![](http://4.bp.blogspot.com/-CDqaPxsttaQ/U-2Num1_SrI/AAAAAAAA_Lg/ab5BQrhPTm4/s1600/www.myanmarexpress.net.jpg)
ပြည်ပသတင်း မီဒီယာများ၊
ပြည်တွင်းရုပ်သံနှင့် သတင်း
မီဒီယာ များက လေ့လာ
စောင့်ကြည့်နေသော
ဓမ္မစေတီ ခေါင်းလောင်းကြီး
ရှာဖွေမှုတွင် ဩဂုတ် ၁၃ ရက်တွင် ထူးခြားမှုအချို့ကို မြင်တွေ့
နေရကြောင်း လေ့လာကြည့်ရှုနေသော ဧည့်ပရိသတ်များက ပြောကြားကြသည်။
မြစ်ဆုံအနီး ပင်လယ်ကူးသင်္ဘောများကို အချက်ပြသောမီးပြ တိုင်အနီး ကိုက် ၂၀ ကျော်တွင် ယနေ့
နံနက်ပိုင်းက ရေအောက်တွင်ရှိသော အရာဝတ္ထုတစ်ခုနှင့် ချိတ်၍ထိုချိတ်ထားသော အမှတ်အသား အဖြစ် ရေပေါ်တွင်ဘောလုံး အမည်းနှစ်ခု ကိုက် ၃၀ အကွာ တစ်ဖက်တစ်ချက်၌ ပြထားပြီး သံဃာတော်များ ပရိတ်ရွတ်ဖတ် သရဇ္ဈာယ်သည့် ဗညားလတ် သုံးထပ် သင်္ဘောဦးပိုင်းတွင် ငှက်ပျောပင်၊ ကြံပင်များ စိုက်ထူထား ကာယခင်ရပ်နားသည့် နေရာတွင်မဟုတ်ဘဲ ရေပေါ်အမှတ်အသားပြုလုပ်ထားသော ဘောလုံးအနက်နှစ်လုံး အနီးတွင် သင်္ဘောရပ်နားထားသည့် အတွက် ယခင်နေ့များနှင့်မတူသော အပြင်အဆင်ကို တွေ့မြင်ရ သောကြောင့် ထူးခြားမှုတစ်ခုရှိနေပြီဟု သုံးသပ်ဝေဖန်ကြခြင်းဖြစ်သည်။
အဆိုပါ အမှတ်အသားပြုလုပ် ထားသော ဘောလုံးအနက်နှစ်လုံး အလယ်သို့ မွန်းလွဲ ၁၂ နာရီ ၄၈ မိနစ်တွင် ဗညားလတ်သင်္ဘောမှ ပရိတ်ရွတ်ဖတ်သော သမ္ဗန်စက်လှေ တစ်စင်း၊ ရေငုပ်အဖွဲ့ရေယာဉ် တစ်စင်းဖြင့် သာသနာ့အလံကို သမ္ဗန်တွင် စိုက်ထူကာ ထွက်ခွာလာခဲ့ပြီး ရေစစ်နေချိန်တွင် စတင်ရေငုပ်ကာ ဆရာတော်လေးပါးက သမ္ဗန်ခေါင် မိုးပေါ်မှမေတ္တာပို့ပရိတ်ရွတ်ဖတ် ၍ထိုနေရာကို လှည့်လည်လျက် ရှိသည်။ မွန်းလွဲ ၁ နာရီခွဲတွင် ပင်လယ်ဝဘက်မှ မိုးမှောင်ကျလာပြီးလေတိုက်ခတ်လာကာ ရေပြင်တွင် လှိုင်းထန် လာခြင်းကြောင့် အနီးပတ် ဝန်းကျင်မှ ကြည့်ရှုနေသောစက်လှေများ ကမ်းသို့ ပြန်လည်ထွက်ခွာစဉ် ရန်ကုန်မြစ်ဝဘက်မှ ရွေ့လာသော မိုးရွာချလိုက်သည့်အ တွက် မြစ်ဆုံတွင် လှိုင်းထန်၊ လေတိုက်၊ မိုးရွာ လျက်ရှိသည်။ သို့သော်လည်း