Saturday, November 16, 2013

၁၉ လမ်းက ကြေးအိုးဆိုင်

၁၉  လမ်းကြေးအိုးဆိုတာ ကြေးအိုးတစ်ပွဲ 
 နှစ်ကျပ်ခွဲခေါတ်လောက်ကရန်ကုန်မြို့ 
တစ်ခွင်မှာ ထိပ်တန်းပါဘဲ၊ ကြေးအိုး
စားရင် ကုဆိုင်ရွက်ပေးတဲ့ကာလပေါ့။
နာမည်ကြီးအောင်မြင်လာတော့ စီးပွားတူယှဉ်ပြိုင်သူ၊ မနာလိုသူများ၏
ယှဉ်ပြိုင်တိုက်ခိုက်မှုများနဲ့ကြုံရတော့ တယ်။ ဈေးနှုန်းလျှော့ပြီးယှဉ်ကြ၏။
မနိုင်ခဲ့ကြပါ။ အရသာ၊ ဝန်ဆောင်မှူနဲ့ 
စားသုံးသူခိုင်မာနေတဲ့ဆိုင်ကို
မယှဉ်နိုင်ကြပါ။ဘယ်လိုမှမယှဉ်နိုင်ကြ 
တဲ့အခြေမှာ ကောလာဟာလတစ်ခု
ထွက်လာသည်။
" ရန်ကုန်ဆေးရုံကြီး၊ ရင်ခွဲရုံကထွက်တဲ့ လူ့အသည်း၊  ကလီစာများကိုရင်ခွဲရုံဝန်ထမ်းများ ထံ မှ ဈေးပေါပေါနဲ့ဝယ်ပြီးကြေးအိုးထဲထဲ့ချက်သည် " တဲ့.!စားသုံးသူများ ရှော့ခ်ရသွား သည်၊ ထပ်ဆင့် သတင်းကပလူပျံထွက်လာသည်။
" ရင်ခွဲရုံဝန်ထမ်းများကို ၁၉ လမ်းကြေးအိုးဆိုင်မှာ အိပ်ကြီးများနှင့်တွေ့ရသည် "
ဒီတစ်ခေါက်ကတော့သတင်းဖြစ်သွားသည်၊ ဓါတ်ပုံများကလူထုကြားပျံ့နှံ့သွားပြီ၊ ၁၉ လမ်းကြေး အိုး ဆိုင်ကျီးနှင့်ဖုတ်ဖုတ်ဖြစ်သွားပါပြီ၊ C.I.D ကလည်းဝင်လာပါပြီ၊
၁၉လမ်းဆိုင်က သတင်းမှားဖြစ်ကြောင်းငြင်းဆိုခဲ့ပါတယ်၊ C.I.D စစ်ဆေးချက်အရလည်း လူ သား ကလီစာသုံးစွဲမှုမရှိကြောင်း၊ ရင်ခွဲရုံဝန်ထမ်းများလာရောက်သည်မှာမှန်ကြောင်း၊ လစာထုပ် ရက် များ တွင်လာရောက်စားသုံးလေ့ရှိကြောင်း၊ထိုခေါတ်က နိုင်ငံပိုင်သတင်းစာများတွင်ပင်ကြေငြာ ခဲ့ရသည်ထိ အုတ်အော်သောင် နင်းဖြစ်ခဲ့ရသည်။
သို့သော် ၁၉ လမ်းကြေးအိုးဈေးကွက်ကား ပျက်သွားခဲ့လေပြီ၊*** နောက်ထပ် ၁၀ နှစ်နှင့်ပင်ပြန်၍ နာလန်မထူတော့ပါ .............
မိမိတို့၏ နိုင်ငံရေးခေါင်းဆောင်များအနေဖြင့် သူတပါးတိုက်လို့ပြိုသွားသည့်၁၉ လမ်းအဖြစ်ကို နမူနာ  ယူ၍ ......!!
*** ကိုယ့်တိုင်းပြည်အကျိုးစီးပွားထိခိုက်အောင် မိမိကိုယ်တိုင်က မတိုက်/
မလုပ်/ မပြောမိရန်သတိပြုဖို့တော့လိုမယ်ထင်ပါတယ် ***
ခင်မင်လေးစားလျက် -
Michael Hlaing
12:59 PM

No comments:

Post a Comment