Tuesday, December 3, 2013

"လေဆိပ်တွင် ဝယ်ယူသော ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် သေနတ်"

လေဆိပ်ထဲတွင် အလွယ်တကူ ဝယ်ယူရရှိနိုင် မည့် ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် သေနတ်
တစ်လက်ကို လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများ က လက်တွေ့ ပြသခဲ့သည်။ ထို့ကြောင့် ကမ္ဘာ့လေ ဆိပ် အသီးသီးတွင် လုံခြုံရေး အဆင့်ကို အမြင့်ဆုံးထိ မြှင့်တင်နေသည့်တိုင် ယိုပေါက်များ ရှိနေနိုင်ဆဲဖြစ်ကြောင်း သတိပေး တပ်လှန့်မှုတစ်ခုလည်း ဖြစ်လာသည်။ လုံခြုံရေး ဆိုင်ရာ နည်းပညာ ကျွမ်းကျင်သူများသည် ဆံပင်အခြောက်ခံစက်၊ သံလိုက်ငယ်များ၊ ဓာတ်ခဲလေး များ၊ ခေါင်းစည်းကြိုး၊ ကွန်ဒုံးစသည့် အလွယ်တကူ ဝယ်ယူရရှိနိုင်သော ပစ္စည်းလေးများ ကို သေနတ် တစ်လက် ဖြစ်လာအောင် စုစည်းတည်ဆောက်ပြခဲ့သည်။ ယင်းပစ္စည်းအားလုံး ကို လေဆိပ်ထဲရှိ ဆိုင်ခန်းများတွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ထိုသေနတ်ကို တည်ဆောက်ရာတွင် မဂ္ဂဇင်းစာအုပ်ကိုလိပ်ကာ ပြောင်းအဖြစ် အသုံးပြုပြီး သွားကြားထိုးသည့် ပိုးချည်မျှင်ကဲ့သို့ အသေးအမွှား ပစ္စည်းလေးများဖြင့် နေရာတကျ ဆက်သွယ် ချိတ်ဆက်ခဲ့သည်။ ကျည်တောင့်အဖြစ် Red Bull သံဖြူဘူးထဲတွင် (၁)အောင်စ အလေးချိန်ရှိ Axe Sprayဘူးနှင့် ရေထည့်ထားသည့် ကွန်ဒုံး၊ လစ်သီယမ် သတ္တုတို့ကို ထည့်သွင်းအသုံးပြုခဲ့သည်။ ထိုပစ္စည်းများ ဓာတ်ပြုသည့်အခါ အလွန်ပြင်းထန်သည့် ပေါက်ကွဲတွန်းကန်မှုဖြစ်ပြီး သေနတ်ဖြင့် ပစ်ခတ်လိုက်သည့် သက်ရောက်မှုမျိုး ဖြစ်လာသည်ကို ဗီဒီယို မှတ်တမ်းတင်မှုများ အရ တွေ့ ရှိနိုင်ခဲ့သည်။

quot;ဒီနည်းကိုသာ အကြမ်းဖက်သမား တစ်ယောက်ယောက်က တကယ်တမ်း ထုတ်သုံးခဲ့မယ်ဆိုရင် ကျွန်တော်တို့ တားဆီးနိုင်ဖို့ အချိန်တော်တော် နောက်ကျနေလောက်ပြီ"ဟု အီဗန်ဘုသ်က ဆိုသည်။ ၎င်းသည် အရှေ့တင်နက်ဆီ တက္ကသိုလ်သို့ တက်ရောက်နေပြီး ဒီဂျစ်တယ် မီဒီယာ ပညာရပ်ကို အထူးပြု သင်ယူနေသူ တစ်ဦးဖြစ်သည်။ အကြမ်းဖက်သမား တစ်ဦးသည် လေဆိပ် ထဲသို့ မည်သည့်ဖောက်ခွဲရေး ပစ္စည်းကိုမျှ မယူဆောင်ဘဲ ဝင်ရောက်လာပြီး အတွင်းပိုင်း၌ သေ နတ်တစ် လက်ကို လျင်လျင်မြန်မြန် တည်ဆောက်နိုင်လိမ့်မည်ဟု ၎င်းက ထောက်ပြခဲ့သည်။ ယခင် က လည်း အပျော်တမ်း လုံခြုံရေး အကြံပေး တစ်ဦးသည် လေဆိပ်ထဲ၌ ဝယ်ယူနိုင်သည့် ပစ္စည်းများ ကို စုပေါင်းပြီး ဒူးလေးတစ်လက် တည်ဆောက်ပုံကို လက်တွေ့ပြသဖူးကြောင်း သိရှိရသည်။

Planet Myanmar Network

No comments:

Post a Comment