Tuesday, November 5, 2013
" အယုံ လွယ်တဲ့  ရွှေ တိုင်းပြည် "
လူ ကပဲ စတင် ထုတ်လုပ်ပြီးလူ အချင်းချင်းကိုပဲ ပြန့် ပွား ကူးစက် ပါတယ်ဒါကြောင့် ဒီဗိုင်းရပ်စ်ဟာ လူတွေ ရှိတဲ့ နေရာတိုင်းမှာသူ ရှိတယ်လို့ ဆိုနိုင်ပါတယ်လူတစ်ယောက်မှာ ကောလာဟလ တစ်ခု အစပျိုးဖြစ်ပေါ် ဖို့ အတွက် ….
၁။ နေရာဒေသ ပတ်ဝန်းကျင် အခြေအနေ
၂။ စိတ်လှုပ်ရှားမှု အခြေအနေ ပြင်းထန်စွာပေါ်ပေါက်နေခြင်း
၃။ သတင်း ပြတ်လပ်မှု
၎။ အနာဂတ်အခြေအနေများနှင့် ပတ်သက်၍ မသိရှိရခြင်း
၅။ မျှော်မှန်းချက်များ
၆။ ကိုယ်ရည်ကိုယ်သွေး ခြားနားခြင်း ……စတဲ့ 
အချက်တွေ ပေါ် မူတည်ကြောင်း တွေ့ ရှိရပါတယ်….
ကောလာဟလ တစ်ခုရဲ့ ကူးစက် ပြန့် ပွားနူန်းဟာ လူနေထူထပ်မှု ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း .....
လူမှုအဆင့်အတန်း ၊ ပညာရေး အခြေအနေ နဲ့ ဆက်သွယ်ရေး နည်းစနစ်တွေပေါ် မူတည်နေပြီး……
သူ့ ရဲ့ အထူးခြားဆုံး ၀ိသေသ တစ်ခုကတော့ အဲဒီ ကောလာဟလသတင်း ကို ယုံကြည်သည်ဖြစ်စေ …..
မယုံကြည်သည် ဖြစ်စေနောက်တစ်ဦးကို ပြန်ပြောလိုက်တာနဲ့ ကောလာဟလ ဖြန့် ဖြူးသူ အဖြစ်ကို ....
အလိုလိုရောက်ရှိသွားတော့တာပါပဲကောလာဟလကို ဖြန့် ဖြူးသူတွေရဲ့ စိတ်အခြေအနေကို လေ့လာ
ကြည့်တဲ့အခါ မှာ….
(က) ပေါ်လွင် ထင်ရှားသူအဖြစ်သို့ ရောက်ရှိလိုခြင်း
(ခ) ဖြစ်ပေါ်နေသော စိတ်လှုပ်ရှားမှု အခြေအနေအား လျော့ပါးသွားစေလိုခြင်း
(ဂ) ဘ၀ မျှော်မှန်းချက်များနှင့် ကိုက်ညီနေခြင်း
(ဃ) မဖော်ထုတ်ရဲသော ခံစားချက်များကို ဖော်ထုတ်ခွင့် ရရှိခြင်း
(င) အချိန်ကြာမြင့်စွာ ဖြစ်ပေါ်နေသော ....
လိုအင် ပြည့်ဝရေးအတွက် အထောက်အကူပြုနေခြင်း
(စ) ဖိနှိပ်ထားသော ဆန္ဒများ ပြည့်ဝသွားစေလိုခြင်း
(ဆ) ပတ်ဝန်းကျင်၏ အတည်ပြုချက်ကို ရယူလိုခြင်း ….
စတဲ့  အချက်တွေကြောင့် ….ကောလာဟလတွေကို ဆက်လက်ဖြန့် ဖြူးကြတယ် လို့ တွေ့ ရပါတယ်….
ပုံမှန်မဟုတ်တဲ့ အခြေအနေမျိုးတွေမှာ …ကောလာဟလဟာ ပိုမို ဆိုးဆိုးရွားရွား ပြန့် ပွားစေနိုင်ပြီး….
စနစ်တကျ လေ့ကျင့်ထားတဲ့ တပ်ဖွဲ့ တွေကိုတောင် ….ဗရမ်းဗတာ တွေ ဖြစ်ကုန်စေနိုင်ပါတယ်….
၁၉၄၁ ဒီဇင်ဘာ ၇ ရက်နေ့  ….ပုလဲဆိပ်ကမ်းကို ၀င်တိုက်ခံရပြီး နာရီအနည်းငယ်အကြာ….
