Saturday, May 4, 2013

၁၅၀၀ တန်ဖုန်း လူတိုင်း မရ၍ အစိုးရအပုပ်ချသည့် ဆရာများ Galaxy S4 လူတိုင်းမရမှုအပေါ် ပါးစပ်ပိတ်

Samsung Galaxy S4 စတင် ရောင်းချ သည့်နေ့ နံနက်ပိုင်း၌ပင် အလုံးရေ ၁ဝဝဝ ကုန် ရန်ကုန်၊ မေ ၄ Samsung Galaxy S4 စတင် ရောင်း ချသည့်နေ့ နံနက်ပိုင်း၌ပင် အလုံးရေ ၁ဝဝဝ ကုန်သွားခဲ့ပြီး ဖြစ်ေ ကြာင်း သိရသည်။ ''တိုကင် ၁ဝဝဝ ဝေတာ အားလုံးကုန်သွားပါပြီ။ အဲ့ဒီအပြင်ကို တိုကင်မရဘဲ ဝယ်ချင်လို့ စောင့် နေ တဲ့ သူတွေကလည်း တစ်ထောင်ကျော် လောက် ရှိနေတယ်''ဟု ဆမ်ဆောင်းကုမ္ပဏီမှ တာဝန်ရှိသူ ကပြောသည်။ နံနက် ၉ နာရီမှ စတင် ရောင်းချမည်ဟု ဆိုခဲ့သော်လည်း တိုကင်လာရောက် တန်းစီ သူများ အနေဖြင့် နံနက်အစော ပိုင်းကပင် စတင်တန်းစီနေကြပြီး ၉ နာရီ မတိုင်မီ တိုကင် အားလုံး ကုန်သွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
''ကျွန်တော် မနက် ၇ နာရီကတည်းက လာတန်းစီတာပါ။ တိုကင်နံပါတ် လေးရာကျော်ပါတယ်'' ဟု အ လုံမြို့ နယ်မှ ဖုန်းလာရောက် ဝယ်ယူသည့် သူတစ်ဦးက ပြောသည်။ လက်ရှိတွင် တိုကင်မရ ရှိလိုက်သည့် သူများ အနေဖြင့်လည်း အလုံးရေ ၁ဝဝဝ အပြင် ထပ်မံရောင်းချပေးမည် ဆိုသည့် သတင်းကြောင့် စောင့် ဆိုင်းနေကြပြီး တိုကင်များအား အချင်းချင်း ငွေကြေးဖြင့် ပြန်လည်ရောင်း ချမှုများ ဖြစ်ပေါ်လျက်ရှိသည်။ 
''နံနက် ၉ နာရီမှ ရောက်လာတော့ တိုကင်မရှိတော့ဘူး။ အဲ့ဒါနဲ့ ရှေ့ကနှစ်လုံးဝယ်ပြီးတဲ့သူက တိုကင်နှစ်ေ စာင် ပိုတယ်ဆိုလို့ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်း တစ်စောင်ကို ကျပ် နှစ်သောင်း ပေးပြီး ဝယ်လိုက် တယ်'' ဟု ဂလက်ဆီ S4 လာရောက်ဝယ်ယူသူတစ်ဦးက ပြောသည်။ သို့သော် ဆမ်ဆောင်းအနေဖြင့် ယနေ့ တွင် အလုံးရေ ၁ဝဝဝ အတိအကျသာ ရောင်းချပေး သွားမည်ဖြစ်ပြီး ကျန်ရှိနေသည့် ဝယ်သူများ အတွက် ကိုမူ ပစ္စည်းလက်ကျန်ပေါ် မူတည်ပြီးမှသာ ရောင်းချမှုအား နောက်ပိုင်းတွင် ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆမ်ဆောင်းမှ တာဝန်ရှိသူ ကိုဇာနည်က ဆိုသည်။

 ''ဒီနေ့မှာတော့ သတ်မှတ်အလုံးရေထက် ပိုရောင်းမှာ မဟုတ်ပါဘူး။ အစက ရောင်းပေးဖို့ စီစဉ်ထား ပေမယ့် အခြေ အနေအရ မရောင်းဖြစ်တော့ပါဘူး'' ဟု ¤င်းက ဆိုသည်။ Samsung Galaxy S4 အား ပြည်တွင်း၌ ယနေ့တွင် စတင် ရောင်းချပေးခြင်းဖြစ်ပြီး အလုံးရေ ၁ဝဝဝ အား ငွေကျပ်ငါး သောင်း ဈေးလျှော့၍ ကျပ် ၅၆၉ဝဝဝ ဖြင့် ရောင်းချပေးခြင်းဖြစ်သည်။ ယင်းအတွက် ဝယ်ယူသူ များကြား ပြဿနာ အနည်းငယ် ရှိသော် လည်း ဆမ်ဆောင်းအနေဖြင့် မြန်မာပြည် ခွဲတမ်း အတွက် ထပ်မံရရှိမည့် အလုံးအရေ များအား မရရှိလိုက် သည့် ဝယ်ယူသူများအတွက် စီစဉ်ရောင်းချပေး သွားမည် ဖြစ်ကြောင်း ကိုဇာနည် က ပေါ်ပြူလာနယူးစ်သို့ ဖြေကြားသည်။ 
သုတလင်း

No comments:

Post a Comment