ဓါတ်ပုံ နဲ့ ခေါင်း စဉ် တတ် အကြောင်းအရာတွေကိုတော့ကျမ အနေနဲ့ အင်မတန် ခံရခက်ပါတယ်
နိုင်ငံရေး နားလည်သည့် အသိ ဥာဏ်မျိုး မရှိတဲ့ အတွက် နိုင်ငံရေးကို စိတ်မဝင်စားပေမဲ့ ဒီနိုင်ငံ သူ တစ်ယောက်အနေနဲ့နိုင်ငံ့အရေးကိုတော့ ကျမ စိတ်ဝင်စားပါတယ်ပစ္စုပ္ပန်ကာလ မှာ ရုပ်ရှင် မင်းသမီးတစ်ယောက်ဖြစ်နေတဲ့ အတွက် ကျမ နဲ့သက်ဆိုင်သော ကိစ္စ များကိုဘဲ ကျမ စိတ်ဝင် စားပါတယ် ကျမ အလုပ်ကို လေးလေးစားစား လုပ်ပါတယ်
ံဘယ်သူ့ကိုမှ အနိုင်မ ယူ ဘ်ာသူ့ကိုမှ အရူံး မပေး Win win situation ကို လက်ခံကျင့်သုံးပါ တယ်ကျမ life ကို Day by day ဖြတ်သမ်းပါတယ် ကျမ ပျော်ပျော်နေတတ်ပေမဲ့ ဘယ်တုန်းက မှ ပေါ့ပေါ့ မနေခဲ့ပါဘူး
့ကျမ life perfect မဖြစ်ပေမဲ့ ဒီနေ့ဒီအချိန်ထိ ကျမကြောင့် ဘယ်တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာအောင် ပျက်ဆီး ဆုံးရူံးအောင် ဆိုးဝါးတဲ့ အမှားမျိုး အပြစ်မျိုး မလုပ်ခဲ့တဲ့အတွက်
ဒီအသက်မရွယ်ထိ ဒီနေရာမှာ ကျမ ရပ်တည်ခွင့် ရနေတာ လူတိုင်းအမြင်ပါဘဲလိပ့်ပြာသန့်တဲ့အ  တွက် ကျမ ဘဝက မင်္ဂလာ ရှိပါတယ်
MZN ရဲ့အမှန်တရားဖော်ထုတ်တဲ့ ကိစ္စက ကျမတင်မက အကြောင်းအရာ ထဲမှာနံမည်ပါတဲ့ လုပ်ဖော် ကိုင်ဖက် ကျမရဲ့ အနုပညာရှင်မောင်နှမတွေ ကိုပါ အများကြီး ထိခိုက်နစ်စေပါတယ်
မိသားစုတွေ ရှိကြတဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက် အပြန် အလှန်လေးစားတဲ့ ဆက်ဆံရေး ကို ပျက်ဆီးစေပါတယ် သံသယ တွေနဲ့ ရင်းနှီးမူ ကို ဒုက္ခ ရောက်စေပါတယ်
အဘယ်သူ့အတွက်မှ အကျိုးမရှိဘဲ အများအတွက်နစ်နာဆုံးရူံးမူကို ဖြစ်စေတဲ့လုပ်ဆောင်ချက်တွေ ဟာ ဘယ်လောက်ဘဲ ( အမှန် ) ဖြစ်နေပါစေ နောက်ဆုံးမှာ ( အမှား ) ဖြစ်စေပါတယ်
ပရိတ်သတ်များရှင်
MZN တင်ပြချက်မှာပါတဲ့ ကျမနဲ့ပတ်သက်တဲ့ ဓါတ်ပုံအပါအဝင် အကြောင်းအရာ အရာအားလုံး ကို ကျမ လုံးဝ လက်မခံပါဘူး အစစ်မှန်ဆိုတာကိုလဲ မယုံတဲ့ အတွက် အသိအမှတ်လဲ မပြုပါဘူး
ကျမ အတွက် အချိန်က ဘဝ ပါဘဝကို တန်ဖိုးထားသလို အချိန်ကိုလဲ ကျမ အရမ်းတန်ဖိုး ထားပါ တယ်
ကျမရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကိုအကုန်ခံပြီး ဒီလိုပြန်ရှင်းပြရတာ ကျမကို ချစ်တဲ့ လေးစားကြတဲ့ ပရိတ်သတ်တွေကို ကျမ တန်ဖိုးထားထားလို့ပါ ကျမ အတွက် နံပါတ် တစ် ဦး စားပေး အရေးပါ တဲ့ လူတွေထဲမှာ ပရိတ်သတ်များ ပါပါတယ်ဆက်လျှောက်ဖို့ ကျန်နေသေးတဲ့ ခရီးမှာ ကျမကို လက်တွဲထားမဲ့ အဖော်ကောင်း မပါပေမဲ့ မိတ်ဆွေကောင်းတွေကို လက်တွဲပြီး ပရိတ်သတ်ပေးတဲ့ ခွန်အားတွေနဲ့ ကျမ ဆက်လျှောက်ချင်ပါတယ်