သွေးလန့် နေတဲ့  အမေရိကန်တပ်ဖွဲ့ တွေကြားမှာ ….ဂျပန် ကမ်းတက်တပ်တွေ တက်လာပြီဆိုတဲ့ …..
ကောလာဟလတစ်ခု အလျင်အမြန် ပြန့် ပွားခဲ့ပါတယ်….ရရာလက်နက်တွေနဲ့  အသင့်ပြင်ထားတဲ့ အမေရိကန်တပ်ဖွဲ့ တစ်ခုဟာ ….ဂျပန်တပ်တွေ တက်လာတယ် ထင်တဲ့ အမှောင်ထဲကို …တစ်ညလုံးသွေးရူးသွေးတန်းပစ်ခတ်နေပြီး….နောက်ဆုံး တောင်ကုန်းရဲ့ တစ်ဖက်မှာ နေရာယူထားတဲ့ တပ်က …..သူ တို့ တဲတွေပေါ် ကျည်ဆံတွေ လာကျကြောင်း တိုင်တော့မှပဲ …ပစ်ရပ် သွားပါတော့တယ်…
အလားတူပဲ ၁၉၂၃ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့ ဂျပန်နိုင်ငံ ကင်တိုမြို့ မှာ အင်အား ၇.၈ စကေးရှိတဲ့  ငလျင်ကြီးလှုပ်ပါတယ်….လူ နှစ်သိန်းနီးပါး သေဆုံးတဲ့  ဒီငလျင်ကြီး လှုပ် အပြီး….ကြောက်လန့် နေတဲ့ လူအုပ်တွေကြားထဲမှာ ….အခြေအမြစ်မရှိပဲ အလွန်ရယ်စရာကောင်းတဲ့  ….
ကောလာဟလ တစ်ခု စ ပြန့် နှံ့  ပါတယ်…ငလျင် လှုပ်အောင် ကိုရီးယား လူမျိုးတွေက ဖန်တီးတယ်ဆိုတဲ့ သတင်းပါ…..သတင်းက ရယ်စရာကောင်းပေမယ့် …..နောက်ဆက်တွဲ ဖြစ်ရပ်တွေက ရယ်စရာ မကောင်းပါဘူး….ကိုရီးယား လူမျိုး ၆၀၀၀ နီးပါးဟာ ….ဒီကောလာဟလကြောင့် အသက်ဆုံးရှုံးခဲ့ပြီး….ကြောက်လန့် မှုကြောင့် ဂျပန် သရ အချို့ ကို ပီသအောင် မဆိုပြနိုင်တဲ့ ….
ဂျပန်လူမျိုး အချို့ လဲ မှားယွင်း အသတ်ခံ ခဲ့ ရပါတယ်…
မြန်မာနိုင်ငံ မှာတော့၂၀၀၂ ခုနှစ် အချိန်လောက်တုန်းက….ကာကွယ်ရေး ၀န်ကြီးဌာနက တပ်ကြပ်ကြီး စာရေးတစ်ဦးဟာ ….တစ်နေ့ ပျင်းပျင်း ရှိတာနဲ့  ဘာရယ်မဟုတ်…..လက်နှိပ်စက်မှာ စာတစ်စောင် ထ ရိုက်ပါတယ်…..အပျော်သဘော နဲ့ သူ ရိုက်လိုက်တဲ့ စာဟာ ….သူ ဖြစ်စေချင်တဲ့ တပ်မတော် ရဲ့ လစာနူန်းထား အသစ်ပါ…..ရဲဘော် ကနေစပြီး အရာရှိအဆင့်အထိ …အဆင့်လိုက် တိုးမြှင့်ပေးလိုက်တဲ့ လစာစာရင်းကို အတိအကျရိုက်….တံဆိပ်တုံး ထုလိုက်ပြီး သူ့ ဖာသာသူ ပြန်ဖတ် …
ကျေနပ်လို့ နေပါတယ်….ပြီးတော့…အဲဒီစာရွက် ကိစ္စ သူမေ့သွားပါပြီ……
ဒါပေမယ့် အဲဒီ စာရွက်ဟာ မိတ္တူအဖြစ်နဲ့ ……ဘယ်သူက စတင်ကူးယူလိုက်မှန်း မသိပဲ ….
နီးစပ်ရာ စစ်သည်အချို့ ကို စပြန့် ပါတယ်…တစ်ပတ်လောက် အတွင်း တပ်မတော် တစ်ခုလုံးကို ပြန့် နှံ့ သွားပြီး….အရာရှိ စစ်သည် အားလုံးဟာ မျှော်လင့်တကြီး နဲ့ …..လစာထုတ်ရက်ကို စောင့်မျှော် နေကြကုန်တဲ့ အနေအထားအထိ ….ဗရုတ်သုတ်ခတွေ ဖြစ်ကုန်ပါတယ်….
