Saturday, August 2, 2014

+959 ဖုန်းနံပါတ်များသို့ ခေါ်ဆိုမှုတစ်မိနစ် တစ်ထောင်ကျပ်ဖြတ်နေခြင်းမဟုတ်ဟုဆို

ရန်ကုန်− မိုဘိုင်းဖုန်းများသို့ ဖုန်း ခေါ်ဆိုမှုများတွင် +959 ဖြင့် 
ဝင်ရောက်နေမှုများရှိပြီး ယင်းနံပါတ် အား ပြန်လည်ခေါ်ဆို
ပါက နိုင်ငံခြားသို့ ခေါ်ဆိုခနှုန်းထားကဲ့သို့ တစ်မိနစ်လျှင် ကျပ် ၁,၀၀၀ ဝန်း ကျင်ကောက်ခံခြင်းမှာ မဟုတ်ကြောင်း သတင်းရရှိသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ နိုင်ငံတကာကဲ့သို့ ဖုန်းခေါ်ဆို
သည့်စနစ်ဆောင်ရွက်ရန် စမ်းသပ် ရန်အတွက် ပြောင်းလဲမှုများ
 ပြုလုပ်နေခြင်းများကြောင့် ဖုန်းခေါ်ဆိုမှုများနှင့် SMS များဝင်ရာ
တွင် +959 နံပါတ်များဖြင့် ဝင်ရောက်မှုများရှိနေခြင်းဖြစ်သည်။
လက်ရှိတွင်မူ အွန်လိုင်းပေါ်တွင် ယင်းကိစ္စနှင့်ပတ်သက် ၍ ခေါ်ဆိုသူအချို့က ငွေကျပ်တစ်ထောင်ြ ဖတ်တောက် ခံရ သည်ဟု ရေးသားမှုများ ပျံ့နှံ့နေပြီး သတိပေးမှုများပြုလုပ်ကြသည်။
‘‘Internation ပုံစံလုပ်မလို့ စမ်းသပ်နေတာပါ။ +959 နဲ့ ပြန်ခေါ်ခေါ် အရင်ဖုန်းနံပါတ် 09 ဆိုပြီး ပဲပြန်ခေါ်ခေါ် အရင်နှုန်း တစ်မိနစ် ၅၀
ပဲဖြစ်တာပါ’’ဟု 1876 Call Center မှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။
မိုဘိုင်းဖုန်း အဝင်ခေါ်ဆိုမှုများနှင့် SMS အဝင်များတွင် +959 နံပါတ်ဖြင့် မိုဘိုင်းဖုန်းအားလုံးတွင် ဝင်ရောက်ခြင်းမဟုတ်ဘဲ ပြန်လည်ခေါ်ဆိုခြင်းနှင့် SMS ပြန်လည်ပေးပို့ခြင်းများကို ယခင် မြန်မာ့ ဆက်သွယ်ရေး၏ နှုန်းထားဖြင့်သာ အသုံးပြုနိုင်ခြင်းဖြစ် ကြောင်းသိရသည်။
လက်ရှိတွင် ဖုန်းနံပါတ် အချို့အား 09 အစား +959 ဖြင့် စမ်းသပ်ခေါ်ခေါ်ဆိုကြည့်နိုင်ပြီး လက်ရှိခေါ် ဆိုထားသူအချို့ ယင်း သို့ဖြတ်တောက်ခံရမှုမရှိကြောင်း စုံစမ်းသိရှိရသည်။
မြန်မာ့ဆက် သွယ်ရေး လုပ် ငန်းများမှ နိုင်ငံတကာသို့ ယူဆောင်သွားသည့် မိုဘိုင်းဖုန်းများတွင် SMS စနစ်အသုံးမပြုနိုင် သေးကြောင်း လက်ရှိ +959 များဖြင့် စမ်းသပ်နေခြင်းသာဖြစ်ပြီး လက်ရှိပြည် တွင်းရှိ ပြည်ပအော် ပရေတာများမှလည်း စမ်းသပ်မှု များဆောင်ရွက်နေခြင်းကြောင့် SMS အများ စုတွင် +959 ဖြင့် ရောက်ရှိနေခြင်းဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။

No comments:

Post a Comment