Wednesday, May 8, 2013

နိုင်ငံတစ်ဝှမ်း တပ်ဆင်ထားတဲ့ ကြိုးဖုန်းတွေကနေ ပြည်ပ ခေါ်ဆိုခ နှုန်းထားတွေကို လက်ရှိသတ်မှတ်ကောက်ခံနေတဲ့ နှုန်းထားထက် လျော့ချလိုက်

နိုင်ငံတစ်ဝှမ်း တပ်ဆင်ထားတဲ့ ကြိုးဖုန်းတွေကနေ ပြည်ပ ခေါ်ဆိုခနှုန်းထားတွေကို လက်ရှိ သတ် မှတ်ကောက်ခံနေတဲ့ နှုန်းထားထက်လျော့ချလိုက်ကြောင်း မြန်မာ့ဆက်သွယ်ရေးက ထုတ်ပြန်ပါ တယ်။အိမ်နီးချင်း အာစီယံ၊ တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေဆီ ခေါ်ဆိုခကို အရင် တစ်မိနစ် ၁ ဒသမ ၆ ဒေါ်လာနှုန်းကနေ အခု ၁ ဒသမ ၂ ဒေါ်လာပြောင်းလဲသတ်မှတ်ပါတယ်။ အမြင့်ဆုံးနှုန်းထားအဖြစ် အရင် က သြစတြေးလျ၊ အမေရိကန် ကို တစ်မိနစ် ၄ ဒေါ်လာကျော် ကောက်ခံနေရာကနေ အခု ၂ ဒသမ ၄ ဒေါ်လာပြောင်းလဲ သတ်မှတ်လိုက်တာ တွေ့ရပါတယ်။

မြန်မာ့ဆက်သွယ်ရေးဟာ တပ်ဆင်ထားပြီးဖြစ်တဲ့ ကြိုးဖုန်းတွေ ကနေ ပြည်ပ ခေါ်ဆိုခ ဈေးနှုန်း ကြီးမြင့် လွန်းတာကြောင့် ခေါ်ဆိုအသုံးပြုသူမရှိပဲ ၀င်ငွေအလွန်နည်းနေတယ်လို့ ဆက်သွယ်ရေးရုံးတာဝန်ရှိသူ တစ်ယောက်ကပြောပါတယ်။ ပြည်သူတွေကတော့ ဈေးပေါတဲ့ အင်တာနက်ဆိုင်တွေကနေနိုင်ငံခြားခေါ်နိုင် တဲ့ ဖုန်းတွေကို အများဆုံး အသုံးပြုနေကြပါတယ်။

DVB TV News

No comments:

Post a Comment