Friday, May 10, 2013

ဥက္ကံမှာဖြစ်ခဲ့တဲ့ပြဿနာကလည်း အတော်ကြီးကို ဆန်းကြယ်လွန်းလှပါတယ်။ ဇာတ်ညွှန်း အကယ်ဒ မီများဆုရှင် ဆရာငြိမ်းမင်းကိုတောင် မသင်္ကာမှုနဲ့ ဖမ်းဆီးစစ်မေးတာတွေ လုပ်သင့် သေးတော့ တယ်။ ဟုတ်တယ်လေ... ဘယ်လောက် အကွက်စေ့လိုက်တဲ့ ဇာတ်ညွှန်းဇာတ်ကွက်လဲလို့။ သေချာ ပြန်စဉ်းစားကြည့်... ကိုရင်လေးက သပိတ်လေး မနိုင့်တနိုင်နဲ့ လမ်းလျှောက်ကြွလာတယ်။ ကိုရင်ဆိုတော့ ကလေးဘာဝ ဟိုငေးဒီငေး၊ ဟိုတွေးဒီတွေးနဲ့ ဖြစ်မှာပေါ့။ အဲဒီအချိန်မှာ အမျိုးသမီးတစ်ဦးက မတော်တဆ အဲဒီကိုရင်လေးကို ၀င်တိုက်မိတယ်။ အဲဒီလိုဖြစ်တော့ ကိုရင့်လက်ထဲမှာ ပါတာဆိုလို့ သပိတ်ပဲရှိတော့ ပါလာတဲ့ သပိတ်လေး အောက်ကိုပြုတ်ကျသွားရှာတယ်။ ဟော... ဖြစ်ချင်တော့ ၀င်တိုက်မိတဲ့လူက ဘာသာခြား အမျိုးသမီးတစ်ဦး ဖြစ်နေတယ်။ အဲဒီမှာတင် ဇာတ်လမ်းထဲ ကအ တိုင်းဆိုရင်အက်ရှင်စတော့တာပေါ့။ဒါရိုက်တာက၀မ်း...တူး...သရီး...ဂိုး....ဆိုတာနဲ့ထိုးမယ်ကြိတ်မယ် ဆိုတဲ့လူတွေက အသင့်ပဲ မဟုတ်လား။ ဂျက်ကီချန်းတို့၊ ဂျက်လီတို့တောင် ထိုင်ငိုသွားလောက်တယ်။ ဘာဆက်တင်မှ မလိုဘူး။ အစစ်တွေနဲ့ချည်းပဲ သုံးသွားတာ။ မီးလောင်တာလည်း အစစ်၊ ဒဏ်ရာရတာကလည်း အစစ်၊ သေတာကလည်း အစစ်၊ ပျက်စီးဆုံးရှုံးတာတွေကလည်း အစစ်တွေ ချည်း ပါပဲ။ ကဲ... ဒီလောက် အကွက်ကျကျ ဇာတ်ညွှန်းခွဲထားတယ် ဆိုကတည်းက ငြိမ်းမင်း လက်ချက်မ ဟုတ်ရင် ဘယ်သူဖြစ်နိုင်ဦးမလဲ။ မဟုတ်ဘူးလား။ :D နောင် ၁၀ နှစ်လောက်ကြာလို့ မြန်မာ့ သမိုင်းစာအုပ်ကို ပြန်ဖတ်တဲ့အခါ ၂၀၁၃ ၀န်းကျင်နှစ်တွေအကြောင်း အများကြီး ဖတ်စရာမ လိုဘူး။ ၃-၄ ကြောင်းလောက်ဆို ရပြီ။
ဘာသာရေး၊ လူမျိုးရေး ပြဿနာများဖြင့် မြန်မာတစ်နိုင်ငံလုံး မီးခိုးနံ့မွှန်သည်၊ လူသေသည်၊ ဒဏ်ရာရသည်၊ အိုးမဲ့အိမ်မဲ့ ဖြစ်ကြရသည်။ မြန်မာနိုင်ငံသားအများစု ကိုယ့်အိမ်မှာကိုယ် မနေကြ။ လမ်းပေါ်ထွက်၍လမ်းလျှောက်ကြသည်၊ငုတ်တုတ်ထိုင်ကြသည်၊ပစ္စည်းအစုံအလင်ဖြင့်ညအိပ်ညနေ စုဝေးကြသည်၊ လယ်ကွင်းထဲတွင် ဆိုင်းဘုတ်ထောင်၍ သွားအိပ်ကြသည်။ တစ်ချိန်က အမျှဝေသံ၊ ကြေးစည်သံတို့ဖြင့် စီစီညံခဲ့သော နိုင်ငံသည် ကြွေးကြော်သံ၊ ဒေါသသံ၊ တက်ခေါက်သံ တို့ဖြင့် အပူလျှံခဲ့ရလေသည်။

