Monday, August 4, 2014

ကလေးစစ်သား၉၁ဦးကိုနုတ်ထွက်ခွင့်ပေးခဲ့သည့် တပ်မတော်၏ဆောင်ရွက်ချက် ကုလသမဂ္ဂကြိုဆို

From : .. ud
ကုလသမဂ္ဂက ကလေးစစ်သား ၉၁ ဦးကို နုတ်ထွက်ခွင့်
 ပေးခဲ့သည့် မြန်မာ့တပ်မတော်၏ဆောင်ရွက်ချက်ကို
 ကြိုဆိုထောက် ခံကြောင်း ၄င်း၏ကိုယ်ပိုင်ဝက်ဘ်ဆိုက်မှ
တစ်ဆင့် ယနေ့သတင်း ထုတ်ပြန်သည်။
ကုလသမဂ္ဂကလေးငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခများဆိုင်ရာ အထူးကိုယ်စားလှယ်ရုံး၏ သတင်း ထုတ်ပြန်ချက်အရ တပ်မတော် သည်ပြီးခဲ့သည့်သီတင်းပတ်အတွင်း က

အရွယ်မရောက်သေးသော ကလေးစစ်သား၉၁ဦးကို နုတ်ထွက် ခွင့်ပေးခဲ့ပြီး မိသားစုများထံ ပြန် လည်အပ်နှံခဲ့သည်ဟုသိရသည်။ ကုလသမဂ္ဂကလေးသူငယ်ရန်ပုံငွေ အဖွဲ့၏ လက်ထောက်အထူး ကိုယ် စားလှယ် Shalini Bahuguna က ''အခုလို ကလေးစစ်သားတွေကို နုတ်ထွက်ခွင့်ပေးခဲ့ တဲ့အတွက် တပ်မတော်ရဲ့ ကလေးစစ်သား ရာနှုန်းပြည့်ပပျောက်ရေးအစီအမံကို အရှိန်နှစ်ဆမြှင့် သလိုဖြစ်ခဲ့ပါတယ်။ အသက်(၁၈ နှစ်)အောက်ပဲရှိသေးတဲ့ ကလေးစစ်သားတွေ တပ်မတော်ထဲ မှာ လုံးဝမရှိတဲ့အထိဆောင်ရွက်သွား မှာပါ''ဟုပြောသည်။ တပ်မတော် မှ နုတ်ထွက်ခွင့်ပေးခဲ့သော ကလေး စစ်သားများကို ကျောင်းများတွင် ပညာသင်ကြားနိုင်ရန် ဆောင်ရွက် ပေးသွားမည်ဟု သိရသည်။
မြန်မာတပ်မတော်သည် ကုလ သမဂ္ဂနှင့် ၂ဝ၁၂ ခုနှစ် ဇွန်လက လက်မှတ်ရေးထိုးထားသော သဘော တူညီမှုအရ အသက်မပြည့်သေး သော ကလေးစစ်သားများကိုစိစစ် ၍ နုတ်ထွက် ခွင့်ပေးနြေ ခင်းဖြစ် သည် ဟုသိရသည်။ ကုလသမဂ္ဂနှင့် သဘောတူညီမှု လက်မှတ်ရေးထိုး ပြီးနောက်ပိုင်း မြန်မာ့တပ်မတော် သည် ကလေးစစ်းသား ၃၆၄ ဦး ကို နုတ်ထွက်ခွင့်ပေးခဲ့ပြီးဖြစ် သည် ဟု ကုလသမဂ္ဂအဖွဲ့က အတည်ပြု ထားသည်။ ကုလသမဂ္ဂ ကလေး သူငယ်များရန်ပုံငွေ အဖွဲ့သည် ၂ဝ၁၆ ခုနှစ်တွင် အစိုးရလက်နက်ကိုင် တပ်များတွင် ကလေးစစ်သားလုံးဝ ပပျောက်ရေး အစီအမံကိုဖော်ဆောင် လျက်ရှိသည်ဟု သိရသည်။

No comments:

Post a Comment