Tuesday, May 7, 2013

ဧပြီလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သန်း ၁၉၀ ၀င်ရောက်


From : ..dvb
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ရဲ့အစ ဧပြီ ၁ လအတွင်း မြန်မာနိုင်ငံကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ သန်း ၁၉၀ ကျော် ၀င်ရောက်ခဲ့တယ်လို့ မြန်မာ့ရင်းနှီး မြှုပ်နှံမှု ကော်မရှင်ရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောပါ တယ်။ဝင်ရောက်ခဲ့ တဲ့ရင်းနှီးမြှုပ်နှံမှုတွေကတော့စားသောက်ကုန်နဲ့
  အ ထည်ချုပ်လုပ်ငန်းတွေ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
ဒီဝင်ရောက်မှုဟာမြန်မာနိုင်ငံအပေါ်စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်ပြီး နောက်ပိုင်း အခု ဘဏ္ဍာနှစ်ရဲ့ အစောဆုံးလ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလည်း ဖြစ်ပါတယ်။
မနှစ်က ဧပြီလတုန်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သိပ်မရှိခဲ့ဘဲ ဇွန်လကုန်လောက်ကျမှ ၀င်ရောက်ခဲ့ တာလို့ ဆိုပါတယ်။ ဒီနှစ်ဧပြီလ ၁ လအတွင်း ၀င်ရောက်တဲ့ ရင်းနှီးမြှုပ်နှံမှုဟာ မနှစ်က ဘဏ္ဍာနှစ် ၁ ခုလုံး ၀င်ရောက်မှုရဲ့ ၁၀ ပုံ ၁ ပုံကျော်ရှိတယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်
ဒေါ်လာ ၁ ဒဿမ၄ ဘီလီယံကျော် ၀င်ရောက်မှုရှိခဲ့ပါတယ်။

လတ်တလောကာလမှာ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံထားရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၄၂ ဒဿမ ၃ ဘီလီယံကျော် ရှိတဲ့အနက် ရင်းနှီးမြှုပ်နှံမှုပမာဏရဲ့ ၄၅ ဒဿမ ၆ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၉ ဒဿမ ၂ ဘီလီယံကျော်ဟာ စွမ်းအင်ကဏ္ဍမှာဖြစ်ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍမှာတော့ ၃၄ ဒဿမ ၁ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၄ ဒဿမ ၃ ဘီလီယံကျော် ရှိနေပါတယ်။

ဒါပေမယ့် ကုန်ထုတ်လုပ်မှုကဏ္ဍမှာတော့ ရင်းနှီးမြှုပ်နှံမှုပမာဏရဲ့ ၅ ဒဿမ ၁ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒဿမ၃ ဘီလီယံကျော်သာ ရှိသေးတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။ 

No comments:

Post a Comment