Tuesday, November 12, 2013

"မိုးစက်ဝိုင်အား လုပ်ကြံမှု"

မိတ်ဆွေတို့ရေ
အရင်ဦးဆုံးပြောလိုတာက သူတစ်ပါးက 
ကိုယ့်အပေါ် အမှားကျူးတာကို ခံလိုက်
ရလို့ ပြန်လက်စားချေတယ် ဆိုတာ 
မကောင်းပါဘူး တတ်နိုင်ရင် မလုပ်ကြပါနဲ့။
မိတ်ဆွေတို့ကို ကျွန်တော် စိတ်အနှောက်
အယှက်ဖြစ်စရာ စိတ်မကောင်းစရာ 
တစ်ခုပြောပြစရာရှိလို့ပါ။
မနေ့ည က ကိုယ့်နိုင်ငံက မယ်လေး 
TV မှာ သိပ်တောင် မပါလိုက်ရှာတာ
 အရမ်းသနားသွားလို့ စိတ်ညစ်ညစ်နဲ့ 
သူငယ်ချင်းတွေ နဲ့ စရင်းနောက်ရင်း စိတ်သက်သာရာရပြီး အိပ်ရာဝင်ခါနီးကြမှ ညီမ တစ်ယောက်က လှမ်းပြောပြပါတယ်။ https://www.facebook.com/kyiwahhtun  ကြည်ဝါထွန်း (ခ) သိုးခလေးဖေ့ဘွတ် မှာသွားကြည့်ပါတဲ့အဲ့ဒိကနေ တဆင့် မိတ်ဆွေတွေကနေတဆင့်ဆီ ဆက်စပ်ပြီး ကျွန်တော်လုံးဝ မထင်ထားခဲ့ တာတွေ အများကြီးထပ်ပြီး အံ့အားတကြီး သိခဲ့ရပါတယ်။ အဲ့ဒါက ... မိုးစက်ဝိုင် က မြန်မာတွေဝိုင်းပေးကြတဲ့ မဲ တွေ တရားဝင်နိုင်နေခဲ့ရဲ့ သားနဲ့ ပြည် ပနိုင်ငံရေး သမား ပါဆိုတဲ့ လွန်စွာစိတ်ထားမြင့်မြတ်တဲ့ မြန်မာတစ်စုက မယ်စကြာဝဠာ အင်တာနက် မဲစီစစ်ရေး ဌာန ထိဆက်သွယ်ပြီး မြန်မာတွေက မတရားနည်းနဲ့ အကောင့်အတုတွေ နည်းပညာတွေနဲ့ မိုးစက်ဝိုင်ကို မဲပေးနေကြပါတယ် ဆိုပြီး လူများစွာဝိုင်းပြီး တရားဝင်တိုင်ကြားခဲ့ပါတယ်တဲ့။ဒါကြောင့် ခေါင်းစဉ် တစ်ချို့မှာမဲအရေအတွက် ရှေ့က သိသိသာသာ ကျော်နေတဲ့ မိုးစက်ဝိုင်က စကာတင် ၁၆ ယောက် ထဲမှာ ပါပြီးမှ ပြန်အဖြုတ်ခံ ရတာပါလို့ ခိုင်လုံစွာ သိရပါတယ်။ တစ်ကယ်တမ်းက ဖီလစ်ပိုင်တွေ ထိုင်းတွေအားလုံးလဲ သူတို့နည်းသူတို့ဟန်နဲ့ သူတို့ မယ်ကို ရတဲ့ နည်းမျိုးစုံနဲ့လုပ်နေကြတာပါ။သူတို့နိုင်ငံတွေက ကျွန်တော်တို့ မြန်မာတွေထက် အင်တာနက်သုံးစွဲ သူဦးရေ အဆပေါင်းများစွာပိုများသလို အင်တာနက် အမြန်နှုန်းကလဲ မိုး နဲ့ မြေလောက်ကွာတာလဲ သိကြမှာပါ။ ဒီလိုလုပ်ရပ်ကို ကိုယ့်လူမျိုးအချင်းချင်း ကောက်ကျစ်စွာ လုပ်ကြံခဲ့တဲ့ တစ်ခုတည်းသော အကြောင်း ရင်းက ဘာလို့လဲ ဆိုတော့ ..... အင်တာနက်မှာ ပြန့်နေတဲ့ နေရွှေသွေးအောင် က ကားတံခါး ဖွင့်ပေးနေတဲ့ ဓါတ်ပုံတစ်ပုံကြောင့် မိုးစက်ဝိုင်ကိုသန်းရွှေမြေးနဲ့ ပါတ်သက်ရမလားဆိုပြီး ဆန်ကာတင် ၁၆ ယောက်ထဲ မပါ သွားအောင် အုပ်စုဖွဲ့ပြီး တမင်ဝိုင်းလုပ်တာပါတဲ့..... အဲ့ဒိပုံ နဲ့ ပါတ်သက်ပြီး ကျွန်တော်စုံစမ်းကြည့်လို့ရသလောက်က မိုးစက်ဝိုင်ကလဲ ဘယ်တုန်း က မှ နေရွှေသွေးအောင် နဲ့ လဲ မပေါင်းမိရပါဘူး။မျက်မြင်သက်သေတွေ သတင်းသမားမိတ်ဆွေတွေ အားလုံးဆီက ပြန်ကြားသိထားတဲ့ ဖြစ်စဉ်မှန် အတိအကျ က တစ်ကယ့်ကို ရိုးရိုး ရှင်းရှင်း လေးပါ။
မေး (၁) = နေရွှေသွေးအောင် တို့ အသင်းပွဲကို ဘာလို့လာသလဲ?
ဖြေ (၁) =ဒီ ဘော်လုံးအသင်းပွဲမှာ သူ့ကို ခေါ်ပြီး Promotion လုပ်ပေးဖို့ ဖိတ်တော့ Publicity အရ သူလာပေးတယ်။
ဒါ နေရွှေသွေးအောင်တွေ ဘာတွေ အတွက် သီးသန့် မဟုတ်ဘူး။သူ့ အတွက်လဲ ပါတယ်။သူ့ လက်ရှိအနေအထားမှာ သန့်ရှင်းရိုးသားတဲ့ လူမှုရေး Publicity မှန်သမျှ အကုန်လုပ်ရ မယ်။မယ် ဆိုတာ အဲ့လိုဘဲ လူထု နဲ့ ပါတ်သက်ဆက်ဆံမှုတွေ လုပ်ကိုလုပ်ပေးရမယ်။ဒီနေရာမှာ နန်းခင်ဇေယျာ ကိုဖိတ်လဲ သူလုပ်ပေးရမှာဘဲ။ဒါ ကိုယ်တုံးလုံးချွတ်ပြရတာမဟုတ်ဘူး။ဘယ်ယောကျာ်းရဲ့ အထိအ ကိုင် မှ ခံရတာမဟုတ်ဘူး။ဘယ် ဗိုက်ပူကြီးတွေရဲ့ ပေါင်ပေါ်မှာလဲမထိုင်ရဘူး။ ဘယ် ဘိုးတော် အိုကြီးတွေနဲ့မှလဲ အိပ်ရတာ မဟုတ်ဘူး။ *****
မေး (၂) = ဓါတ်ပုံထဲမှာ နေေ၇ွှသွေးအောင် တံခါးဖွင့်ကြိုနေတဲ့ ကားထဲက ဘာလို့ ထွက်လာတာလဲ?
