Wednesday, May 8, 2013

ရှမ်းပြည်နယ်ရောက် (၈၈)မျိုးဆက် ကျောင်းသားများအဖွဲ့ကို ကန့်ကွက်ဆန္ဒပြခဲ့...

Photo: ရှမ်းပြည်နယ်ရောက် (၈၈)မျိုးဆက် ကျောင်းသားများအဖွဲ့ကို
ကန့်ကွက်ဆန္ဒပြခဲ့...
Wednesday,May08,2013

ရှမ်းပြည်နယ် မြောက်ပိုင်းတစ်ခွင် လူထုစည်းရုံးရေးအတွက် ရောက်ရှိသည့်
(၈၈)မျိုးဆက် ကျောင်းသားများအဖွဲ့ကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ၊
ဟိုပန်မြို့နယ်မှ ဒေသခံ တိုင်းရင်းသား (၂၀၀၀)ကျော်ခန့်က မေလ
(၇)ရက်နေ့၊ နံနက် (၁၀)နာရီအချိန်က ဟိုပန်မြို့အဝင် ဖောင်ဆိပ်တံတားမှ
အလိုမရှိ ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း
သိရသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းကို ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့
အစည်း ခရီးစဉ်အနေဖြင့် ရောက်ရှိသော ဦးမင်းကိုနိုင် ဦးဆောင်သည့် (၈၈)မျိုးဆက် ကျောင်းသားများအဖွဲ့သည် မေလ (၇)ရက်နေ့က လားရှိုးမြို့
မှ ဟိုပန်မြို့ကို ထွက်ခွာလာရာ ၎င်းအဖွဲ့ ဟိုပန်မြို့ခံများက ဟိုပင်မြို့အဝင်
ဖောင်ဆိပ်တံတားမှ ဒေသခံမဟုတ်သော လူတစ်စု၏ ဖိတ်ကြားချက်အရ
လာရောက်သည့် (၈၈)မျိုးဆက်သစ် ကျောင်းသားအဖွဲ့ကို "ဒေသခံပြည်သူ
လူထုမှ လက်မခံပါ၊ “ဝ”ဒေသဟာ ငြိမ်းချမ်းနေပါတယ်၊ ဒါကြောင့် (၈၈)
မျိုးဆက်ကျောင်းသား အလိုမရှိ "အစရှိသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး
ဆန္ဒပြခဲ့ကြကြောင်း သိရသည်။ 

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆန္ဒပြအဖွဲ့ခေါင်းဆောင် ကိုအောင်စိုးမင်းက “မင်းကိုနိုင်တို့ အဖွဲ့ဟာ ပြည်သူအတွက် အဓိကမထားဘဲ သူတို့နာမည်ရရှိရေး၊ ပြည်ပအထောက်အပံ့ရရှိရေးကိုပဲ ဦးစားပေးလုပ်နေတယ်။ အခု ဟိုပန်ကို လာတယ်ဆိုတာလည်း ဒေသအတွက် လာတာမဟုတ်ဘဲ သူတို့နာမည်ရရှိဖို့ ဟိုပန်ကို အသုံးချဖို့လာတာ ဖြစ်ပါတယ်။ ဒါကြောင့် ကန့်ကွက်ဆန္ဒပြရတာပါ” ဟု ပြောကြားသည်။ ဆန္ဒပြကန့်ကွက်မှုများကြောင့် လုံခြုံရေးအခြေအနေအရ
ဦးမင်းကိုနိုင်ဦးဆောင်သော (၈၈)မျိုးဆက် ကျောင်းသားအဖွဲ့သည်
ဟိုပန်ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။

SkyNet TV Browser
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ရှမ်းပြည်နယ် မြောက်ပိုင်းတစ်ခွင် လူထုစည်း ရုံးရေးအတွက်ရောက်ရှိသည့် (၈၈)မျိုးဆက် ကျောင်းသား များအဖွဲ့ကို“ဝ”ကိုယ်ပိုင်အုပ်ချုပ်
ပ်ခွင့် ရ၊ ဟိုပန်မြို့နယ်မှ ဒေသခံ တိုင်းရင်းသား (၂၀၀၀)ကျော် ခန့် က မေလ (၇)ရက်နေ့၊ နံနက် (၁၀) နာရီအချိန်ကဟိုပန်မြို့အဝင်
ဖောင်ဆိပ်တံ တားမှ အလိုမရှိ ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း
သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းကို ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ်အနေဖြင့် ရောက်ရှိ သော ဦးမင်းကိုနိုင် ဦးဆောင်သည့် (၈၈)မျိုးဆက် ကျောင်းသားများအဖွဲ့သည် မေလ(၇)ရက်နေ့က လားရှိုးမြို့မှ ဟိုပန်မြို့ကိုထွက်ခွာလာရာ ၎င်းအဖွဲ့ ဟိုပန်မြို့ခံများကဟိုပင်မြို့အဝင်ဖောင်ဆိပ် တံတားမှ ဒေသခံ မဟုတ်သော လူတစ်စု၏ ဖိတ်ကြားချက်အရလာရောက်သည့် (၈၈)မျိုးဆက်သစ် ကျောင်းသားအဖွဲ့ကို "ဒေသခံပြည်သူလူထုမှလက်မခံပါ၊ “ဝ”ဒေသဟာ ငြိမ်းချမ်းနေပါတယ်၊ ဒါ ကြောင့်  (၈၈)မျိုးဆက်ကျောင်းသား အလိုမရှိ "အစရှိသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီးဆန္ဒပြ ခဲ့ကြကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆန္ဒပြအဖွဲ့ခေါင်းဆောင် ကိုအောင်စိုးမင်းက “မင်းကိုနိုင်တို့ အဖွဲ့ဟာ ပြည်သူ အတွက် အဓိကမထားဘဲ သူတို့နာမည်ရရှိရေး၊ ပြည်ပအထောက်အပံ့ရရှိရေးကိုပဲ ဦးစားပေးလုပ်နေတယ်။ အခု ဟိုပန်ကို လာတယ်ဆိုတာလည်း ဒေသအတွက် လာတာမဟုတ်ဘဲ သူတို့နာမည် ရရှိဖို့ ဟိုပန်ကို အသုံး ချဖို့လာတာ ဖြစ်ပါတယ်။ ဒါကြောင့်ကန့်ကွက်ဆန္ဒပြရတာပါ” ဟု ပြောကြားသည်။ ဆန္ဒပြ ကန့်ကွက်မှုများကြောင့် လုံခြုံရေးအခြေအနေအရဦးမင်းကိုနိုင်ဦးဆောင်သော (၈၈) မျိုးဆက် ကျောင်းသား အဖွဲ့သည်ဟိုပန်ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။

SkyNet TV Browser

No comments:

Post a Comment