Thursday, August 21, 2014

NLD အတွက်ဆို လိမ်တာညာတာ ဘာပဲလုပ်ရ လုပ်ရ လုပ်နေကြပြီလား

စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုး တက်ရေး အသင်းမြန်မာ့ရေးရာ အဖွဲ့မှပြု စုသော နိုင်ငံတော် သမ်္မတ နှင့် လွှတ်တော်ကိုယ်စားလှယ်များ အပေါ်လူထူ အမြင်သဘောထား စစ်တမ်းသည်ပညာရှင်များ၏ရိုး သားမှုမရှိသော စစ်တမ်းတစ်ခု ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ ပါတီသစ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွန့်ကပြော သည်။
အဆိုပါစစ်တမ်းတွင် သမ္မတ ဦးသိန်းစိန်ကို ပြည်သူလူထု အကောင်းမြင်စိတ်ကျေနပ်မှုနည်း ပါးလာသည်ဟုရေး သားထားသည့် အပြင်သင်္ဃန်းကျွန်းမြို့နယ်၊ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်း ညွန့်
လူထုအကောင်းမြင်စိတ်ကျေ နပ်မှုသည် (၂၂) မှတ်သာရရှိ ကြောင်း ဖော်ပြထားသည်။
“ဒီသုတေသနဟာ ဘာလည်း ဆိုတာတော့ ကျွန်တော်မသိဘူး။ ဒီထဲမှာကျွန်တော် တို့ကိုဖြူဖြူသင်း လောက်လူထုက ကျွန်တော့်အပေါ် ကျေနပ်မှုမရှိဘူးဆိုပြီး ရေး သား ထားတဲ့ ဒီသုတေသနစာတမ်းအပေါ် မှာအင်မတန်စိတ်ပျက်မိတယ်။ ဒီသုတေသနဟာအချက်အလက် အပေါ်အခြေခံတာလား။NLD အတွက်ဆို ဘာပဲလုပ်ရလုပ်ရ ဒီလိုအချက်အလက်မှားတွေကို ထုတ်ပြန်ရဲသလား။ ဒီနေ့လူထု ကြိုက်တဲ့သူကိုမေးပါ။ ကျွန်တော် လုပ်တာကို လူထုအသိမှတ်ပြုတာ မပြုတာကတစ်ပိုင်း၊ ဒီနေ့ဒီလိုရေး တာဟာ ပညာရှင်တွေရဲ့ ရိုးသား မှုမရှိဘူး။ ဖြူဖြူသင်းတောင် (၂၆) မှတ်ရပြီး၊ ကျွန်တော် (၂၂) မှတ် ရတယ်ဆိုတဲ့ ဒီသုတေသနကို လူထုကြားမှာချပြလိုက်ပါ။ လွှတ် တော်မှာဒေါ်ဖြူဖြူသင်းဘာလုပ် လဲ ကျွန်တော်ဘာလုပ်လဲ”ဟု ဦးသိန်းညွန့်ကဆိုသည်။

၎င်း၏မဲဆန်္ဒနယ်သင်္ဃန်းကျွန်း မြို့နယ်တွင် လူဦးရေ (၂) သိန်း ကျော်ရှိပြီး ဒေါ်ဖြူဖြူသင်းဝင် ပြိုင်သော မင်္ဂလာတောင်ညွန့်မြို့ နယ်သည်သင်္ဃန်းကျွန်းမြို့နယ်နေ လူဦးရေး၏လေးပုံတစ်ခန့်သာရှိ ကြောင်း ဦးသိန်းညွန့်ကဆက်လက် ပြောသည်။

“သင်္ဃန်းကျွန်းမြို့နယ်မှာ လွှတ်တော်ကိုယ်စားလှယ်မဖြစ်ခင် ကတည်းကလမ်းဘေးဈေးသည်တွေ ရဲ့ကိစ္စကိုလည်းလုပ်ပေးခဲ့တယ်။ ဒါကို မီဒီယာတွေအသိဆုံးပဲ” ဟု ဦးသိန်းညွန့်ကထပ်လောင်းပြော ဆိုသည်။

ပွင့်လင်းမြန်မာရှေ့ဆောင် အဖွဲ့မှထုတ်ပြန်သော မြန်မာ လွှတ်တော်ကိန်းဂဏန်းအခြေပြု ချိုချဉ်းကပ်လေ့လာချက်အစီရင်ခံစာစဉ် မေးခွန်း၊ မေးမြန်းမှုနှင့် အဆိုတင် သွင်းမှုတွင် ဦးသိန်းညွန့်သည်မေး ခွန်းမေးမြန်းမှုအဆိုတင်သွင်မှု အများဆုံးဖြစ်ကြောင်းဖော်ပြခံရ သော်လည်း စိမ်းလန်းအမိမြေဖွံ့ ဖြိုးတိုးတက်ရေးအသင်းမှ ထုပ်ပြန် သောနိုင်ငံတော်သမ်္မတနှင့် လွှတ်တော် ကိုယ်စားလှယ် (၂၀) ကို လူထုယုံ ကြည်မှုစာရင်းပြုစုရာ၌NLD ပါတီ မှ မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဖြူ ဖြူသင်းည် (၂၆) မှတ်ရရှိကာ အမျိုးသားဒီမိုကရေစီပါတီသစ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးသန်းညွန့် က (၂၂) မှတ်ရရှိခဲ့သည်ဟုဖော် ပြထားကြောင်း သိရသည်။

ဖြိုးအောင်
From: Hot News Weekly

No comments:

Post a Comment