Monday, August 4, 2014

ဘာသာရေးလွတ်လပ်ခွင့်မရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန၏ အစီရင်ခံစာကို ဆရာတော်ဦးဝီရသူ ပယ်ချ

From : ... news watch
ဘာသာရေးအကြမ်းဖက်မှုများ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိသော
 မြန်မာနိုင်ငံတွင် ဘာသာရေးလွတ်လပ် ခွင့်များမရှိဘဲ စိုးရိမ်စရာကောင်းသောနိုင် ငံအဖြစ် ထည့်သွင်းထားသော အမေရိကန်နိုင်ငံခြားရေးဌာန၏ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာကို မန္တလေးတိုင်းဒေသကြီး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ က ဘယ်ချခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ဘာသာရေးလွတ်လပ်ခွင့် အပြည့်အဝရှိပြီး ယခုအစီရင်ခံစာမှာ တဖက်သတ် စွပ်စွဲချက်သာ ဖြစ်ကြောင်း ၄င်းကမိန့်ကြား သည်။ “တစ်ဖက်သတ် ပေးပို့ထားတဲ့စာတွေအပေါ်မှာမူတည်ပြီး ရေးသားထားတဲ့ အစီရင်ခံစာ သာ ဖြစ်ပါတယ်။ ဦးဇင်းတို့နိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်အပြည့်ရှိပါတယ်” ဟု မိန့်သည်။ 
 ဒီနှစ် အစီရင်ခံစာတွင် ဘာသာရေးအကြမ်းဖက်မှုပြဿနာများကို အလေးပေးဖော်ညွှန်းထား ပြီး မြန်မာနိုင်ငံကို ဥပမာပေးပြီး နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အစီရင်ခံစာထုတ်ပြန်သော ရှင်းလင်းပွဲတွင် ပြောဆိုသွားခဲ့သည်။ “မိသားစုတွေ အိုးအိမ်စွန့်ခွါထွက်ပြေးရပြီး လူမှုအသိုင်း အဝိုင်းတွေ ပြိုပျက်ရတဲ့ ဘာသာရေးအကြမ်းဖက်မှုတွေ ဘယ်လိုဆက်ဖြစ်နေသလဲဆိုတာကို အခုနှစ် အစီရင်ခံစာထဲမှာ ပြဿနာတရပ်အနေနဲ့ ထည့်သွင်းဖော်ပြ ထားပါတယ်။ ဘာသာရေးအကြမ်းဖက်မှုတွေကြောင့် မြန်မာနိုင်ငံမှာဆိုရင် ထောင်ဂဏန်းရှိတဲ့ မူဆလင်တွေ အိုးအိမ်စွန့်ခွါပြေးကြရပါတယ်၊ နောက်ထပ် လူဦးရေ သောင်းဂဏန်းဟာလည်း လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်ကုသမှုမရှိတဲ့၊ ညစ်ပေစုတ်ပြတ်တဲ့ စခန်းတွေထဲမှာ နေထိုင်နေကြ ရပါတယ်” ဟု ၄င်းက ပြောဆိုခဲ့သည်။ ဘာသာရေးအကြမ်းဖက်မှုများကြောင့် ဘာသာရေး လွတ်လပ်ခွင့်အရ ကမ္ဘာမှာ မြန်မာနိုင်ငံဟာ အထူးစိုးရိမ်ရတဲ့ နိုင်ငံအဖြစ် အမေရိ ကန်ပြည်ထောင်စုက ထုတ်ပြန်သော အစီရင်ခံစာသစ်အပေါ် ပြည်တွင်းမှ ဘာသာရေး ခေါင်းဆောင် များကလည်း အမြင်အမျိုးမျိုးရှိနေကြသည်။
 “အခုလို မြန်မာနိုင်ငံအတွင်းမှာ ဘာသာရေး လူမျိုးရေးအသွင်ဆောင် ပဋိပက္ခတွေဖြစ်ဖြစ်နေတာ ဟာ မြန်မာ တနိုင်ငံလုံးက သူတွေနဲ့ အားလုံးနီးပါး မသက်ဆိုင်ဘဲ အစွန်းရောက် လူနည်းစုလူ တ စု ရဲ့ လုပ်ရပ်ကြောင့် ဖြစ်လာရတာပါ” ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ရဲ့ နာယကလည်းဖြစ်၊ ခရစ်ယာန်ဘာသာရေးခေါင်းဆောင် တစ်ဦးလည်းဖြစ်သည့် သိက္ခာတော်ရ စောမာဂျေကြီးက သုံးသပ်ပြောဆိုသည်။ ဟိန္ဒူဘာသာရေးခေါင်းဆောင် တဦးလည်းဖြစ်၊ ဓမ္မပါလ(ဟိန္ဒူ)အဖွဲ့ချုပ် ရဲ့ ခေါင်းဆောင်ဖြစ်သူ ဒေါက်တာလှထွန်းက ပြည်တွင်းတွင် ဘာသာရေးအရ ခွဲခြားမှုများရှိ သည်ဆိုသောအချက်ကို လက်ခံသော်လည်း အဆိုပါ ကိစ္စများမှာ မြို့ကြီးများတွင် ဆိုးဆိုးရွားရွားမရှိ ဘဲ ဘာသာရေးအကြောင်းခြေခြေမြစ်မြစ် မသိသူများအကြား ဖြစ်ပွားသော ပြဿနာဟု ရှုမြင်ကြောင်း ပြောဆိုသည်။ ပြီးခဲ့သည့် ရက်ပိုင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် မြန်မာနိုင် ငံလုံးဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်သစ်ဖြစ်သူ မစ္စယန်ဟီလီက ခရီးစဉ်အပြီး ထုတ်ပြန်သော ကြေညာချက်တွင် ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်များအရေးနှင့် ပတ်သက်ပြီး စိုးရိမ်စရာကောင်းဆဲဟု ပြောဆိုခဲ့သည်။ 

တချိန်တည်းမှာပင် မြန်မာသမ္မတရုံးမှ အကြီးတန်းအရာရှိတဦးက မြန်မာနိုင်ငံအစိုးရတာဝန် ရှိများ ထောက်ပြခဲ့ သည့်အတိုင်း ရိုဟင်ဂျာဆိုသော အသုံးအနှုန်းကို ကုလသမဂ္ဂအနေနှင့် အထူးအလေးထားပြီး စဉ်းစားဖို့နှင့် လက်ရှိအချိန်တွင် သမိုင်းကြောင်းတွင်မရှိခဲ့သည့် တိုင်းရင်းသား လူမျိုးတရပ် ပုံဖော်ဖန်တီးနေခြင်းကို လက်ခံမည်မဟုတ်ဟု ပြောဆိုထားသည်။.

No comments:

Post a Comment