Saturday, May 4, 2013

အသက်သေဆုံးနိုင်သောကြောင့် သွေးပေါင်ချိန် ပုံမှန်စစ်ဆေးရန်လို

Photo: အသက်သေဆုံးနိုင်သောကြောင့် သွေးပေါင်ချိန် ပုံမှန်စစ်ဆေးရန်လို
Saturday, May 4, 2013 

ရောဂါလက္ခဏာမပြသည့် သွေးတိုးရောဂါဖြစ်ပွားပါက  အသက်ဆုံးရှုံး
သည်အထိဖြစ်ပွားနိုင်သောကြောင့် သွေးပေါင်ချိန်ပုံမှန် စစ်ဆေးသင့်ကြောင်း
ကျန်းမာရေးပညာရှင်များထံက သိရှိရသည်။

“လူတော်တော်များများက သွေးတိုးရှိမှန်းကို မသိကြဘူး၊ လူတွေက
တစ်ခုခုဖြစ်ခါမှ ဆေးခန်း၊ဆေးရုံတွေကို ရောက်လာကြတယ်၊ အဲဒီအချိန်ကျတော့
လူတွေရဲ့အခြေအနေတွေက အရမ်းဆိုးနေပြီ၊ မဖြစ်သင့်တာတွေ ဖြစ်လာတယ်။ အဲဒီတော့
ပြည်သူတွေအနေနဲ့ ပုံမှန်သွေးပေါင်ချိန်တိုင်းတာမှုကို ပြုလုပ်သင့်တယ်”ဟု
နှလုံး သွေးကြောရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာ နွေးနွေးအောင်က
အကြံပြုပြောဆိုသည်။

ကမ္ဘာ့လူဦးရေ၏ ၃၆ ရာခိုင်နှုန်းထဲမှာ အသက် ၂၅နှစ်အထက်
သွေးတိုးရောဂါခံစားနေရသူများသည် ရောဂါလက္ခဏာမပြသည့် အတွက်
ရောဂါဖြစ်ပွားနေမှုကို မသိရှိနိုင်ကြောင်း၊ သွေးပေါင်ချိန် ၁၄၀/၉၀
နှင့်အထက်ရှိလျှင် သွေးတိုးသည်ဟု  သတ်မှတ်ကြောင်း ဒေါက်တာ နွေးနွေးအောင်က
ဆက်လက်ပြောဆိုသည်။

သွေးတိုးရောဂါမှတဆင့် နောက်ဆက်တွဲ ရောဂါဆိုးများဖြစ်သော လေဖြတ်ခြင်း၊
နှလုံးရောဂါ၊ မျက်စိကွယ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းနှင့်
အခြားရောဂါများလည်း ဖြစ်ပွားနိုင်ကြောင်း ဆရာဝန်များ၏ ပြောပြချက် အရသိရှိ
ရသည်။

ကျန်းမာရေးအနေဖြင့် သွေးပေါင်ချိန်ပုံမှန် စစ်ဆေးသင့်ပြီး
သွေးပေါင်ချိန်ကိရိယာအသုံးပြုရာတွင် ဆေးခန်း အများစုတွင်
သုံးစွဲလျက်ရှိသော Aneroid Type ( ဒိုင်ခွက်နှင့်
သွေးပေါင်ချိန်ကိရိယာ)သည် သွေးပေါင်ချိန် ဖော်ပြမှု ရံဖန်ရံခါတွင်
မှားယွင်းတက်ခြင်းကြောင့် ဂရုပြုသင့်ကြောင်း သိရှိရသည်။
သွေးပေါင်ချိန်စစ်ဆေးရာတွင် ဆိတ်ငြိမ်သည့် နေရာတွင် ၅မိနစ်ခန့်
အနားယူခြင်း၊ တင်းကျင်သော အ၀တ် အစားများအား ဖြေလျော့ထားသင့်ကြောင်း၊
လက်မောင်းနှင့် နှလုံးတို့ကို တစ်ပြေးညီအနေအထားအတိုင်း ထားရှိကာ
စစ်ဆေးသင့်ကြောင်း သိရှိရသည်။

"သွေးတိုးရောဂါဆို ဆီးဆေးတိုက်/သောက်တာမျိုးတွေရှိတယ်။ တစ်ယောက်နဲ့
တစ်ယောက် ဇီဝဖွဲ့စည်းပုံ ဆေးတုန့်ပြန်မှုတွေမတူကြတော့ သက်ဆိုင်ရာ
ဆရာဝန်တွေနဲ့ တိုင်ပင်စမ်းသပ်ကုသသင့်တယ်။ သွေးတိုး ရောဂါက
ကြောက်ဖို့လည်းကောင်းတယ်။ အခြားရောဂါကြီးတွေကိုလည်း ဖြစ်ပွားနိုင်တယ်"ဟု
အထွေထွေ ရောဂါ ကုဆရာဝန်ကြီး ဒေါက်တာခင်မောင်လွင်က ပြောသည်။

ကမ္ဘာ့ကျန်းမာရေးနေ့ကို ဧပြီ (၇)ရက်ကို သတ်မှတ်ထားပြီး ၂၀၁၃ခုနှစ်၊ ဧပြီလ
(၇)ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့ သော ကမ္ဘာ့ကျန်းမာရေးနေ့ ဆောင်ပုဒ်မှာ
သွေးမတိုးအောင် သတိဆောင် ကိုယ်လက်လှုပ်ရှား မျှအောင်စား (Blood Pressure
Take Control) ဟူ၍ဖြစ်ပြီး ဆောင်ပုဒ် အတိုင်း ကိုယ်လက်လှုပ်ရှားမှု နှင့်
အစားအသောက် မျှတအောင် စားခြင်းဖြင့် သွေးတိုးရောဂါကို
ထိန်းသိမ်းနိုင်ကြောင်း ဆရာဝန်များက ပြောဆိုခဲ့သည်။

