အဆိုပါအင်တာနက်မလိုအပ်ဘဲ
ကြည့်ရှုစေနိုင်မည့် အစီအစဉ်တွင် သုံးစွဲသူသည် ၄၈ နာရီကြာ လွှင့်ထုတ်
မှုများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ပြီး အင်တာနက်ကို ကနဦး
ခဏတာချိတ်ဆက်မှုရှိရန်တော့ လိုအပ်သည် ဟု ဆိုသည်။ ထိုမှတစ်ဆင့်
မိုဘိုင်းဖုန်းများ၏ အချက်အလက် မှတ်သားသည့်စနစ် Cache မှတစ်ဆင့်
ဖိုင်များကို Card အတွင်းသို့ လွှဲပြောင်းစေလျက် Short Period များ
ခံစားစေမည်ဟု သိရသည်။
YouTube ၏ ယခုလွှင့်ထုတ်ကြော်ငြာမှုသည် BBC ၏ iPlayer နှင့် အလားသဏ္ဌာန်တူညီနေပြီး ကြည့်ရှု ပြီးသွားသော ဗီဒီယိုဖိုင်များသည် ကြည့်ရှုပြီးသည်နှင့် တစ်ပြိုင်နက် ပျက်စီးသွားမည်လားဆိုတာကို သဲသဲ ကွဲကွဲမသိရသေးကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြပါသည်။

No comments:
Post a Comment