Tuesday, November 5, 2013

ရွှေဘောလုံးလောင်းကစားဒိုင် ကြို့ပင်ကောက်တွင်ဖမ်းလိုက်ပြီ

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်
၊ကြို့ပင်ကောက်မြို့တွင်(၁.၁၁.၂၀၁၃)နေ့
ည(၈း၀၀)အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ရဲအကူတပ်ခွဲ မှုခင်းအကူဌာနစုမှ ဒုရဲအုပ်ထွန်းလင်းနှင့်အဖွဲ့သည် သက်သေများနှင့်အတူကြို့ပင်ကောက်မြို့၊
ဦးလူကလေးလမ်း၊စက်တိုင်ကုန်းရပ်ကွက် ဦးအိုင်းရစ်(၃၉)နှစ်၊(ဘ)ဦးအိုက်ပလု၊ကျဘမ်း
၊ဈေးချိုမြောက်ရပ်ကွက်၊ကြို့ပင်ကောက်မြို
့နေသူသည် မြေစိုက်ထရံကာ၊သွပ်မိုး
 အဆောက် အဦးဖြင့် ရွှေဘောလုံးလောင်းကစားဒိုင်ပြုလုပ်နေပြီး လာရောက်လောင်းကစားသူ ကျား(၁၄)ဦး၊မ(၁)ဦး တို့အား ရွှေဘောလုံးလောင်းကစား ဆက်စပ်ပစ္စည်း(၂၃) မျိုးနှင့် လောင်းကြေးငွေ စုစုပေါင်း (၂၂၁၉၀၀ိ/) ကျပ်ဖမ်းဆီးရမိခဲ့သဖြင့်ကြို့ပင်ကောက်မြို့မရဲစခန်းမှအိုင်းရှင်ပါ(၁၆)ဦးတို့အား(ပ)၅၆၁/၂၀၁၃ လောင်းကစား ဥပဒေပုဒ်မ၁၃(က)၊၁၄(က)အရဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment