Monday, August 18, 2014

"အော်ရီဒူး မြန်မာပြည်သူတွေအပေါ် စော်ကားသလို ခံစားရတယ်။ သူတို့ စင်္ကာပူ၊ ထိုင်းတို့မှာ ဒီလိုလုပ်လို့ ရမလား။" ~ ဆရာ အော်ပီကျယ်

From : .. YMG, APK
သူငယ်ချင်းရေ- ကိုယ်လည်း ooredoo စထွက်လို့ မန္တလေးက ကိုယ်ယုံကြည်ရတဲ့သူတွေရဲ့ မှတ်ချက်စကားတွေ facebook မှာ ဖတ်ပြိး အင်တာနက်သုံးချင်လို့ မျှော်လိုက်ရတာ။ ဝယ်ပြီးလို့ မကောင်းသေးတော့ ၁၅ရက်နေ့နောက်ပိုင်း တရားဝင်ဖွင့်ပေးမှ ကောင်းမှာပဲဆိုပြီး စိတ်ရှည် သည်းခံပြီး ငွေဖြည့်ကဒ်လေးဖြည့်ပြီး သုံးကြည့်တယ်။ မြန်မာပြည်သူတွေ အပေါ် စော် ကား သလို ခံစားရတယ်။ သူတို့ စင်္ကာပူ၊ ထိုင်းတို့မှာ ဒီလိုလုပ်လို့ ရမလား။ International company တစ်ခု အနေနဲ့ ဒီလို လုံးဝမဖြစ်သင့်ဘူး။
ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတမြို့ တွင် အော်ရီဒူး ဖုန်းဆင်းမ်ကတ်များအား စတင်ရောင်းချပေးသော ရက်ပိုင်းတွင် အရောင်းအဝယ်ကောင်းမွန်ပြီး ပြင် ပပေါက်ဈေး ကျပ်ငါးထောင်ခန့်ရှိခဲ့ သော်လည်း ယခုအချိန်တွင် ကျပ်နှစ် ထောင်ခန့်သာဈေးရှိပြီး လူအကြိုက် နည်းပါးနေကြောင်း ဆင်းမ်ကတ် ရောင်းချသူများထံမှ သိရသည်။
''ဒီမှာက သုံးလို့မှ မရတာ။ ရန်ကုန်မှာတောင် မြို့နယ်တိုင်းမှာ ပြောလို့ အဆင်ပြေတာ မဟုတ်ဘူး။ စပြီးထွက်ခါစလောက်ကတော့ ဝယ်ကြ တယ်။ အသစ်ထွက်တော့ စိတ်ဝင်စား ကြတယ်။ ငါးထောင်နဲ့ကို လက်မ လည်ဘူးရောင်းကြရတယ်။ အခုက ဆက်လို့မရတော့ အကြိုက်နည်းပြီး နှစ် ထောင်နဲ့တောင် မနည်းရောင်းနေရ တယ်''ဟု ထူးမြတ်ဖုန်းအပိုပစ္စည်း နှင့် ဆင်းမ်ကတ်ရောင်းဝယ်ရေးဆိုင်မှ ကိုတင်ထွဋ်ဝေက ပြောသည်။
အော်ရီဒူး ဖုန်းဆင်းမ်ကတ်များ ကို ရန်ကုန်၊ မန္တလေးနှင့် နေပြည် တော်တို့တွင် စတင်ရောင်းချပေးနေ သော်လည်း ဆက်သွယ်ရေးလုပ်ငန်း အတွက် လိုအပ်သည့်တည်ဆောက် မှုများ ဆောင်ရွက်လျက်ရှိသောကြောင့် ဆက်သွယ်မှု အဆင်ပြေချောမွေ့ခြင်း မရှိသေးခြင်းဖြစ်ကာ ငွေဖြည့်ကတ် သွင်းခြင်းတွင် အခက်အခဲများရှိ နေ၍ လူကြိုက်နည်းပါးရခြင်းဖြစ် ကြောင်း သုံးစွဲသူတို့ထံမှ သိရသည်။

''ရန်ကုန်က ယူရတဲ့ဈေးက ပထမတုန်းက တစ်ကတ်ကို ကျပ် ၂၅ဝဝ၊ အခုရက်က ကျပ်၁၅ဝဝ နဲ့ပဲ ယူရတယ်။ ကတ် ၁ဝဝမှာ နံပါတ် အလှပါတတ်ပြီး အဲဒီအလှနံပါတ်ကို ဈေးတင်ရောင်းကြတာ။

ကျန်တာကို ဈေးလျှော့ရောင်းတယ်လို့ကြားရပါ တယ်။ တချို့က ကျပ်၁၅ဝဝ အောက်နဲ့ တောင် ပြန်ပေးကြတယ်။ လက်ရှိ က ဟင်္သာတမှာ တရားဝင်ရောင်းချ ခွင့်ရတဲ့ဆိုင်တော့ မရှိသေးပါဘူး''ဟု ယင်းကဆက်ပြောသည်။

ဟင်္သာတမြို့နယ်တွင် MPT နှင့် MEC တို့မှ ဆက်သွယ်ရေးတိုင် ခြောက်တိုင်ခန့် တည်ဆောက်ထား ပြီး အော်ရီဒူးဆက်သွယ်ရေးကုမ္ပဏီမှ တိုင်ခြောက်ခုအား တည်ဆောက်ဆဲ ဖြစ်ကာ တယ်လီနောကုမ္ပဏီမှ မြေ နေရာရှာဖွေမှုသာရှိပြီး တည်ဆောက် ရေးလုပ်ငန်း စတင်မှုမရှိသေးကြောင်း သိရသည်။


.. www.MyanmarExpress.net

No comments:

Post a Comment