Friday, November 15, 2013

ဂျပန်နိုင်ငံမှ ကမ္ဘာ့ ပထမဆုံး ရေအောက် ဘူတာရုံ ပိတ်သိမ်း


ဂျပန်နိုင်ငံ မြောက်ပိုင်း ရှိ ကမ္ဘာ့ ပထမဆုံးသော ပင်လယ် ရေအောက် ဘူတာရုံ ကို နောက်ဆုံး အနေဖြင့် နှုတ်ဆက် ခရီးစဉ် ပြီးဆုံး ခဲ့ပြီ ဖြစ်ကြောင်း နိုဝင်ဘာ ၁၀ ရက် အင်န်အိတ်ခ်ျကေ သတင်း တွင် ရေးသား ထားသည်။ အမြန် ရထား ပေါ်၌ သီးသန့် ယူထား သော ခရီးသည် ၁၆၀ တို့ကို ခရီးစဉ် နောက်ဆုံး ရက် နိုဝင်ဘာ ၁၀ ရက် က
တက်ပီကိုင် တိုင်း ဘူတာ ၌ ထွက်ခွာ စေခဲ့ပြီ ဖြစ်သည်။ ယခု ပိတ်သိမ်း လိုက်သော ဘူတာရုံ သည် ပင်လယ် ရေ မျက်နှာ ပြင် အောက် ၁၃၅ မီတာ အနက်၌ တည်ရှိ သည်။ ဟော့ကိုင်းဒို နှင့် ဟွန်ရှူး ကျွန်းမကြီး ရှိ အော်မိုရီ စီရင်စု အကြား ရထား ဖြင့် ဆက်သွယ် ရန် ၁၉၈၈ ခုနှစ် က ဖွင့်လှစ် ခဲ့သော ဆိုင်းကင် ဥမင်လိုဏ် အတွင်း ဘေးကင်းရာ နေရာ တစ်ခု အဖြစ် ၄င်း ဘူတာရုံကို တည်ဆောက် ထားခြင်း ဖြစ်သည်။ ၄င်း ဘူတာရုံ ကို ပိတ်ရမည် ဖြစ်ကြောင်း အဘယ်ကြောင့် ဆိုသော် ၄င်း၏ ပလက်ဖောင်း သည် ရှင်ကန် ကျည်ဆန် ရထား အတွက် ကျယ်လွန်း သော ကြောင့် ဖြစ်ကြောင်း လမ်းညွန် တစ်ဦး က ခရီးသည်များ အား ရှင်းပြ သည်။

လမ်းညွှန်သူက ခရီးသည် တို့အား ယာယီ နားနေဆောင် တစ်ခု သို့ ခေါ်ဆောင် သွားပြီး နွေဦး ရာသီ ရေပြင် ထဲတွင် တည်ဆောက်ရေး လုပ်သား များ မည်သို့ မည်ပုံ ကြိုးစား ခဲ့ရကြောင်း ရှင်းပြ သည်။ အဆိုပါ ဥမင် အတွင်းရှိ တက်ပီကိုင်တိုင်း နှင့် အခြား ဘူတာ တို့ကို ဆက်သွယ် သော ဘူတာ ကို လည်း လာမည့် မတ်လ တွင် တရားဝင် ပိတ် လိမ့်မည် ဟု ဆိုသည်။ ယင်း တို့သည် ဂျပန် ရှိ နောက်ဆုံး ပင်လယ် ရေအောက် ဘူတာ များ ဖြစ်သည်။

NHK

No comments:

Post a Comment