ပရိတ်ရွတ်ဖတ်နေသော စက်သမ္ဗန်ပေါ်မှသံဃာတော်မှာ ဆက်လက်ရွတ် ဖတ်နေပြီး ရေငုပ်အဖွဲ့က ဘောလုံးအစိမ်းတစ်လုံးထပ်မံချည်နှောင်ကာ ရေပေါ်အမှတ်အသားအဖြစ်သတ် မှတ်လိုက်ပြီး ပဲခူးမြစ်အတွင်းသို့ စတင်ရေတက်နေ၍ မြစ်လယ်တွင် လှိုင်းထန်လျက်ရှိသည်။ အဆိုပါ ဖြစ်စဉ်များကို ပြည်ပသတင်းဌာန တစ်ခုမှ မှတ်တမ်းတင်လျက်ရှိပြီး ၁၀ မိနစ်ခန့်အကြာတွင် မိုးစဲသွား သော်လည်း လေတိုက်၍ လှိုင်းထန်လျက်ရှိပြီး ရေငုပ်အဖွဲ့များ ဆက်လက်၍ မြစ်အောက်သို့ အလှည့်ကျ ရေငုပ်လျက်ရှိသည်။
သာကေတဆိပ်ကမ်းတွင် ပရိသတ်များစည်ကားလျက်ရှိပြီး သွားရောက်ကြည့် ရှုလို သောသူများက မြစ်ပြင်သို့ အနီးကပ် ကြည့်ရှုကြကာအချို့က မှန်ပြောင်းဖြင့်ကြည့်ရှုခြင်း၊ အဝေးမှ လေ့လာခြင်းဖြင့် ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေမှုကို စိတ်အားထက်သန်လျက်ရှိသည်။ ဓမ္မစေတီ ခေါင်းလောင်းကြီး ယခင်ဆယ်ယူမှု များကို စိတ်ဝင်တ စားစောင့်ကြည့်ခဲ့ဖူးသော လမ်း မတော်သရက်တောအင်းဝကျောင်း မှ ဆရာတော်တစ်ပါးက “ယနေ့ မြင်ရတာအားရတယ်။ သူတို့ဆယ်နေတာ အဆင်ပြေကြတယ်။ ဦးပဉ္စင်းလည်း ဒီလာကတည်းက မေတ္တသုတ်၊ သမ္ဗုဒ္ဓေရွတ်လာခဲ့တာ၊ တို့မြန်မာတွေ ရကိုရရမယ်လို့ ယုံကြည်တယ်။ ဒါဟာ မြန်မာတင် မဟုတ်ဘူး။ ကမ္ဘာ့အမွေအနှစ်ပဲ။ နှစ်ပေါင်း ၄၀၀ ကျော်မှ ဆယ်ယူနိုင် ခဲ့ရင် မြန်မာကို ကမ္ဘာကအံ့ဩမှာ သေချာတယ်။ ရင်ထဲမှာလည်း ပီတိဖြစ်ရတယ်။ အတွင်းရေးမှူး(၁) ဆယ်တုန်းကလည်း ရှုခင်းသာကလှမ်း ကြည့်ခဲ့ရတယ်။ အခုလို အနီးကပ်မြင် ခွင့်မရခဲ့ဘူး။ အခုလို မြင်တွေ့ရတာ အားရပါတယ်” ဟု ပျော်ရွှင်စွာ မိန့်ကြားသည်။
မည်သို့ဆိုစေ မြန်မာ့အမွေ အနှစ်အဖြစ် သမိုင်းမှတ်တိုင်စိုက် ထူနိုင်ရန် ဓမ္မစေတီခေါင်းလောင်း ကြီးကို ဩဂုတ် ၁၃ ရက် ညနေ ၃ နာရီကျော်သည့်တိုင် ဆက်လက် ကြိုးစားရှာဖွေခဲ့ပြီး ယနေ့တွေ့ရှိ ထားသော ရေအောက်မှ အရာဝတ္ထုသည်လည်း မည်သည့်အရာဖြစ်ကြောင်းကို ဆယ်ယူရေးအဖွဲ့မှ ထုတ် ပြန်ကြေညာခြင်း မရှိသေးကြောင်း သိရသည်။
No comments:
Post a Comment