Tuesday, May 7, 2013

မဲခေါင် ၆ နိုင်ငံ မူးယစ်တိုက်ဖျက်ရေး ဥက္ကဌ အဖြစ် မြန်မာ ဒုရဲချုပ် အရွေးခံရ

Photo၂၀ ကြိမ်မြောက် မဲခေါင်ဒေသအဖွဲ့ဝင် ၆ နိုင်ငံ အကြား နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး တိုက်ဖျ က် ရေးအစည်းအဝေး နှင့်နားလည်မှု စာချွန်လွှာ ရေးထိုးပွဲတွင် မဲခေါင်ဒေသဆိုင်ရာ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးတိုက်ဖျ က်ရေး ဥက္ကဌ ရာထူးအား မဲခွဲရွေးရွယ်ရာ၌ မြန်မာနိုင်ငံမှ ဒုရဲချုပ် ရဲမှူးချုပ်ဇော်ဝင်း မဲအ များဆုံး ဖြင့် ဥက္ကဌအဖြစိ ရွေးချယ်တင် မြောက်ခံ ရသည်။
ထိုအခမ်းအနားအား ယနေ့နံနက် ၉ နာရီ က ချက်ထရီယမ်ဟိုတယ်၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး မဲခေါင်ဒေသဆိုင်ရာ အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့် မြန်မာ ၊ တရုတ် ၊ထိုင်း ၊ ဗီယက်နမ် ၊ ကမ္ဘောဒီးယား နှင့် လာအိုနိုင်ငံတို့ မှ အဆင့်မြင့် ရဲအရာရှိ ကြီးများ ၊ ဥပဒေပညာရှင်များ၊ ဆရာဝန်ကြီးများ အပါအ၀င်မြန်မာနိုင်ငံရှိ ၀န်ကြီး ဌာနပေါင်းစုံမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အဆိုပါမဲခေါင်ဒေသ မူးယစ်တိုက်ဖျက်ရေးအဖွဲ့ အား ၁၉၉၃ ခုနှစ်တွင် မြန်မာ ၊ တရုတ် ၊ ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံတို့ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်းတွင် လာအိုနှင့် ဗီယက်နမ် နိုင်ငံတို့အဖွဲ့ ၀င်နိုင်ငံများဖြစ်လာပြီး UNODC မှ မိတ်ဖက်အဖွဲ့ အစည်းအနေဖြင့် ပါဝင်ခဲ့ကြောင်းမူးယစ်ဗ ဟို မှ ရဲမှူးကြီး မြင့်သိန်းက ပြောသည်။
ဆက်လက်၍ မူးယစ်တိုက်ဖျက်ရေး ဆိုင်ရာ ၀န်ကြီးအဆင့်ဆွေးနွေးပွဲကို လည်း နေပြည်တော်၌ မေ လ ၉ ရက်နေ့တွင် ကျင်းပသွားမည်ဟု သိရသည်။
.. www.MyanmarExpress.net

No comments:

Post a Comment