လွင်ထူးကို(မြစ်မခ)
by Myit Makha Mediagroup on 4 May, 2013

http://www.myitmakhamediagroup.com/detail.php?newid=4530

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online Newsကို like လုပ်ထားပါ
ရောဂါလက္ခဏာမပြသည့်သွေးတိုးရောဂါဖြ
စ်ပွား ပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်ပွားနိုင် သောကြောင့်သွေးပေါင်ချိန်ပုံမှန်စစ်ဆေးသင်  
့ကြောင်း ကျန်းမာရေးပညာရှင်များထံက သိရှိ ရ သည်။“လူတော်တော်များများက သွေးတိုး ရှိမှန်းကို မသိကြဘူး၊ လူတွေက တစ်ခုခုဖြစ်ခါမှ ဆေးခန်း၊  ဆေးရုံတွေ ကို ရောက်လာကြတယ်၊ အဲဒီအချိန်ကျတော့ လူတွေရဲ့အခြေအနေတွေ က အရမ်းဆိုးနေပြီ၊ မဖြစ်သင့်တာတွေ ဖြစ်လာ တယ်။ အဲဒီတော့ ပြည်သူတွေအနေနဲ့ ပုံမှန်သွေး ပေါင်ချိန်တိုင်းတာမှု ကို ပြုလုပ် သင့်တယ်”ဟု နှလုံး သွေးကြောရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာ နွေးနွေးအောင်က အကြံပြုပြောဆို သည်။
ကမ္ဘာ့လူဦးရေ၏ ၃၆ ရာခိုင်နှုန်းထဲမှာ အသက် ၂၅နှစ်အထက် သွေးတိုးရောဂါ ခံစားနေရသူ များ သည် ရော ဂါလက္ခဏာမပြသည့် အတွက် ရောဂါဖြစ်ပွားနေမှုကို မသိရှိနိုင်ကြောင်း၊ သွေးပေါင်ချိန် ၁၄၀/၉၀ နှင့်အထက်ရှိလျှင် သွေးတိုးသည်ဟု သတ်မှတ်ကြောင်း ဒေါက်တာ နွေးနွေအောင် က ဆက်လက်ပြောဆိုသည်။
သွေးတိုးရောဂါမှတဆင့် နောက်ဆက်တွဲ ရောဂါဆိုးများဖြစ်သော လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ မျက်စိ ကွယ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများလည်း ဖြစ်ပွားနိုင်ကြောင်း ဆရာဝန်များ၏ ပြောပြ ချက် အရသိရှိ ရသည်။

ကျန်းမာရေးအနေဖြင့် သွေးပေါင်ချိန်ပုံမှန် စစ်ဆေးသင့်ပြီး သွေးပေါင်ချိန်ကိရိယာအသုံးပြုရာတွင် ဆေးခန်း အများစုတွင် သုံးစွဲလျက်ရှိသော Aneroid Type ( ဒိုင်ခွက်နှင့် သွေးပေါင်ချိန်ကိရိယာ) သည် သွေးပေါင် ချိန် ဖော်ပြမှု ရံဖန်ရံခါတွင် မှားယွင်းတက်ခြင်းကြောင့် ဂရုပြုသင့်ကြောင်း သိရှိရသည်။ သွေးပေါင် ချိန်စစ်ဆေးရာတွင် ဆိတ်ငြိမ်သည့် နေရာတွင် ၅မိနစ်ခန့် အနားယူခြင်း၊ တင်းကျင်သော အ၀တ် အစားများအား ဖြေလျော့ထားသင့်ကြောင်း၊ လက်မောင်းနှင့် နှလုံးတို့ကို တစ်ပြေးညီအနေအထားအတိုင်း ထားရှိကာ စစ်ဆေးသင့်ကြောင်း သိရှိရသည်။

"သွေးတိုးရောဂါဆို ဆီးဆေးတိုက်/သောက်တာမျိုးတွေရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဇီဝဖွဲ့စည်း ပုံ ဆေးတုန့်ပြန်မှုတွေမတူကြတော့ သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ တိုင်ပင်စမ်းသပ်ကုသ သင့်တယ်။ သွေးတိုး ရောဂါက ကြောက်ဖို့လည်းကောင်းတယ်။ အခြားရောဂါကြီးတွေ ကိုလည်း ဖြစ်ပွားနိုင်တယ်"ဟု အထွေထွေ ရောဂါ ကုဆရာဝန်ကြီး ဒေါက်တာခင်မောင်လွင်က ပြောသည်။

ကမ္ဘာ့ကျန်းမာရေးနေ့ကို ဧပြီ (၇)ရက်ကို သတ်မှတ်ထားပြီး ၂၀၁၃ခုနှစ်၊ ဧပြီလ (၇)ရက်နေ့ တွင် ပြုလုပ်ကျင်းပခဲ့ သော ကမ္ဘာ့ကျန်းမာရေးနေ့ ဆောင်ပုဒ်မှာ သွေးမတိုးအောင် သတိဆောင် ကိုယ်လက်လှုပ်ရှား မျှအောင်စား (Blood Pressure Take Control) ဟူ၍ဖြစ်ပြီး ဆောင်ပုဒ် အတိုင်း ကိုယ်လက်လှုပ်ရှားမှု နှင့် အစားအသောက်မျှတအောင်စားခြင်းဖြင့် သွေးတိုးရောဂါကို ထိန်းသိမ်းနိုင်ကြောင်း ဆရာဝန်များက ပြောဆိုခဲ့သည်။

လွင်ထူးကို(မြစ်မခ)

No comments:

Post a Comment