Saturday, November 9, 2013

ကျပ်သိန်းနှစ်ထောင်တန် ပြန်ပေးဆွဲမှု ဓားစာခံများ ၁၄ နာရီ အကြာတွင် ပြန်လည် လွတ်မြောက်

ဆိုင်ကယ် စီးနင်းလာသော ဇနီးမောင်နှံ နှစ်ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး ငွေကျပ် သိန်းနှစ်ထောင်ြ ဖင့် ပြန်ရွေးရန် မိသားစုဝင်များကို အကြောင်းကြားထားသည့် ပြန်ပေးဆွဲမှု ၁၄ နာရီ အကြာတွင် ဓားစာခံများ ပြန်လည် လွတ်မြောက်လာကြောင်း နိုဝင်ဘာလ ၈ ရက်နေ့က လှိုင်သာယာမြို့နယ် ရဲစခန်းမှ တာဝန် ရှိ သူက အတည်ပြု ပြောကြားသည်။နိုဝင်ဘာ လ ၆ ရက်နေ့  မွန်းတည့် ၁၂ နာရီခန့်က ပြန်ပေးဆွဲခံရသူ ဦးကျော်မင်းဦးနှင့် ဇနီးဒေါ်မိုးမိုး အေးတို့ သည် ၎င်းတို့ နေ ထိုင်ရာ တွံတေးမြို့နယ် ဘုရားကြီးကျေးရွာမှ ဒလမြို့နယ်သို့ဆိုင်ကယ်ဖြင့် သွား စဉ် လူ သုံးဦးက ၎င်းတို့ စီးလာသော ဆိုင်ကယ်ကို ရပ်တန့်ခိုင်းခဲ့ကြောင်း၊ ယင်းနောက် ဆိုင်ကယ်မောင်းသူ ဦးေ ကျာ်မင်းဦး၏ မျက်နှာကို ခါးပတ်ဖြင့် ရိုက်နှက်၍ လူသုံးဦးထဲမှ တစ်ဦးက ဆိုင်ကယ်ကို မောင်းနှင် ယူေ ဆာ င်သွားပြီး ကျန်နှစ်ဦးက အသင့်စောင့်နေသော ဟွန်ဒါဖစ် ယာဉ်ပေါ်သို့ တက်ခိုင်းကာ ပြန်ပေးဆွဲ ခဲ့ကြောင်း ပြန်ပေးဆွဲရာမှ ပြန်လည် လွတ်မြောက်လာသူ ဦးကျော်မင်းဦးက ပြောကြားသည်။
ယင်းကဲ့သို့ ခေါ်ဆောင်သွားစဉ် ပြန်ပေးဆွဲသူများထဲမှ တစ်ဦးက ၎င်းတို့ ဇနီးမောင်နှံ နှစ်ဦးကို လက်ထိတ်ခ တ်ကာ ဓားဖြင့် ထောက်၍ အော်ဟစ်ခြင်း မပြုရန် ခြိမ်းခြောက်ခဲ့ကြောင်း၊ လှိုင်သာယာမြို့အဝင် တိုးဂိတ် တွင် အင်္ကျီဖြင့် အုပ်၍ ခေါင်းငုံ့ခိုင်းကာ တိုးဂိတ် အကျော်တွင် မျက်စိကို တိပ်အဝါဖြင့် ပတ်ထားကြောင်း၊ ယင်းနောက် အခန်းကျဉ်းတစ်ခု အတွင်းသို့ ထည့်သွင်း ပိတ်လှောင်ခဲ့ကြောင်း ပြန်ပေးဆွဲခံရသူ ဒေါ်မိုးမိုးေ အးက ရှင်းပြသည်။
“အခန်းက အရမ်းကျဉ်းတယ်၊ ဘေးမှာ အိပ်ရာမပါတဲ့ ခုတင်တစ်လုံး ရှိတယ်။ မျက်စိ ပိတ်ထားတာကို မဖယ်ခိုင်းဘူး ဖယ်ရင် ရိုက်တယ်။ လျှပ်စစ် ကျင်စက်တွေနဲ့လည်း တို့တယ်” ဟု ၎င်းက ရှင်းပြသည်။
ယင်းနောက် ပြန်ပေးဆွဲသူတို့က ဒေါ်မိုးမိုးအေး၏ညီမ မမိုးမိုးအောင်၏ ဖုန်းကိုတောင်းကာ ကျပ် သိန်း၂၀၀ ဖြင့် လာရွေးခိုင်းမည် ဖြစ်ကြောင်း၊ ၎င်းတို့ ဇနီးမောင်နှံ နှစ်ဦးက ညီမဖြစ်သူထံ တွင် ငွေမရှိကြောင်း ပြော သဖြင့် ၎င်းဇနီးမောင်နှံ နှစ်ဦးကို ကျပ်သိန်း ၃၀ ပေးပါက ပြန်လွတ်မည် ဟု ပြန်ပေးဆွဲသူများထဲမှ တစ်ဦးက ပြောဆိုခဲ့ကြောင်း ပြန်ပေးဆွဲခံရသူ ဦးကျော်မင်းဦးက ရှင်းပြသည်။
သို့သော် ပြန်ပေးဆွဲသူများက ဓားစာခံများ၏ မိသားစုဝင်ထံ ဆက်သွယ်ချိန်တွင်မူ ကျပ်သိန်းနှစ်ထောင်ဖြင့် လာရွေးရန် ပြောကြားကြောင်း လှိုင်သာယာ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားချက်အရ သိရသည်။
နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၁ နာရီတွင် ကိုကထီးဟု ဆိုသူက လှိုင်သာယာမြို့နယ် ဘီအိုစီအဝိုင်းတွင် ကျပ်သိန်းနှစ်ထောင်ဖြင့် ဓားစာခံများကို လာရွေးရန် ပြန်ပေးဆွဲခံရသူ အမျိုးသမီး၏ ညီမ ဒေါ်မိုးမိုးေ အာင် ထံသို့ ပြန်ပေးဆွဲသူများက ဖုန်းဆက်ကြောင်း၊ ယင်းကြောင့် ဒေါ်မိုးမိုးအောင်က ရဲစခန်းသို့ ဆယ်သွယ် တို င်ကြားရာ ရဲတပ်ဖွဲ့ဝင်များက ဘီအိုစီအဝိုင်းတွင် သွားရောက် စောင့်ဆိုင်းနေကြောင်း၊ ဒေါ်မိုးမိုးအောင် ထံ ပြန်ပေးဆွဲသူများက ရွှေလင်ပန်း စက်မှုဇုန် အဝိုင်းအနီးသို့ နေရာပြောင်း ချိန်းသဖြင့် ရဲတပ်ဖွဲ့ဝင်များက ယ င်းနေရာသို့ သွားရောက်ကာ ကင်းပုန်းဝပ် စောင့်ဆိုင်းနေခဲ့ကြောင်း လှိုင်သာယာ ရဲစခန်းထံမှ သိရှိရသည်။
ပြန်ပေးဆွဲခံရသူ နှစ်ဦးကို နိုဝင်ဘာလ ၇ ရက် နံနက် ၂ နာရီခန့်တွင် ကားပေါ်တင် ခေါ်ဆောင်ခဲ့ရာ လမ်း တွင် ကားဘီး ပေါက်သောကြောင့် လမ်းဘေးချုံပုတ်တွင် ထားခဲ့ကြောင်း၊ ယင်းနောက် ဆိုင်ကယ်တစ်စီးေ ရာက်ရှိလာပြီး ခေါက်တုံ့ခေါက်ပြန် မောင်းကာ စောင့်ကြည့်နေကြောင်း၊ သို့သော် လူလစ်သည့် အချိန်တွင် မျက်စိ ပိတ်ထားသော တိပ်ကို ခွာကာ ထွက်ပြေးခဲ့ကြောင်း ဦးကျော်မင်းဦးက ရှင်းပြသည်။
ရဲတပ်ဖွဲ့ဝင်များ စောင့်ဆိုင်းနေစဉ် ဟွန်ဒါဖစ် ယာဉ်တစ်စီးကို မသင်္ကာ၍ လိုက်စစ်ရာ အဆိုပါယာဉ် သည် မောင်းပြေးကြောင်း၊ သို့သော် ရွှေပြည်သာတံတား၊ အလယ်ရွာထိပ်တွင် အခြားယာဉ်တစ်စီးကို တိုက်မိပြီး ယာဉ်ရပ်သွားချိန်တွင် ရဲတပ်ဖွဲ့ဝင်များက ယာဉ်မောင်းကို ဖမ်းဆီးရာ ယာဉ်မောင်းက ဓားဖြင့် ခုတ်သဖြင့် တွံတေးရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦး ခေါင်းနှင့် ညာလက်မောင်းတွင် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ယာဉ်မောင်းမှာ ထွက်ပြေး လွတ်မြောက် သွားခဲ့ကြောင်း လှိုင်သာယာမြို့နယ် မြို့မရဲစခန်းထံမှ သိရှိရသည်။
ပြန်ပေးဆွဲခံရသူ နှစ်ဦးသည် ယခင်က ထင်းခွေ၊ ကောက်စိုက်၊ တောင်ယာ လုပ်ကိုင်သူများ ဖြစ်သော် လည်း မြေဈေးတက်၍ မြေ အရောင်းအဝယ် ကောင်းချိန်တွင် အိမ်၊ မြေပွဲစား လုပ်ခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦး သည် သိန်း ၂၀၀ ပင် မရှိနိုင်သော်လည်း နောက်ကွယ်တွင် မည့်သည့် အကြောင်းများ ရှိ၍ ပြန်ပေးဆွဲ သည်ကို မ သိကြောင်း ၎င်းတို့နှစ်ဦး နေထိုင်သည့် ဘုရားကြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးဝင်းလတ် က ပြောကြား သ ည်။ 
ပြန်ပေးဆွဲ ခံရမှုကို (ပ) ၄၀၁/၁၃၊ ပြစ်မှုပုဒ်မ- ၃၄၇/၃၉၄ ဖြင့် လည်းကောင်း၊ ရွှေပြည်သာ တံတားပေါ်တွင် ရဲဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရမှုကို (ပ) ၁၂၈၈/၁၃၊ ပြစ်မှု ပုဒ်မ-၃၃၃ ဖြင့် အမှုဖွင့် အရေးယူထားေ ကြာင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းများထံမှ စုံစမ်းသိရှိရသည်။

No comments:

Post a Comment