Friday, February 20, 2015

လောက်ကိုင်က ပြောသော စကားများ

ယခု လောက်ကိုင်တိုက်ပွဲမှာ စစ်တပ်က အမြတ်ထွက်သွားတယ် ဒီလိုပြောလိုက်ရင် တမျိုးမြင်သွားမယ် ဟုတ်ကဲ့ ရှင်းပြချင်ပါတယ် ။

၁။ တပ်မတော် ကို ဘယ်ပြည်သူ မှ မထောက် ခံဘူးပြောတဲ့ ပါးစပ်တွေ ပိတ်သွားတယ် ။လက်ရှိ အချိန်မှာ ရဲရဲတောက်နေတဲ့ profile တွေကြားမှာ စစ်သားတွေ ပါသလို စစ်တပ်နဲ့ လုံးဝ မပတ်သတ်တဲ့ ပြည်သူတွေ အများအပြားဆိုတာ လူတိုင်းသိနေကြတယ် ။တချိန်က စစ်တပ်အပေါ် မကောင်းမြင် အောင်
သွေးထိုးမရနိုင်တော့ဘူး။

၂။ လမ်းပေါ်ထွက်အော်နေတဲ့သူနဲ့ တကယ် စစ်တိုက်နေရတဲ့ စစ်သားတွေ ဘယ်သူက

သူရဲကောင်း ပိုဆန်သလဲ သိသွားကြတယ် ။ကျဆုံးတပ်မတော်သားတွေ ရဲ့ နောက်ဆုံးရတဲ့ ဆုလဒ် က သင်နဲ့ တပ်မတော် လုံးဝ မသက်ဆိုင်တော့ ပါဆိုတဲ့ အမိန့်ပြန်တမ်း တစ်ခုပဲ ။ဒါပေမယ့် မဆို သလောက်လစာလေးနဲ့ အသက်ကို ပေးလှူနေကြတယ် ။

၃။ အရေးကြီးတဲ့ အချိန်မှာတောင် စစ်သတင်းထက် မဟုတ်တဲ့ သတင်းတွေ ကို ဦးစားပေးဖေါ်ပြနေ တဲ့ မီဒီယာတွေ အကြောင်း သိသွားတယ်။မီဒီယာဆိုတာ ပြည်သူတွေအတွက် သိသင့်တဲ့ သတင်းကို တင်တာ မဟုတ်ပဲ ပုဂ္ဂိုလ်ရေးမုန်းတီးမှုတွေ ငွေရပြီးရော တင်တဲ့ သတင်းတွေ အပေါ် သံသယ ဖြစ်လာကြတယ် ။

၎။ လူထု က လက်တလော အရေးကြီးနေချိန်မှာ သွေးမစည်းခဲ့တဲ့ ပါတီ တစ်ချို့ ရဲ့ လုပ်ရပ်ကြောင့် သူတို့ ရဲ့ ရပ်တည်မှု ကို ပြန်သုံးသပ်ပြီးစဉ်းစားလာကြတယ် ။ကျနော်တတ်ခဲ့တဲ့ တက္ကသိုလ် မှာ ကျောင်းသားနှစ်ဖွဲ့ကွဲသွားတယ် ။တပ်မတော် ကို ထောက်ခံတဲ့ သူတစ်ချို့နဲ့ ကျောင်းသား သပိတ် ကို ထောက်ခံသူတစ်ချို့ ။ဆန်ကျင်ဘက်မှာ ရပ်နေတာ မဟုတ်ပေမယ့် ဘယ်ဘက်က ရပ် တည်သင့်လဲ ဆိုတာ ကို သေချာ သုံးသပ်လာကြတယ် ။

၅။ အရေးကြီးလာချိန် အသက်နဲ့ အလောင်းအစားပြုနေရတဲ့ အချိန်မှာတောင် လှောင်ပြောင်နေတဲ့ လူတစ်ချို့ ကို အထင်သေးလာကြတယ် ။သူပုန်တွေသေချိန်မှာ ဝမ်းနည့်းပြပြီး တပ်မတော် သားတွေ သေချိန်မှာ တိတ်ဆိတ်နေတဲ့ ပါးစပ်တွေ လှောင်ပြောင်နေတဲ့ ပါးစပ်တွေကို စက်ဆုပ် လာကြတယ် ။


၆။နိုင်ငံတစ်နိုင်ငံမှာ စစ်အင်အားဘယ်လောက် အရေးပါလဲ ပြည်သူတွေ သိလာကြ တယ် ။အရေးကြုံလာရင် ဘယ်သူက တိုင်းပြည်ကို ကယ်တင်လဲ သဘောပေါက်လာကြတယ် ။ကျဆုံးသွားတဲ့ တပ်မတော်သားတွေ အတွက် စိတ်မကောင်းဖြစ်မိပေမယ့် ရသွားတဲ့ အကျိုးအမြတ် အတွက်တော့ ကျေနပ်မိတယ် ။ကဲ စစ်တပ်ကို ပြည်သူ တိုင်းမချစ်ပါဘူးစစ်တပ်ဆိုတာ တိုင်းပြည်အတွက်မရှိသင့်ပါဘူး။စစ်တပ်မလိုဘူးလို့ ဘယ်သူပြောဝံ့သးလဲ???

No comments:

Post a Comment