ဖြေ (၂) = အဲ့ဒိနေ့က ဘော်လုံး ဖွင့်ပွဲနေ့မှာ သူဌေးသား ဆရာဝန်ကောင်လေးတစ်ယောက်က မိုးစက်ဝိုင်ကို ကွင်းပြင် ထောင့်တစ်နေရာကနေ သူ့ကိုယ်ပိုင် Lamborghini နဲ့ တင်ခေါ် လာပြီး နေ့ ခင်းကြောင်တောင်ကြီး ဘေးမှာ လူတွေ ရာနဲ့ချီနေတဲ့ အချိန် လူမြင်ကွင်း မှာ ဘော်လုံး ကွင်းတစ် ပါတ် ပါတ်စီးလာတယ်။ ပြီးတော့ စင်ရှေ့တည့်တည့် လျှောက်လမ်းရှေ့မှာ ရပ်လိုက်ပြီး အနောက်တိုင်းယဉ်ကျေးမှု အခမ်း အနား ပုံသေနည်းအရ အခမ်းအနားဖွင့်လှစ်ပေးမယ့် အထူးဧည့်သည်တော် မိုးစက်ဝိုင် ကားပေါ်က ဆင်းတော့ အပြင်မှာ အသင့်ရပ်စောင့်နေတဲ့ အခမ်းအနားရဲ့ အဓိက တာဝန်ရှိသူ အသင်း ဥက္ကဌဖြစ်တဲ့ နေရွှေသွေးအောင်က ကားတံခါးဖွင့်ပေးပြီး ကြိုဆိုပေးခဲ့တယ်။ တစ်ကယ့်ဖြစ်စဉ်အပြည့်အစုံက ဒါပါဘဲ။ နေရွှေသွေးအောင် ပိုင်တဲ့ကားစီးလာတာလဲ မဟုတ် သ လို နေရွှေသွေးအောင်မောင်းတဲ့ကားစီးလာတာလဲမဟုတ်ဘူး ပြောမယ့်သာပြောနေရတာပါ တစ်ကယ်လို့ နှစ်ခုလုံး ဟုတ်နေခဲ့တယ်ဆိုရင်တောင် သူ့မှာ ဘာ အပြစ် မှကိုမရှိပါဘူး အဲ့ဒါကို မိုးစက်ဝိုင်ကားပေါ်ကဆင်းတုန်း နေရွှေသွေးအောင်တံခါးဖွင့်ပေးနေတာလေးဘဲ ပါတဲ့ သတင်းဓါတ်ပုံလေး နှစ်ပုံကနေ "မိုးစက်ဝိုင် နဲ့ နေရွှေသွေးအောင်နဲ့ ညားကြလေသတည်း" ... ဆိုတာကို ဘယ်လို ဆက်စပ်ယူ လိုက် တယ်ဆိုတာကတော့ဖြင့် ... ပြည်ပနိုင်ငံရေးသမားဆိုသူတွေရဲ့ ထူးခြားစွာ တူညီကြသော စိတ်နယ်လွန်စွမ်းပကားတွေဖြစ်တဲ့ ... သာမန်လူ လိုက်မမှီနိုင်သော မြေလျှိုးမိုးပျံ ဆင်ခြင်ဆက်စပ်တွေးခေါ်နှိုင်စွမ်းရည် (ခ) (IQ) ... ဘာမဆို ကိုယ့်စိတ်နဲ့ နှိုင်းပြီး အစွမ်းကုန်ရိုင်းတတ်တဲ့ နဲ့ စာရိတ္တ ... ကျောင်းသားဆိုတာရွာဦးကျောင်းဘုန်းဘုန်းလက်ထွက်တွေလားလို့ရင်သပ်ရှုမောဖြစ်ရင်းဘုန်းကြီး ပါမဆီမဆိုင် ကျိန်ဆဲခံရတဲ့ ပညာအဆင့်အတန်း ... ၄င်းတို့ဖြတ်သန်းလာခဲ့တဲ့ ကျောက်ခတ်ယဉ်ကျေးမှု ဓလေ့ထုံးစံ ... ၄င်းတို့ ပေါင်းသင်းဆက်ဆံခဲ့ရတဲ့ မဟာစရိုက် အသိုင်းအဝိုင်း ... ၄င်းတို့တစ်သက်လုံး ကြီးပြင်းယဉ်ပါး ဆည်းပူးလာခဲ့တဲ့ မာဂဓ ဘာသာဝင် မိဘဆွေမျိုးများ ...... အစရှိတဲ့ ...... ကုန်အောင် ဖေါ်ပြဖို့တောင် မတတ်နိုင်တော့လို့ ကျန်းဂန်တွေထဲမှာတောင် ချန်လှပ်ထားခဲ့ရတဲ့ ရာဇ ဝင်မျိုး နဲ့ လူသားတွေဆိုတာ ထင်ရှားထိုင်မာစွာ မှတ်ကျောက်တင် သက်သေပြပြီးဖြစ်နေ ပါတယ်။ မိုးစက်ဝိုင်ဟာ နေရွှေသွေးအောင် နဲ့ အရင်ကလဲ ပါတ်သက်တာမကြားဖူးသလို အဲ့ဒိ ပွဲ နောက်ပိုင်း မှာလဲ ဘာမှ ပါတ်သက်တာမကြားခဲ့ရတဲ့အပြင် သူမ ကိုယ်တိုင်ကလဲ နေရွှေသွေးအောင် နဲ့ ဘာမှ ဘယ်တုန်းကမှ မပါတ်သက်ပါဘူးဆိုတာ စာနယ်ဇင်း နဲ့ မီဒီယာတွေအားလုံးကို အတိအလင်း လဲ ပြောခဲ့ပြီးသားပါ။ ဒါတွေထက်မြန်မာချင်းချင်း ပိုနားလည်ထားသင့်တာတွေက 1988 May 20th မှာမှ မွေးတဲ့ မိုးစက်ဝိုင် ဟာ ၈၈နဲ့ လဲဘာမှ မဆိုင်ဘူး ဦးသန့် ဆိုရင် သူ တော်တော်ကြီးတဲ့ထိတောင် ကြားဖူးခဲ့မှာလဲ မဟုတ် ပါဘူးမိတ်ဆွေတို့ ကျွန်တော်တို့ ဖြတ်သန်းဖူးတဲ့ ၈၈ ရဲ့ အတွေ့အကြုံမျိုး ၈၈ ကြောင့် ပါတ်သက်ပြီး အစိုးရ အပေါ်ထားတဲ့ ခံယူချက်မျိုး ၈၈ လွန် နှစ်တွေမှာ မွေးခဲ့တဲ့ ကလေးတွေ မှာ ဘယ်တော့မှလဲ ရှိမှာ မဟုတ်ဘူး။ ဒါကို မယောင်ရာဆီလူးပြီး ကိုယ့်လူမျိုးချင်း သမီးအရွယ် မြေးအရွယ် ကလေးတစ်ယောက်ကို အငြိုး တစ်ကြီးအုပ်စုဖွဲ့ဝိုင်းလုပ်ကြံကြတဲ့သူတွေမိန်းကလေးတစ်ယောက်ကို နောက်ကျောဓါးနဲ့ထိုးခဲ့တဲ့ မိုးစက်ဝိုင် ကို လုပ်ကြံခဲ့တဲ့သူတွေနိုင်ငံရေးပုဝါနက်ကို မျက်လုံးပေါ်ရုံလေးခေါင်းမြီးခြုံထားတဲ့ မိစ္ဆာ ဒိဌိ အုပ် စုတွေ ကို ဘာပြန်လုပ်ပါလို့ ကျွန်တော် မပြောလိုပါဘူး။ ကျွန်တော် ပြောချင်တာက အဲ့ဒိလူတွေဟာ တဖြေးဖြေးနဲ့ ပြည်တွင်း ပြည်ပ မြန်မာတွေအားလုံးရဲ့ ယုံကြည်လေးစားမှုနယ်နိမိတ်ပြင်ပမှာ ရောက်ရှိမှန်းမသိ ရောက်ရှိလာတာကြာခဲ့ပါပြီ။ သိပ်မကြာခင်မှာ အမှိုက်ဟောင်းတွေလို လွင့်သွားတော့မှာ မလွဲပါဘူး အဲ့ဒိ လို လုပ်တတ်တဲ့သူတွေကိုလဲ သူတို့ စေတနာက ပြန်အကျိုးပေးမှာ မယုံမရှိပါနဲ့ ပိုဆိုးတာက အဲ့ဒိလူတွေမှာ မရှိချို့တဲ့ခဲ့တဲ့ ရုပ်ဆင်းအင်္ဂါ ပညာသုတ ဥစ္စာစည်းစိမ် ဆွေမျိုးဂုဏ်အင် ဆိုတာတွေဟာ ၄င်းတို့ ခုလိုဘဲ သူတစ်ပါး အပေါ် ယ္ခင်ဘဝတွေမှာ အကောက်ကြံ မှားယွင်း လွန်ကျူးမိခဲ့လို့ဆိုတာကို ခုချိန်ထိလဲ နားမ လည်သေး ဘဲ သံသရာမိုက်တွင်းထဲ ဆက်ဆင်းနေကြတယ်ဆိုတာပါဘဲ။ ဒီတော့ ပြောချင်တာက ခု ဖြစ်စဉ်မှာ မိုးစက်ဝိုင် ကို သူတို့ နိုင်သွားတယ်လို့ ထင်ကောင်း ထင်နေနိုင် ပါတယ်။ တစ်ကယ်တမ်းကတော့ ကိုယ့်နိုင်ငံနဲ့ လူမျိုးအတွက် သန့်စင်တဲ့စေတနာစစ်စစ်နဲ့ ယှဉ်ပြိုင်အားထုတ်ပေးနေတဲ့ ဘာအပြစ်မှ မရှိတဲ့မိန်းကလေးတစ်ယောက်ကို ကိုယ့် အစွန်းရောက်ယုံကြည်မှုတွေအတွက် အုပ်စုဖွဲ့ ပြီး ကောက် ကျစ်နိမ့်ကျစွာ နှောက်ယှက်ပျက်စီးစေခြင်းဆိုတဲ့ သိပ်ကြီးမားတဲ့အကုသိုလ်ကိုပြုမိတဲ့ ၄င်းတို့ အား လုံး ရှက်ကြောက်စရာကောင်းလွန်းအောင်ကို ရှုံးနိမ့်သွားတာ သူတို့ ကိုယ်တိုင်သိကြပုံမပေါ်ပါဘူး။
စိတ်မကောင်းမဖြစ်နဲ့ မိုးစက်ဝိုင်ရေ။
မင်း နဲ့ တူတူ ငါတို့ အမြဲရှိနေမယ်။
ငါ့ တိုင်းပြည် နဲ့ လူမျိုးအတွက်
ရိုးသားတဲ့သူတွေအတွက်
အမှန်တရားအတွက်
ငါ အမြဲရှိနေမယ်။

မျိုးချစ်မြန်မာ

*****************************************
သီတင်းကို တခြားနေရာကနေ ဖတ်ပြီးသားသူတွေက သီတင်းက ဒီထက်မကဘူးဆိုတာကို ပိုသိ မှာပါ... ပေ့ဂ်ျအနေနဲ့ သာ တဘက်က မိုးစက်ကို မလိုသူ တချို့ ကိုဘယ်လို လက်စားချေ ဖို့ မလိုသလို တကယ်လိုသာလက်စားချေချင်ရင် လည်း ဘယ်လိုနည်းတွေရှိတယ်ဆိုတာကိုတော့ အက်ဒမင် တယောက်ရဲ့  စည်းစောင့်သောအနေနဲ မတင်ပေးတော့ပါဘူးနော်...

ပြိုင်ကားနဲ့ ပါတ်သတ်တဲ့သီတင်း တကယ်မဟုတ်ပါဘူးဆိုတာကတော့ အဲ့ ပြိုင်ပွဲတုန်းက video လေးကြည့်ဘူးမယ်ဆိုရင် သိမှာပါ...


အားလုံးပဲ စိတ်တွေ အေးချမ်းနိုင်ပါစေ ဆုတောင်းရင်း...
From:Myo Chit Myanmar

No comments:

Post a Comment