MZH က comment တစ်ခုမှာ မကြီးစိုး စဆရ လို့ သုံးနူန်းထားပါတယ် စစ်သားသားသမီးဖြစ် လို့ ဒီအသုံးအနူံးကို ကျမ နားလည်ပါတယ်
ဦး MZN ရှင်
( ဦးနဲ့ပတ်သက်လို့ အနဲငယ် သိထားတဲ့ အတွက် ဦးတတ်ပြီး ခေါ လိုက်တာပါ ) ဦးပြောသ လို အကြောင်း အရာတွေ ချန်ထားခဲ့လို့ ဆိုပြီး မရှိတဲ့ အကြောင်းအရာ တွေ အတွက် ကျမ ကတော့ ဘယ်တော့မှ ကျေးဇူးတင်မှာ မဟုတ်ပါဘူးရှင်
ဒါပေမဲ့
ဦးပြောတဲ့ အသုံးနူန်းတိုင်း ပြောရရင်ကျမ အတွက် MZN စဆရ မှာ မိတ်ဆွေကောင်းတွေ အများ ကြီး ထပ်ရလိုက်လို့ ဒီအတွက်တော့ ဦး ကို ကျေးဇူးတင်မိပါတယ်
ဘယ်သူ နဲ့မှ ရေရှည် အခြေ အတင် မဖြစ်ချင်တာ ကျမ ဆန္ဒ ပါ လူမူဆက်ဆံရေးဟာ လူ တစ်ယောက် အတွက် အရေးကြီးဆုံး ကဏ္ဍ ပါ လူမူဆက်ဆံရေး မပြေလည်ရင် တခြား ဘယ်အ ရာ မှ အဆင်ပြေမှာ မဟုတ်ပါဘူး
ကျမ နိုင်ငံခြားမှာနေရတဲ့ အချိန်မှာ သိခဲ့တဲ့ ဥပဒေ တစ်ခု ရှိပါတယ်
ဘယ်နိုင်ငံမှာဘဲ နေနေနိုင်ငံတိုင်းရဲ့ ဥပဒေ မှာ တူညီတဲ့ ဥပဒေ တစ်ခုတော့ ရှိပါတယ်
အနုပ ညာ ရှင်များ (သို့) အောင်မြင်ထင်ရှား လူသိများသူတွေရဲ့ ပုဂ္ဂိုလ် ရေးဆိုင်ရာတွေကို
(၁) ကာယကံရဲ့ ခွင့်ပြုချက်မရရှိပါက
(၂) တရားဥပဒေအရ အကြောင်းမတိုက်ဆိုင် (သို့) တရားရုံးမှ ခွင့်ပြုချက်မရရှိပါက
(၃) လက်ရှိ အပြည်ပြည်ဆိုင်ရာ အကြမ်းဖက် ကျုးလွန်နေသူဟု ခိုင်လုံသော သတင်း အထောက် အထား မရှိပါကဘယ်တော့မှ လူအများမြင်သာတဲ့ နေရာတွေမှာ ဖြန့်ဝေ နိုင်ခွင့် မရှိဘူး
ဆိုတာ ပါဘဲ
ကျမကတော့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ အနေခက် တာမျိုး မဖြစ်စေချင် သလို ဥပဒေ နဲ့ စကားပြောရတာမျိုးတွေ အထိ လဲ အလုပ်တွေ မရူပ်ချင်ပါအဲဒါကြောင့် ဒါနဲ့ ပတ်သက်ပြီး ပထမဆုံးနဲ့ နောက်

No comments:

Post a Comment