နောက်ဆုံးမှာတော့ …တပ်မတော် ထောက်လှမ်းရေး တပ်ဖွဲ့ ရဲ့  …..စုံစမ်း စစ်ဆေး ဖော်ထုတ်ခြင်းကို ခံရပြီး …..တာဝန်ရှိသူ စာရေးဟာ ….စစ်တရားရုံးရဲ့ ထောင်ဒဏ် ချမှတ် .....အရေးယူခြင်းကို ခံရပါတော့တယ်….
မျက်မှောက်ခေတ် မှာတော့ ….မြန်မာနိုင်ငံလို နိုင်ငံမျိုးတွေအတွက်….ကောလာဟလဟာ စရိတ်စက အနည်းဆုံး …..အလျှင်မြန်ဆုံး နဲ့ ထိရောက်မှု အရှိဆုံး …..အဖျက်၊ အမှောက် လုပ်ငန်း တစ်ခု ဖြစ်လာပါတယ်…..
၈၈ ခုနှစ် အရေးအခင်းမှာ….ပြည်ပ အသံလွှင့်ဌာနတွေက ဆင်နွှဲခဲ့တဲ့ ကောလာဟလ စစ်ပွဲဟာ….
အရပ်သား ပြည်သူ အားလုံးအပေါ်…..အရှိန်ကောင်းကောင်းနဲ့ ထိမှန် ပစ်ဆောင့်ခဲ့ပြီး….နောက်တစ်ဆင့် အနေနဲ့ …တပ်မတော် အပေါ် ပစ်မှတ်ထားကာ ….တပ်မ ( ) က တောခိုသွားပြီ ….
ခလရ ( ) က ဆန္ဒပြသူတွေနဲ့ ပူးပေါင်းသွားတယ်….ဘယ်မြို့ မှာတော့ အမိန့် မနာခံတော့ဘူး …
စတဲ့ ….သတင်းတွေကို နေ့ စဉ် ထုတ်လွှင့်ပေးပြီး…..တပ်မတော် ပြိုကွဲဖို့ ကို အဓိကထားတိုက်ခိုက်လာတဲ့ အတွက်…..တပ်မတော်သာ အမိ ..တပ်မတော်သာ အဖ….
ဘေးပြောတာကို မယုံနဲ့  ..သွေးပြောတာကို ယုံ….ဘယ်သူခွဲခွဲ တို့ မကွဲ ….အမြဲ စည်းလုံးမည် …..
စတဲ့ ဆောင်ပိုဒ်တွေ ပြန်ထုတ်ပြီး…..တန်ပြန် စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်ကာ …..
စစ်သည်တွေ စိတ်ဓာတ်မကျဖို့ အတွက်….ပြန်လည် ကာကွယ်ခဲ့ ရတဲ့ အထိ ဖြစ်ခဲ့ပါတယ်…..
ကောလာဟလကို လက်နက်အဖြစ် အသုံးပြုကာ….စနစ်တကျ တိုက်ခိုက်နေသူတွေရဲ့ နည်းစနစ်ကို သုံးသပ်တဲ့ အခါမှာ….
(က) ပစ်မှတ် ( အုပ်စု) ရွေးချယ်ခြင်း
(ခ) ပစ်မှတ်နှင့် ကိုက်ညီသော အကြောင်းအရာကို ရွေးချယ်ခြင်း
(ဂ) ပစ်မှတ်၏ လတ်တလောဖြစ်ပေါ်နေသော လိုအင်များကို စုံစမ်းခြင်း
(ဃ) ပစ်မှတ်တွင် ပြင်းထန်စွာ ဖြစ်ပေါ်နေသော စိတ်လှုပ်ရှားမှု များကို စုံစမ်းခြင်း
(င) ပစ်မှတ်တွင် မျိုသိပ်ထားရသော ခံစားချက်များ .....
သို့ မဟုတ် နာကျည်းချက်များကို စုံစမ်းခြင်း
(စ) ပစ်မှတ်၏ သဘောသဘာဝနှင့် ကိုက်ညီသော ဝေါဟာရ အသုံးအနူန်းများ ….ဇာတ်လမ်းဇာတ်ကွက်များ စီမံလွှင့်ထုတ်ခြင်း ….စတဲ့ အဆင့်တွေအတိုင်း ….လုပ်ဆောင်နေကြတာကို တွေ့ ရှိရမှာဖြစ်ပါတယ်….။
ကျိုးကြောင်းဆင်ခြင်မှုနဲ့ …..သတင်းကို စိစစ်နိုင်စွမ်း အားနည်းသေးတဲ့  ပြည်သူတွေအဖို့ တော့….
