Tuesday, November 5, 2013

အသစ်ထွက်ရှိမည့် iPhone နှင့်ပတ်သက်၍ ကောလာဟလများ ထွက်ပေါ်လာ

iPhone 6 ဟု ယေဘုယျ အမည်ပေး
ထားသည့် ဖုန်းအသစ်နှင့် ပတ်သက်ပြီး
 ဖြစ်နိုင်ခြေများကို ဂျပန်နိုင်ငံထုတ် 
နည်းပညာ မဂ္ဂဇင်း တစ်စောင်က
 စတင်ဖော်ထုတ် ရေးသားလာသည်။
   iPhone 5S အသစ်ထွက်ပေါ်လာ
သည်မှာ မကြာလှသေးသော်လည်း နောက်ထပ် မျိုးဆက်သစ် iPhoneအတွက် ကောလာဟလများ ထွက်ပေါ်လာပြီ ဖြစ်သည်။ iPhone 6ဟု ယေဘုယျ အမည်ပေးထားသည့် ဖုန်းအသစ်နှင့် ပတ်သက်ပြီး ဖြစ်နိုင်ခြေများကို ဂျပန်နိုင်ငံထုတ် နည်းပညာ မဂ္ဂဇင်း တစ်စောင်က စတင်ဖော်ထုတ် ရေးသားလာခဲ့သည်။ Apple ထုတ်ကုန်များအကြောင်း အနုစိတ် ဖော်ပြလေ့ရှိသည့် Mac Fan မဂ္ဂဇင်းက (၂၀၁၄)ခုနှစ်၊ စက်တင်ဘာလတွင် iPhone 6ကို Appleက စတင်မိတ်ဆက် ရောင်းချလိမ့်မည်ဟု အခိုင်အမာ ဟောကိန်းထုတ်ခဲ့သည်။ အဆိုပါ ဖုန်းသည် Full HD ပုံရိပ်ဖော် အရည်အသွေးကို ထောက်ပံ့သည့် (၅)လက်မအရွယ် Retina Displyဖြင့် ပွဲထွက်လာမည်ဟု မဂ္ဂဇင်းက ဆိုသည်။

No comments:

Post a Comment