Friday, February 20, 2015

NNER ၏ ပြင်ဆင်ချက် လက်မခံရန် လွှတ်တော်သို့ အမျိုးသားရေး အင်အားစုများ တောင်းဆိုမည်



 လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် NNER က တင်ပြခဲ့ပြီး လွှတ်တော်သို့ တင်သွင်းထားသည့် အမျိုးသား ပညာရေးဥပဒေပြင်ဆင်ချက်များကို လက်မခံရန် လွှတ်တော်သို့ အမျိုးသားရေး အင်အားစုများ က တောင်း ဆိုသွားမည် ဖြစ်ကြောင်း သိရှိရသည်။
`ဒီဥပဒေပြင်ဆင်ချက်တွေ ကြည့်လိုက်တော့ ကွန်မြူနစ်အားပေး ဥပဒေ ဖြစ်နေတယ်။ ဒါတွေကို ကျွန်တော်တို့ လက်ခံလို့ မရဘူး။ ဒါကြီးကိုသာ လက်ခံလိုက်ရင် အကုန်လုံး ကွန်မြူနစ် ပညာရေး စနစ် ဖြစ်သွားမယ်။ ကျွန်တော်တို့ ပါတီအနေနဲ့ လွှတ်တော်ကို တင်ပြသွားမှာပါ။ ပြည်သူလူထု သိအောင်လည်း ကြေညာချက် ထုတ်ပြန်သွားမှာပါ။ နောက် အရေးကြီးဆုံးအချက်က အာရဗီကျောင်းတွေ ဖွင့်ချင်တိုင်း ဖွင့်လို့ရအောင် လုပ်ထားတာတွေ ပါနေတယ်။ ဒါကိုတော့ မဘသ ဆရာတော်ကြီးတွေဆီ တင်ပြပြီး ဆရာတော်ကြီးတွေရဲ့ မိန့်မှာချက်နဲ့ ဆောင်ရွက် သွား မှာပါ။ ကျောင်းသားတွေထဲမှာ ကွန်မြူနစ်တွေ လွှမ်းမိုးနေတာကိုလည်း ထောက်ပြသွားမှာပါ´ ဟု မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
`ထေရ်ဝါဗုဒ္ဓတက္ကသိုလ်၊ သီတဂူဗုဒ္ဓတက္ကသိုလ်များကိုလည်း သမဂ္ဂများက သင်ရိုးကအစ ထိန်းချုပ် မယ့် သဘောတရားတွေ ထည့်ထားတယ်။ ဒါကိုလည်း ဆရာတော်ကြီးတွေ သိအောင် ရှင်းပြသွား မှာပါ´ဟု၎င်းက ပြောကြားသည်။သတင်းစာတွင် ဖော်ပြထားချက်အရ ဒေါက်တာသိန်းလွင်၊   ဒေါ်ညိုညိုသင်းနှင့် ဦးအောင်မှိုင်းဆန်းတို့ သုံးဦးသာ လက်မှတ်ရေးထိုး တင်သွင်းခြင်း ဖြစ်ပြီး အစိုးရကိုယ်စားလှယ်နှင့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များ လက်မှတ်ရေးထိုးထားခြင်း မရှိကြောင်း၊ အဆိုပါအချက်ကို သတင်းစာတွင် ဖော်ပြထားသည်မှာလည်း အဓိပ္ပါယ်များစွာ ရှိနိုင်ကြောင်း ၄င်းက ဖြည့်စွက်ပြောကြားသည်။
`အခုတော့ လေ့လာနေဆဲ လို့ပဲ ပြောရမှာပါ။ ကျန်တဲ့ ဒကာတွေ၊ သံဃာတွေက အသိပေးလာ တာတွေက ဒီဥပဒေမှာ အန္တရာယ်ကြီးတာတွေ ပါနေတယ် ဆိုတာပါပဲ။ မဘသ မှာ ဥပဒေ အထောက် အကူပြု အဖွဲ့က ဥပဒေပညာရှင်တွေ ရှိပါတယ်။ သူတို့လည်း လေ့လာနေပါတယ်။ ပြီးရင်တော့ မဘသ ဗဟို အစည်းအဝေးမှာ ဆွေးနွေးကြမှာပါ´ ဟုမဘသဗဟိုမှသံဃာတော်တစ်ပါးကမိန့်သည်။ ကျောင်းသားများဘာမှသိပုံမရကြောင်း၊ ပြည်သူ တစ်ရပ်လုံးက စိုးရိမ်နေကြသည့်အတွက် အင်းစိန်တောရ ဆရာတော်ကြီးကိုယ်တိုင် အထူးသတိထား လေ့လာရန် မှာကြားထားကြောင်းလည်း မိန့်ကြားသည်။ အမျိုးသားပညာရေး ဥပဒေပြင်ဆင်သည့် ဥပဒေမူကြမ်းကို သတင်းစာများတွင် ဖော်ပြထားပြီး မူလဥပဒေနှင့် နှိုင်းယှဉ်ချက်များကိုပါ ဖော်ပြထားသဖြင့် လေ့လာရလွယ်ကူသွားပြီ ဖြစ်သ
ည်။


 

No comments:

Post a Comment