(ခ)
ရခိုင်အရေး အစီရင်ခံစာနှင့် ပတ်သက်၍ ဟိုကဒီက ပြောကြဆိုကြတာကို ကြားရဖတ်ရတော့ နတ် ရွှေ အိုး ဇာတ်ကားကို သွားသတိရမိသည်။ ကြည့်ဖူးသူတို့ အမှတ်ရကြမည်ထင်သည်။ စိုးမြတ်သူ ဇာက ကလေးအမြွှာပူးတွေ မွေးရင်းနဲ့ ဘာမှမဖြစ်သလို တစ်ခုပြီးတစ်ခု စားသောက်နေသည်။ ရန်အောင်က မဆီမဆိုင် ကလေးတစ်ခါမွေးတိုင်း တစ်ခါဆိုသလို အလူးလူး အလိမ့်လိမ့်နဲ့ နာကျင် အော်ဟစ်နေတဲ့ ဇာတ်ဝင်ခန်းဖြစ်သည်။ အခုလည်း တကယ်မွေးပြီး နာရမှာကတစ်ယောက်၊ ပါး စပ်ကအသံကျယ်ဟစ်ပြီးမနေထိုင်လောက်အောင် နာပြနေသူက တစ်ယောက်ဖြစ်နေသည်။ အခြား သူတွေအတွက်တော့မည်သို့ရှိသည်မသိ။ကျွန်တော်ကိုဉာဏ်ကတော့ရယ်လိုက်ရတာမှ ဟက်ဟက်ပ က်ပက်။
 
 သမ္မတကြီး ဦးသိန်းစိန် အမေရိကန်ပြည်ထောင်စုကို သွားမယ်တဲ့။ နိုင်ငံ့ခေါင်းဆောင်တစ်ဦး အခြားနိုင်ငံတစ်ခုကို ချစ်ကြည်ရေးခရီးသွားတာ ဘာမျှအထူးအဆန်းလုပ်ပြီး ပြောရမယ့်ကိစ္စ မဟုတ်ဘူး။ အင်းပေါ့လေ... တစ်ချိန်က သွားလေ့မရှိခဲ့တဲ့နိုင်ငံ၊ သွားခွင့်လည်း မရှိခဲ့တဲ့နိုင်ငံကို အခုလို သွားမယ်ဆိုတော့လည်း သတင်းလုပ်ချင်သပဆို လုပ်ကြပေါ့လေ။ သို့သော်... ဦးသိန်းစိန် သူ့ဟာသူ အမေရိကန်သွားမယ့်ကိစ္စကို မဆီမဆိုင် ဟိုလူနဲ့နှိုင်း၊ ဒီလူနဲ့နှိုင်း၊ ဟိုနိုင်ငံကိုစိုးရိမ်သလို၊ ဒီနိုင်ငံက မကျေနပ်သလို ရေးသားပြောဆိုနေကြတာတွေကိုတော့ အံ့သြမိတယ်ဗျ။ မဟုတ်တမ်းတရားတွေ မတွေး၊ မရေး၊ မပြော၊ မဆိုကြဖို့ တောင်းပန်လိုက်ပါရစေ။

No comments:

Post a Comment