ဒီလိုမျိုး ရည်ရွယ်ချက်မျိုးစုံ နဲ့ ဖြန့် ဖြူးနေတဲ့  သတင်းတွေကြောင့် ....ထင်ယောင်ထင်မှား သံသယ တွေအမျိုးမျိုး နဲ့ ....အလုပ်ပျက် အကိုင်ပျက် ဖြစ်ရတာတွေ....နာကျည်းချက် အမုန်းတရားနဲ့  ဒေါသတွေ ဖြစ်ပြီး ….တိုင်းပြည် ကို ဆိုးကျိုးတွေ ဖြစ်ခဲ့ရပေါင်းလဲ မနည်းတော့ပါဘူး….
ဒီကောလာဟလ ရန်ကို ကာကွယ်ဖို့ ဆိုတာသည်….အစိုးရ အနေနဲ့ ရော….ပြည်သူတွေ အနေနဲ့ ပါ……
ပူးပေါင်း လုပ်ဆောင်ရမယ့် ကိစ္စတွေ အများကြီးပါ….
အစိုးရ အနေနဲ့ တော့…..
(က) လူထု၏ သဘောသဘာဝကို ကြိုတင်လေ့လာ ဖြည့်စွမ်းခြင်း .....အစားထိုးမှု ပြုလုပ်ပေးခြင်း နှင့် အကြံပေး လမ်းညွှန်ခြင်း
(ခ) လူထု၏ စိတ်လှုပ်ရှားမှု အခြေအနေကို မျက်ခြေမပြတ် လေ့လာ၍ ....လိုအပ်သလို အရေးယူဆောင်ရွက်ခြင်း
( ဂ ) သတင်းပြတ်လပ်မှု မရှိအောင်ပြုလုပ်ပေးခြင်း ......(ဃ) ကောလာဟလ သတင်းပါ အချက်အလက်များ မဟုတ်မမှန်ကြောင်း ....အခိုင်အမာ သက်သေပြခြင်း ....
(င) ပြည်သူလူထုအား အဖျက်၊ အမှောက် အဖွဲ့ အစည်း၏ ....လုပ်နည်းလုပ်ဟန် ၊ နည်းစနစ်များကို သိရှိစေခြင်း…
(င) အစိုးရ၏ လုပ်ဆောင်ချက်များကို ပြည်သူလူထုထံ ချပြကာ ....စဉ်ဆက်မပြတ် သိရှိ နေစေရန် စနစ်တကျ ဆောင်ရွက်ခြင်း……စတဲ့ လုပ်ရပ်တွေနဲ့  ကာကွယ်နိုင်ပြီး......
ကျွန်တော် တို့ ပြည်သူတွေ အနေနဲ့ ကတော့ ....အကြောင်းအကျိုးနဲ့ စနစ်တကျ စဉ်းစားပြီး....
ကိုယ့်ဆီ ရောက်လာတဲ့ သတင်းဟာ …..ခွေးက လူကို ကိုက်တာပဲ ဖြစ်ဖြစ် ....
လူကခွေးကို ကိုက်တာပဲ ဖြစ်ဖြစ်...........ဘယ်ကခွေးလဲ ....ကိုက်ခံရတာ ဘယ်သူလဲ...
ဘယ်အချိန် ဘယ်နားမှာ.....ဘယ်နေရာကို ဘယ်လို ကိုက်လိုက်တာလဲ ...ဘာ သွားလုပ်မိလို့  ကိုက်တာလဲ .....မျက်မြင် သက်သေတွေက ဘယ်သူတွေလဲ....သူတို့ ကရော အဲနားကို ဘာလို့ ရောက်နေတာလဲ ....ကိုက်ခံရတဲ့ ဒဏ်ရာအခြေအနေ ဘယ်လိုရှိလဲ....
ကိုက်တဲ့ သူနဲ့  ကိုက်ခံရတဲ့ သူရဲ့ ...အသေးစိတ် အချက်အလက်တွေက ဘာတွေလဲ.....
နောက်ဆက်တွဲ ဘာတွေ ထပ်ဖြစ်လာနိုင်လဲ ....စတာတွေကို စိစစ်မေးခွန်းထုတ်လိုက်ရင်ဒီ ကောလာဟလ ထိုးစစ်ကြီးကို …အောင်မြင်စွာ ခုခံ ကာကွယ် နိုင်လိမ့်မည်ဟု ......ထင်မြင် ယူဆမိကြောင်းပါ ခင်ဗျား……
No comments:
Post a Comment